By 7daydaily, Shweproperty.com
Updated at 26 October 2016
ရန်ကုန်မြို့၏ သောက် သုံးရေလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနေသည့် မြေအောက်ရေသုံး စွဲမှုကို လာမည့် ၂၀၄၀ ပြည့်နှစ် တွင် ရပ်ဆိုင်းမည်ဟု ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီက မြန်မာရေနေ့ အခမ်းအနား၌ ပြောကြားခဲ့သည်။
ရန်ကုန်မြို့ Myanmar Event Park ၌ အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် အစိမ်းရောင်စွမ်းအင် ထုတ်ယူခြင်းနှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေး နေ့ အခမ်းအနား စာတမ်းဖတ်ပွဲ၌ ရေနှင့်သန့်ရှင်းမှု အင်ဂျင်နီယာဌာနက ပြောကြားခဲ့ခြင်းဖြစ် သည်။
ရန်ကုန်မြို့၏ သောက်သုံး ရေ လိုအပ်ချက်များကို မြစ်ရေနှင့် ဆည်ကြီးများဖြင့် ဖြည့်ဆည်းရန် စီမံကိန်းများရှိနေ၍ မြေအောက် ရေသုံးစွဲမှု ရပ်ဆိုင်းမည်ဖြစ်သည်။
လူနေမှုပုံစံ ပြောင်းလဲလာ ခြင်းနှင့် မိုးရေရရှိမှု လျော့နည်း လာသောကြောင့် မြေအောက်ရေ ထုတ်ယူမှုပမာဏ လျော့ကျလာ ကာ မြေအောက်ရေ သုံးစွဲမှုအစီ အစဉ်ကို ရပ်ဆိုင်းရန် ထည့်သွင်း ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဆို သည်။
ရန်ကုန်မြို့၏ သောက်သုံး ရေလိုအပ်ချက်ကို ဆည်စီမံကိန်း လေးခု၊ မြစ်နှစ်စင်းတို့မှ ဖြည့် ဆည်းရန် လျာထားပြီး ဆည်စီမံ ကိန်းများမှာ ဂျိုးဖြူစီမံကိန်း၊ ငမိုး ရိပ်စီမံကိန်းအပိုင်း တစ်နှင့် နှစ်၊ ကုက္ကိုင်ဝစီမံကိန်း၊ လဂွမ်းပြင်စီမံ ကိန်းတို့ဖြစ်ကာ မြစ်နှစ်စင်းသည်ကုက္ကိုင်ဝမြစ်နှင့် တိုးမြစ်တို့ဖြစ်ကြ သည်။
ကုက္ကိုင်ဝမြစ်နှင့် တိုးမြစ်မှ သောက်သုံးရေထုတ်ယူမည့် စီမံ ကိန်းနှစ်ခုနှင့် လဂွမ်းပြင်ဆည်စီမံ ကိန်း၊ ကုက္ကိုင်ဝဆည်စီမံကိန်းနှစ် ခုတို့သည် ခွင့်ယူချက်ရယူနေပြီး ကျန်ဆည်စီမံကိန်းနှစ်ခုသည် လုပ်ငန်းပြီးစီးနေပြီဖြစ်သည်။ ရန်ကုန်မြို့သို့ ရေပေးဝေမှုသည် ရေဂါလန်ပေါင်း ၂၀၁ သန်းရှိသည့်အနက် ၁၆ သန်းကို မြေအောက်ရေမှ ထုတ်ယူနေခြင်းဖြစ်သည်။
နောင်လာမည့် ၂၀၄၀ တွင် တိုးတက်လာမည့် လူဦးရေကို ခန့် မှန်းတွက်ချက်ပြီး တစ်ရက်လျှင်ရေဂါလန် သန်း ၆၀၀ ဖြန့်ဖြူးပေးရန် တိုးမြစ်နှင့် ကုက္ကိုင်ဝမြစ်တို့၏မြစ်ရေတင်စီမံကိန်းနှစ်ခုမှ သန့်စင်သည့် နည်းလမ်းဖြင့် ရေဂါလန်ပေါင်း လေးရာကျော် ထုတ်ယူ မည်ဖြစ်သည်။
ဌာနက ကောက်ယူရရှိသော စာရင်းများအရ တိုးမြစ်မှ ရေဂါ လန်ပေါင်း ၂၀၈ သန်းနှင့် ကုက္ကိုင်ဝမြစ်မှ ၂၂၅ သန်းထုတ်ယူနိုင်သည့် အခြေအနေ ရှိသည်။ တစ်နှစ် ထက်တစ်နှစ် တိုးတက်လာမည့် လူဦးရေ အခြေအနေကို စောင့် ကြည့်လေ့လာကာ ရေပေးဝေရေး စီမံကိန်းများမှ နှစ်အလိုက် ထုတ် ယူဖြန့်ဖြူးမည်ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီက သတင်းထုတ်ပြန်ထား သည်။
ရန်ကုန်မြို့၏ ရေလိုအပ် ချက်သည် တစ်နှစ်ထက်တစ်နှစ် မြင့်မားလာမည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်တွင် ရေပြဿနာကြီးမားလာနိုင်ကြောင်း ဖရီဒါအသင်းမှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးပညာရှင် ဦးအုန်းက ၂၀၁၂ ခန့်က ခန့် မှန်းပြောဆိုခဲ့သည်။
လက်ရှိတွင် ၂၀၁၄ သန်း ခေါင်စာရင်းအရ ရန်ကုန်မြို့၌ နေထိုင်သူ လူဦးရေခုနစ်သန်း ကျော်ရှိပြီး လာမည့် ၂၀၄၀ တွင် လူဦးရေ ၁၀ သန်းခန့် တိုးလာမည် ဖြစ်သောကြောင့် တစ်နေ့လျှင် ရေဂါလန် သန်းခြောက်ရာကျော် ဖြန့်ဖြူးပေးနိုင်သည့် စီမံကိန်းတစ် ခုကို ဂျပန်နိုင်ငံ၏ ချေးငွေအကူ အညီဖြင့် အကောင်အထည်ဖော် နေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
Ref : 7daydaily
Photo Credit : mawluvillagers
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ