By အေးမွန်ရာပြည့်, Shweproperty.com
Updated at 5 February 2014
မန္တလေးမြို့အတွင်း ဆောက်လုပ်နေသည့်အဆောက် အအုံအများ စုမှာ မြို့တော်စည်ပင်သာယာရေး ကော်မတီထံသို့ တည်ဆောက် မိန့်မ လျှောက်ဘဲ ဆောက်လုပ်နေ ကြကြောင်း မန္တလေးတိုင်း ဒေသ ကြီး အင်ဂျင်နီယာအသင်း အဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်သည့် လိုင် စင်ရ အကြီးတန်း အင်ဂျင်နီယာ တစ်ဦးကပြောသည်။
မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ (MCDC) မှချမှတ်ထားသည့် အဆောက် အအုံဆောက်လုပ်ခွင့်ပြုရေး သတ် မှတ်ချက်များအနက်အချို့အချက် အလက်မှာလိုက် နာရန်ခက်ခဲပြီး ဆောက်လုပ် ခွင့်ရရှိရန်လည်း မလွယ်ကူသောကြောင့် တည် ဆောက်မိန့်မတောင်းခံဘဲ ဆောက် လုပ်သူများနေသည်ဟုဆိုသည်။
''စည်ပင်စည်းကမ်းအရ ဆိုရင်သူတို့ပိုင်တဲ့မြေပေါ်မှာ ဆောက် ချင်တဲ့အထပ်ရေဆောက်ဖို့ ခွင့်ပြု မှာ မဟုတ်လို့ လာကိုမလျှောက် ကြတော့ဘူး။ အဲဒီလို ခွင့်ပြုမိန့်မ ရဘဲ ဆောက်နေတဲ့ အဆောက်အ အုံတွေကို တွေ့ရင် စည်ပင်ကိုလာ တိုင်ဖို့ လိုင်စင်ရ အင်ဂျင်နီယာ တိုင်းကိုမှာထားတယ်။ ဘယ်သူမှ အမုန်းခံ ပြီးတိုင်မနေကြဘူး။ ဒါ ပေမဲ့ အဆောက်အအုံတွေက တ ကယ် အန္တရာယ်များနေတာတွေ ရှိတယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
မန္တလေးမြို့တွင် စည်ပင်သာ ယာမှ ခွင့်ပြုချက်မရှိဘဲဆောက် လုပ်နေကြသည့် အဆောက်အအုံ များမှာ ခွင့်ပြုမိန့်ဖြင့် ဆောက် လုပ်ကြသည့် အဆောက်အအုံ များထက် အရေအတွက်ပိုများနေ ပြီး အချို့အဆောက်အအုံများမှာ စံနှုန်းထားမှု လိုက်နာမှု အလွန် အားနည်းကြောင်း မန္တလေးမြို့မှ လိုင်စင်ရ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။
''ကျွန်တော့် ဘေးအိမ်က ဆောက်လုပ်ခွင့် မလျှောက်ဘဲ ဆောက်နေတာ၊ လုံခြုံရေးစနစ် တွေလည်း မလိုက်နာဘူး။ အဲဒါ ကြောင့် စည်ပင်ကိုတိုင်တယ်။ ဒီ ဘက်ကလည်း လူလွှတ်တယ်။ စာ ပေးတယ်။ ဒါပေမဲ့ဂရုမစိုက်ဘူး။ အခုဆို သုံးထပ်မြောက်တောင် ဆောက်နေပြီ'' ဟု ၎င်းကဆက် လက်ပြောသည်။
မန္တလေးစည်ပင်တွင် ခွင့်ပြုမိန့် မလျှောက်ထားဘဲ ဆောက် လုပ်ထားသည့် အဆောက်အအုံ များနှင့် ပတ်သက်ပြီး ဖျက်သိမ်း ရန်အထိ အရေးယူနိုင်ရန် ဥပဒေ တစ်ရပ် ထုတ်ပြန်ထားခြင်း မရှိ သည့်အတွက် တရားစွဲဆိုမှုများ သာပြုလုပ်နေရသည်။ တရားစွဲ ဆိုနေစဉ် တစ်လျှောက်လုံးတွင် လည်း အဆောက်အအုံ ဆောက် လုပ်သူများဘက်မှ စည်ပင်သာ ယာထံသို့ အဆောက်အအုံဆောက် လုပ်ခွင့်ကို မပြတ်တောင်းခံနေ ရမည်ဖြစ်ပြီး ယင်းခွင့်ပြုမိန့် မကျ မချင်း MCDC မှ တောက်လျှောက် တရားစွဲနိုင်သည်ဟု မန္တလေး တိုင်းဒေသကြီး အင်ဂျင်နီယာ အ သင်းမှ အဖွဲ့ဝင်ဟောင်း အင်ဂျင် နီယာကြီးက ပြောသည်။
Ref : 7days News
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ