By Myanmar Property Journal, Shweproperty.com
Updated at 13 August 2013
ရန်ကုန်မြို့တော်အတွင်းရှိ အထပ်မြင့် တိုက်ခန်းများ၌ နိုင်ငံတကာသုံး အမှိုက်ပြွန်စနစ် ထည့်သွင်း တည်ဆောက်ရန် စတင်သတ်မှတ်လိုက်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ’မှ သတင်း ရရှိသည်။
လက်ရှိတွင် ရန်ကုန်မြို့တော် အတွင်းရှိ လူနေတိုက်ခန်းများ၌ အမှိုက်များအား စည်းကမ်းမဲ့ စွန့်ပစ်သည်ကို တွေ့ရသောကြောင့် အမှိုက် သိမ်းဆည်းရာတွင် အခက်အခဲများ တွေ့ကြုံနေရကြောင်း၊ သို့ဖြစ်၍ နိုင်ငံတကာ နည်းတူ တိုက်ခန်းများရှိ စွန့်ပစ်အမှိုက်များအား အမှိုက်ပြွန် မှတစ်ဆင့် အဆောက်အအုံ၏စု ပေါင်းအမှိုက်ကန်အတွင်းသို့ စွန့်ပစ်သည့်စနစ်အား ပြောင်းလဲကျင့်သုံးရန် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံမှာရှိတဲ့ အထပ်မြင့်လူနေတိုက်ခန်းတွေမှာ အမှိုက် ပြွန်နဲ့ စွန့်ပစ်တဲ့စနစ်ကို သြဂုတ်လပိုင်းမှာ စတင်ဆောင်ရွက်မယ်၊ ဒီစနစ်က တိုက်ခန်းမီးဖိုချောင်ကနေ စွန့်ပစ်အမှိုက်ကို အမှိုက်ကန်ထဲ တိုက်ရိုက်ရောက်သွားအောင် ပြွန်စနစ်နဲ့ ပစ်ရမှာ ဖြစ်ပါတယ်၊ အခုက အထပ်မြင့် အဆောက်အအုံ ငါးခု လောက်ပဲ ပြွန်စနစ်အမှိုက်ပစ်တာကို သုံးသေးတယ်၊ ဒီလိုမျိုးကိုအထပ်မြင့် အဆောက်အအုံတိုင်း သုံးသွားနိုင် ရင် ပိုကောင်းမယ်”ဟု ‘ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန’မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ယခုအခါ အထပ်မြင့်အဆောက် အအုံတည်ဆောက်ပါက ပါဝင်မည့် လူနေတိုက်ခန်း အရေအတွက် အ လိုက် အမှိုက်ပြွန်စနစ်၊ မိလ္လာစနစ်၊ ရေသုံးစွဲမှုစနစ် စသည့် သတ်မှတ်ချက်များအား စီမံကိန်းရေးဆွဲ၍ တင်ပြရာ၌ ထည့်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း၊ ယင်းစနစ်အား ယခုကာလတွင် အသစ်ထပ်မံ တည်ဆောက်မည့် လူနေတိုက်ခန်း ပါဝင်သည့် အထပ်မြင့်အဆောက်အအုံများ၌ ထည့်သွင်း တည်ဆောက်ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ