By Myanmar Builders Guide, Shweproperty.com
Updated at 19 March 2019
ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီကနှစ်လအတွင်း ကုမ္ပဏီပေါင်း ၁၉ ခုကို လုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလက ဖွဲ့စည်းခဲ့တဲ့ ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီက ကုမ္ပဏီပေါင်း ၁၉ ခုကို လိုင်စင်ထုတ်ပေးခဲ့ခြင်းလည်းဖြစ်သည်။
စုပေါင်းပိုင်အဆောက်အအုံဥပဒေပေါ်ပေါက်ပြီးနောက် လိုအက်နေတဲ့ ကွန်ဒိုမီနီယံစီမံခန့်ခွဲရေးကော်မတီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကာ ကွန်ဒိုတည်ဆောက်မည့်သူများ၏ အရေအသွေးသတ်မှတ်ချက်များကိုစိစစ်ပြီး အဆိုပါကော်မတီက ခွင့်ပြုနေခြင်းလည်းဖြစ်ပါတယ်။
ခွင့်ပြုလိုက်တဲ့ အဆောက်အအုံတွေထဲမှာ နာမည်ကြီးဆောက်လုပ်ရေး ကုမ္ပဏီတွေရေအထပ်မြင့်စီမံကိန်းတွေပါဝင်လာပြီး ရန်ကုန်မြို့ရဲ့ အချက်အချာနေရာတွေမှာ တည်ဆောက်ခွင့်ရရှိသွားတာလည်းဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ(ကွန်ဒို) မှတ်ပုံတင်ရုံးကိုဖေဖော်ဝါရီလ ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူလုပ်ငန်းလိုင်စင် လျှောက်ထားလာသည့် ကုမ္ပဏီများမှာလည်း များပြားလာခဲ့ပါတယ်။
လက်ရှိမှာစုပေါင်းပိုင်အဆောက်အအုံဥပဒေထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ နည်းဥပဒေ ထွက်ပေါ်လာခြင်းမရှိသေးတာကြောင့် နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချမည့်သူများမှာ စောင့်ဆိုင်နေရခြင်းလည်းဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ