အိမ်ခြံမြေများကို အရပ်ကတိစာချုပ်ချုပ်ဆိုပြီး ဝယ်ယူခြင်းသည် ပြီးပြည့်စုံသောဝယ်ယူခြင်း မဟုတ်ပါ။တရားဝင်ဝယ်ယူခြင်း မမြောက်ပါ။
ထိုသို့ တရားဝင်ဝယ်ယူခြင်းမမြောက်သည့် အကြောင်းအရာ များမှာ -

( ၁) စာချုပ်သည် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်မဟုတ်ဘဲ အရပ်ကတိအရောင်းအဝယ်စာချုပ်ဖြစ်ခြင်း
( ၂) ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်ထမ်းဆောင်မထားခြင်း
( ၃) စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်မထားခြင်း
( ၄) မှတ်ပုံတင်စာချုပ် ချုပ်ဆိုမထားသည့်အတွက် မြေစာရင်းနှင့် စည်ပင်တွင် ပိုင်ဆိုင်မှုစာရွက်စာတမ်းများကို မိမိအမည်ပေါက် မပြောင်းနိုင်ခြင်းတို့ ဖြစ်သည်။



ထိုကဲ့သို့ အရပ်ကတိအရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူခြင်းကိုတစ်ပိုင်းတစ်စဝယ်ယူခြင်းဟု ခေါ်သည်။ တစ်ပိုင်းတစ်စဝယ်ယူခြင်းသည် အပြည့်အဝဝယ်ယူခြင်းမဟုတ်သည့်အတွက် တစ်ပိုင်းတစ်စပိုင်ဆိုင်ခွင့်သာရရှိပါသည်။ ထို့ကြောင့် ဝယ်ယူထားသော အိမ်ခြံမြေပိုင်ဆိုင်ခွင့်နှင့်ပတ်သတ်၍ တရားရုံးတွင် အရေးမဆိုနိုင်ပါ။ ပိုင်ဆိုင်ခွင့်နှင့်ပတ်သတ်၍ အိမ်ခြံမြေအပေါ် ကျူးကျော်၍နေသူကို နှင်ထုတ်၍မရနိုင်ပါ။ ထို့အပြင် ကိုယ်က အခြားသူကို ပြန်လည်ရောင်းချလျှင်လည်း
တရားဝင်ရောင်းချခြင်း မပြုလုပ်နိုင်ပါ။ 

သို့ရာတွင် ရောင်းချထားသူက မိမိကို ထိုကဲ့သို့ရောင်းချထားသောမြေ၏ ပိုင်ဆိုင်ခွင့်နှင့်ပတ်သတ်၍ တရားစွဲဆိုလာသောအခါတွင် ရောင်းသူနှင့်မိမိချုပ်ဆိုထားသော အရပ်ကတိအရောင်းအဝယ်စာချုပ်ကိုသက်သေအဖြစ်တင်ပြပြီး ခုခံအသုံးပြုနိုင်ပါသည်။ 

ထိုကြောင့် ထိုကဲ့သို့ အရပ်ကတိစာချုပ် ချုပ်ဆို၍ဝယ်ယူခြင်းသည်ပြီးပြည့်စုံသောဝယ်ယူခြင်းမဟုတ်ဘဲ တစ်ပိုင်းတစ်စဝယ်ယူခြင်းသာမြောက်ပါသည်။
"တစ်ပိုင်းတစ်စဝယ်ယူခြင်းသည် ဓားအဖြစ်ထိုးခုတ်၍ မရနိုင် ဒိုင်းအဖြစ်သာ ခုခံကာကွယ်နိုင်သည်"

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

တိုက်ခန်းအမည်ပြောင်း လျှောက်ထားရာမှာ ပါဝင်ရမယ့် အချက်များ

မိန်းမဖြစ်သူ၏အမည်ဖြင့် မြေကွက်ဝယ်ယူ ခြင်း နှင့် ခင်ပွန်းဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့်

စာချုပ်ချုပ်မည်ဆိုလျှင် ရောင်း ပေါင် စာချုပ် ဟုတ်မဟုတ်ကိစ္စ

စည်ပင်မြေပေါ်တွင် တည်ဆောက်ထားသည့် စည်ပင်တိုက်ခန်းအကြောင်း

Credit By: Law For Everybody
Posted By: Ra Wai (ShweProperty.com)