By 7daydaily, Shweproperty.com
Updated at 6 October 2015
ရန်ကုန်မြို့ မြို့နယ်လေးခုရှိ စည်ပင်ပိုင်မြေများပေါ်တွင် ၁၂ နှစ်နှင့်အထက် ကျူးကျော်နေထိုင် သူများကို ဂရန်များထုတ်ပေးရန် စိစစ်နေကြောင်း သတင်းရရှိသည်။
သာကေတ၊ ဒေါပုံ၊ တောင် ဥက္ကလာပနှင့် မြောက်ဥက္ကလာပ မြို့နယ်များတွင် နေထိုင်သည့် ကျူးကျော်များကို ဂရန်ထုတ်ပေး မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီက စက်တင်ဘာ ၁၆ ရက်၌ ခေါ်ယူတွေ့ဆုံပြီး ဂရန်ထုတ်ပေး ရန်သတ်မှတ်ချက်နှင့်ညီသည့် ကျူးကျော်များကို စိစစ်ရန် ညွှန် ကြားထားကြောင်း သာကေတ မြို့နယ်စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ ဦးအောင်အောင်က ပြောသည်။
‘‘စည်ပင်ပိုင်မြေနေရာမှာ ကျူးကျော်ထားတာလည်း ဖြစ်ရ မယ်။ တခြားဌာနမြေတို့၊ ကျောင်း မြေ၊ သာသနာ့မြေတွေမှာ နေတဲ့ သူဆိုရင် ပေးလို့မရဘူး။ ၁၂ နှစ် အထက်နေတဲ့သူ ဟုတ်၊ မဟုတ်ကိုရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စစ်ဆေးမယ်။ ရေ၊ မီး လျှပ်စစ် စတဲ့ အခွန်တွေ ဆောင်ထားတဲ့ ပြေစာတွေ ကြည့်မယ်။ သန်းခေါင် စာရင်းရှိရင်တော့ ရဖို့ ပိုသေချာ တယ်’’ဟု ၎င်းက ပြောသည်။
တစ်နေရာတည်းတွင် အ နည်းဆုံး ၁၂ နှစ်နေထိုင်ခြင်း၊ ပုဂ္ဂ လိကပိုင်နှင့် စည်ပင်မဟုတ်သည့် အခြားဌာနပိုင်မြေတွင် ကျူးကျော် မှုမဟုတ်ခြင်း၊ လမ်းအကျယ် အ နည်းဆုံး ၈ ပေရှိသည့်နေရာဖြစ် ခြင်း၊ ဌာနတစ်ခုခုကို အခွန်ဆောင် ထားသည့် အထောက်အထားရှိ ခြင်း စသည့်အချက် ၁၉ ချက်နှင့် ကိုက်ညီမှုရှိ၊ မရှိ မြို့နယ်အုပ်ချုပ် ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်စည်ပင်သာယာဌာန တို့ ပူးပေါင်းစိစစ်နေကြောင်း ဦး အောင်အောင်က ပြောသည်။
အထက်ပါ အချက်များနှင့် ကိုက်ညီသည့် ကျူးကျော်များစာ ရင်းကို မကြာမီ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ကော်မတီက လာမည့်နိုဝင်ဘာလလယ်တွင် ဂရန် ထုတ်ပေးရန် စီစဉ်ထားကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် စည်ပင် သာယာရေးရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
နောက်ပိုင်းတွင် အခြားမြို့ နယ်များ၌လည်း သတ်မှတ်ချက် နှင့် ညီသည့် ကျူးကျော်များကို ဂရန်ထုတ်ပေးရန် ဆောင်ရွက် မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။
သို့သော် သတ်မှတ်ချက်များ နှင့်ကိုက်ညီသည့်ကျူးကျော်များ နည်းပါးနေပြီး သာကေတမြို့နယ် တစ်ခုလုံးတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျူးအိမ်ထောင်စု ၁၀၀ ကျော်သာရှိကြောင်း သိရသည်။ ဂရန်ထုတ်ပေးမည့်မြေကွက် အကျယ်အဝန်းမှာ အနည်းဆုံး ပေ ၂၀×၆၀ နှင့် ပေ ၄၀×၆၀ ဖြစ်ကြောင်း၊ အဆိုပါအကျယ်အဝန်း တွင် တစ်ဦးတည်းနေထိုင်နိုင်ခြင်း မရှိလျှင် ဘေးချင်းကပ်နှစ်ဦး၊ သုံး ဦး စုပေါင်း၍လည်း ဂရန်လျှောက်ထားနိုင်ကြောင်း ဦးအောင်အောင်က ပြောသည်။
နောက်ဆုံးခန့်မှန်းကောက် ယူထားသည့်အချက်အလက်အရ ရန်ကုန်မြို့တွင် ကျူးကျော်အိမ် ထောင်စုပေါင်း ငါးသောင်းခန့်ရှိ မည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ထုတ်ပြန်သည်။
Ref : 7daydaily
Posted By : Moe Thae'
Photo Credit : Natalie Keyssar
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ