By Myanmar Builders Guide, Shweproperty.com
Updated at 18 September 2019
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီက ဒဂုံမြို့သစ်မြောက်ပိုင်း U9 ပြည်သူ့အိမ်ရာစီမံကိန်းကို အဆိုပြုလွှာတင်သွင်ရက် တိုးမြှင့်လိုက်ကြောင်း ကြေညာထားသည်။
အဆိုပြုလွှာတင်သွင်းနိုင်ရန် တင်ဒါလျှောက်လွှာများအား ဩဂုတ်လ ၁၉ ရက်မှ ၃၀ ရက် အတွင်း ဝယ်ယူနိုင်ပြီး စက်တင်ဘာ ၁၇ ရက်နောက်ဆုံးထားပေးပိုရမည်ဖြစ်ကြောင်း သတ်မှတ်သော်လည်း အောက်တိုဘာ ၁ ရက်န့အထိ တိုးမြှင့်ကြောင်း တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီကဆိုသည်။
U9 ပြည်သူ့အိမ်ရာစီမံကိန်းနှင့် ပတ်သတ်၍ တင်ဒါလျှောက်လွှာဝယ်ယူထား သူများကို စက်တင်ဘာ ၁၆ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
မြေတန်ဖိုးမပါဘဲရောင်းချနိုင်မည့် ဒဂုံမြို့သစ်မြောက်ပိုင်း ဗိုလ်မင်းရောင်လမ်းပေါ်ရှိ မြေတိုင်းရပ်ကွက် အမှတ်(၄၈/U9) မြေ ၂၆ ဧကတွင် အကောင်အထည်ဖော်မည့် တန်ဖိုးနည်း၊တန်ဖိုးသင့် ပြည်သူ့အိမ်ရာစီမံကိန်းကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုပုံစံဖြင့် Yangon Metropolitan Development Public ကုမ္ပဏီကို ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ပေးထားသည်။
Ref & Photo Credti : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ