By Myanmar Builders Guide, Shweproperty.com
Updated at 19 February 2019
ဧရာဝတီမြစ်ရေတက်သော်လည်း ရေမရောက်နိုင်သည့် နှစ်ထပ်ဈေးသစ်ကြီးတစ်ခုကို မင်းဘူးမြို့ ဧရာဝတီမြစ်ကမ်းဘေး ဈေးဟောင်းကြီးနေရာတွင် ဈေးဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ဆောက်လုပ်ရန် စီစဉ်လျက်ရှိပြီး အပေါ်ထပ်တွင် ကားအစီးရေ ၇၂ စီးထားနိုင်သော ကားပါကင်၊ ဆိုင်ကယ်ရပ်နားကွင်း၊ ရေချိုးခန်းနှင့် သန့်စင်န်းများ ပါရှိမည်ဖြစ်ကြောင်း သိရပါသည်။
ဈေးနှုန်းနှင့်အထွေထွေလုပ်ငန်းများ တည်ဆောက်ရန် ငွေကျပ်သိန်းပေါင်း ၂၃,၃၂၅ သိန်းကုန်ကျမည်ဟု ခန့်မှန်းထားပြီး ဈေးတည်ဆောက်ရန် Drawing နှင့် အင်ဂျင်နီယာငှားရမ်းခြင်း၊ အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ် ၁,၁၄၅ သိန်း၊ ဈေးတည်ဆောက်ရေးအတွက် ငွေကျပ် ၂၂,၁၈၀ သိန်း အသုံးပြုမည်ဖြစ်ကြောင်း သိရပါသည်။
"ဈေးဆိုင်ခန်းတွေက ပေ ၂၀ နဲ့ ၁၅ ပေအကျယ် ရျီပါတယ်။ ကုန်စုံဆိုင် ၁၇၆ ခန်း၊ စားသောက်ဆိုင် ၂၂ ခန်း၊ ပျံကျ ၁၅၆ ခန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ပျံကျခန်းအတွက် ငွေကျပ် ၁၅ သိန်း၊ ကုန်စံဆိုင်အခန်းတွေက နေရာပေါ်မူတည်ပြီး ငွေကျပ်သိန်း ၁၀၀ ကနေ ၁၅၅ သိန်းအထိ၊ စားသောက်ဆိုင်ခန်းတွေကတော့ ထောင့်ခန်းငွေကျပ် ၁၆၅ သိန်း၊ ကြားခန်းငွေကျပ်သိန်း ၁၅၀ ရောင်းဈေးသတ်မှတ်ထားပါတယ်။ ဆိုင်ခန်းအားလုံးရောင်းရမယ်ဆိုရင် ငွေကျပ် ၂၇,၁၃၅ သိန်း ရရှိမှာဖြစ်ပြီးတော့ ဈေးတည်ဆောက်လို့ ပိုလျှံတဲ့ ငွေတွေကို ဈေးရန်ပုံငွေအဖြစ်ထားပါမယ်" ဟု ဈေးဖြစ်မြောက်ရေးကော်မတီဥက္ကဥက ပြောကြားထားပါသည်။
"ဈေးကော်မတီက တည်ဆောက်တာကို ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည်နဲ့ဖြစ်စေချင်ပါတယ်။ ငွေရေးကြေးရေးကိစ္စအားလုံးကိုလည်း ကြိုက်သလို စစ်ဆေးခံနိုင်ပါတယ်။ ဈေးဆိုင်ခန်းကြိုတင်ရောင်းချငွေကျပ်သိန်းပေါင်း ၄,၆၆၀ ကျော်ကို CB ဘဏ်မှာ အပ်နှံထားပါတယ်။ ကြိုက်တဲ့စာရင်းစစ်ဝင်စစ်နိုင်ပါတယ်။ ရက်တောင်းစရာမလိုပါဘူး။ ဒီနေ့ဝင်စစ်လို့ရပါတယ်။ ကိုယ့်မြို့ကို တိုးတက်စေချင်ပါတယ်။ ရေရှည်တည်တံ့မယ့်ဈေးကြီးဖြစ်စေချင်ပါတယ်" ဟု အမှတ်(၂)ဈေးဖြစ်မြောက်ရေးကော်မတီဥက္ကဥ ဦးမစ်ကီက ပြောပါသည်။
ဈေးတည်ဆောက်ရန် အချိန် ၁၃ လ တောင်းခံထားပြီး ဈေးလုံခြုံရေးအတွက် CCTV အလုံးရေ ၇၀ တပ်ဆင်မည်ဖြစ်ကြောင်း၊ မီးဘေးလုံခြုံရေးအတွက် ရေဂါလန် ၁၂,၀၀၀ ဆံ့ ကန်နှစ်ကန်ထားရှိပြီး မီးသတ်စက်များ ထည့်သွင်းရန် အစီအစဥရှိကြောင်း၊ အမှတ်(၂) ဈေးကြီးပြီးဆုံးပါက စည်ပင်သာယာရေးအဖွဲ့သို့ အခွန်ပြီးအခများ ၀င်လာမည်ဖြစ်ပြီး ကုန်တင်ကုန်ချအလုပ်သမားများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လိုင်ကိုင်သူများအတွက်လည်း အခွင့်အလမ်းများ ရရှလာမည်ဖြစ်ကြောင်း သိရပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ