By 7daydaily, Shweproperty.com
Updated at 9 February 2017
အခန်းသုံးခန်းမှ ၁၇ ခန်း အတွင်းရှိ ကန်ထရိုက်တိုက်ခန်း များအနေဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော် ပိုရေးရှင်းသို့ ထရန်စဖော်မာတပ် ဆင်ခ တစ်ခန်းလျှင် ကျပ်ငါးသိန်း ခွဲ ပေးသွင်းရတော့မည် ဖြစ် ကြောင်း သတင်းရရှိသည်။
လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၃၀ ကျော်ပါက ကန်ထရိုက်တိုက် ခန်းများအနေဖြင့် ကိုယ်တိုင်တပ် ဆင်ရသောစနစ်ကို ပယ်ဖျက်ကာ ထရန်စဖော်မာကို လမ်းနှင့် ရပ်ကွက်များအလိုက် လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းက လိုအပ်ချက်ပေါ်မူတည်၍ ၎င်းတို့အစီအစဉ်ဖြင့် လိုက်လံတပ်ဆင် ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူ က ပြောသည်။
တပ်ဆင်ခအဖြစ် ကန်ထ ရိုက်တိုက်ခန်းများကို တစ်ခန်း လျှင် ကျပ်ငါးသိန်းခွဲကောက်ခံ မည်ဟု ဆိုသည်။
အိမ်သုံးမီတာ တပ်ဆင်ခြင်း လုပ်ငန်းအဆင့်ဆင့်တွင် ငွေပေး သွင်းပြီး ထရန်စဖော်မာတပ်ဆင် ခ ပေးသွင်းပြီးမှသာ လူနေထိုင်ခွင့် ရပြီဖြစ်သော တိုက်ခန်းများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေး မည်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒုတိယအင်ဂျင်နီယာချုပ်က ပြောသည်။
လူနေတိုက်ခန်းများ အစီအ စဉ်ပြီးပါက စီးပွားရေးလုပ်ငန်း များကိုလည်း ယခုကဲ့သို့ လုပ် ဆောင်ရန် အစီအစဉ်ရှိပြီး သုံးစွဲ မည့် လျှပ်စစ်ပမာဏကို ကြိုတင် ခွင့်ပြုချက်တောင်းခံခြင်းမျိုး ပြု လုပ်ရမည့် အစီအစဉ်များရှိသည် ဟုလည်း ၎င်းက ဆက်လက်ပြော သည်။ ယင်းအစီအစဉ်ကို ရန်ကုန်မြို့တော် စည်ပင်ကန်ထရိုက်တာ များ အသင်းနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ဆွေးနွေးဆုံးဖြတ်ပြီးမှသာ သတ်မှတ်ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
ထို့ကြောင့် ပုံမှန်မီတာ လျှောက်ထားစဉ် ကျပ်နှစ်သိန်းမှ သုံးသိန်းခန့် ကုန်ကျစရိတ်ရှိပြီး ယခုကဲ့သို့ ပုံစံပြောင်းလိုက်သော ကြောင့် ကန်ထရိုက်တိုက်ခန်းတစ် ခန်းလျှင် လျှပ်စစ်မီတာ လျှောက် ထားပါက စုစုပေါင်း ကျပ်ရှစ်သိန်းခန့် ကုန်ကျမည့်အနေအထားဖြစ် ကြောင်း မြမြင့်မိုရ်ဆောက်လုပ် ရေးလုပ်ငန်းရှင် ဦးထွေးမြင့်က သုံးသပ်သည်။
လျှပ်စစ်မီတာလျှောက်ထား ရာတွင် ကုန်ကျစရိတ်သည် မြေ ရှင်နှင့် ကန်ထရိုက်တို့ စာချုပ်ချုပ် ဆိုသည့်အပေါ်မူတည်ပြီး ကုန်ကျ စရိတ်ကျခံရခြင်းဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။
‘‘ကန်ထရိုက်တာ လက်ထဲ မှာ အခန်းကရှိနေသေးတယ်၊ မရောင်းရသေးဘူးဆိုရင်တော့ ကန်ထရိုက်တာက မီတာလျှောက် တဲ့ ကုန်ကျစရိတ်ကို သူခံရမှာ ပေါ့’’ဟု ၎င်းက ဆိုသည်။
တစ်ခန်းလျှင် ကျပ်ငါးသိန်းခွဲပေးသွင်းရန် ၂၀၁၆ ဒီဇင်ဘာက လူနေထိုင်ခွင့် ထုတ်ပေးသည့် ကန်ထရိုက်တိုက်အလုံးရေ ၄၀၀ ကျော် စတင်အကျုံးဝင်မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံ ဌာနမှ သိရသည်။ရန်ကုန်မြို့တွင် မူဝါဒအသစ် ဖြင့် ထရန်စဖော်မာကြေး ကျပ်ငါးသိန်းခွဲပေးသွင်းရမည့် တိုက်အလုံးရေသည် ဇန်နဝါရီ လကုန်အထိစာရင်းများအရ ၇၀၀ ကျော်ရှိကြောင်း အထက်ပါဌာနက ထုတ်ပြန်ထားသည်။
‘‘အရင်က ကျွန်တော်တို့ ကန်ထရိုက်တွေကို ကိုယ့်အစီအ စဉ်နဲ့ကိုယ် ထရန်စဖော်မာတပ်ရမယ်ဆိုပြီး ညွှန်ကြားတယ်။ အခု အစီအစဉ်ပြောင်းပြီး တစ်ခန်းကို ငါးသိန်းခွဲ ကောက်မယ်။ သူတို့အစီအစဉ်နဲ့ သူတို့လိုအပ်ချက်ကို ကြည့်ပြီး လုပ်ပေးမယ်ဆိုပြီး ညှိ နှိုင်းရင်းနဲ့ ဒီရလဒ်ထွက်လာတာ ပါ’’ဟု လိုင်စင်ရကန်ထရိုက်တာ များအသင်း အတွင်းရေးမှူး ကိုလားဆယ်က ပြောသည်။
ရန်ကုန်မြို့အတွက် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း၊ သွယ် တန်းခြင်းနှင့် ဖြန့်ဖြူးခြင်း စသည် ဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် Working Group များဖွဲ့စည်းကာ Master Plan ရေးဆွဲရန် စီစဉ်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ