By Myanmar Builders Guide, Shweproperty.com
Updated at 16 December 2019
ခွင့်ပြုချက်မဲ့ဆောက်လုပ်ထားသည့် အဆောက်အအုံများကို စစ်ဆေးအရေးယူလျက်ရှိကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
ကော်မတီအနေဖြင့် အရေးယူမှုဆောင်ရွက်ရာတွင်အထပ်ကျော်လွန်ဆောက်လုပ်သည်များကို ခွင့်မပြုကြောင်း၊မြေပိုင်ဆိုင်မှု၊ အဆောက်အအုံပိုင်ဆိုင်မှုမခိုင်မာသည့်ပြဿနာများကို တရားဝင်ခိုင်မာမှုများရရှိစေရန်အတွက် ကြိုတင်ဆောက်လုပ်သည့်အဆောက်အအုံများကို သတ်မှတ်ထားသည့် ဒဏ်ကြေးပေးသွင်းစေပြီးဆက်လက် ခွင့်ပြုပေးကြောင်းသိရသည်။
တိုင်စာရှိ၍ လိုက်လံစစ်ဆေးရာတွင် မြေပိုင်ဆိုင်မှုမှန်ကန်ပါက ဒဏ်ကြေးပေးသွင်းကာ ဆက်လက်ခွင့်ပြုပေးကြောင်း၊ အဆောက်အအုံကို ဆောက်လုပ်ခွင့်တင်ပြီးမှသာဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ အကြောင်း ကြောင်းကြောင့် မတင်ဖြစ်ပါကသတ်မှတ်ထားသည့် ဒဏ်ကြေးပေးသွင်းစေကာ ဆက်လက်ခွင့်ပြုပေးနေကြောင်းလက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ဆောက်လုပ်ခွင့် တင်ပြလာပါက မြေပိုင်ဆိုင်မှုမှန်ကန်လျှင် တစ်ပတ်အတွင်း အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ