By Sint Sint, Shweproperty.com
Updated at 8 October 2020
ကိုယ့်ကိုယ်ကို ကံနိမ့်နေတယ်လို့ ခံစားရတဲ့ အခိုက်အတန့် မျိုး လူတိုင်း ကြုံဖူးကြမှာပါ။ဘာလုပ်လုပ် အဆင်မပြေနေတာမျိုးတွေ၊ ပြဿနာတွေ တစ်ခုပြီး တစ်ခုနဲ့ကြုံနေရတာ မျိုးတွေနဲ့ ကြုံနေမယ်ဆိုရင်တော့ အကောင်းဆုံးက ကိုယ်လက်ခံ ယုံကြည်တဲ့ ဘာသာ တရားကို လုပ်ပေးပါ။ဒါ့အပြင် ကိုယ့်ရဲ့ နေအိမ်မှာ ဒီလို အရာတွေ ဖြစ်နေမယ်ဆိုရင် ပြင်လို့ရရင် ပြုပြင်ပါ၊ပြင်လို့ မရရင် တော့ လွှင့်ပစ်ပေးပါ။
နာရီပျက်
နာရီပျက်တွေကို အိမ်မှာ မထားပါနဲ့။အရမ်းတွေ တန်ဖိုးကြီးနေတဲ့ ရှေးဟောင်းနာရီမျိုးဆိုရင် တော့လဲချွင်းချက်ပါ။အဲ့လို မှ မဟုတ်ဘူးဆိုရင်တော့ ရပ်နေတဲ့ နာရီဆိုရင် ဓါတ်ခဲ အသစ်လဲပေးပါ။နာရီရပ်နေတာတွေ၊ပျက်နေတာမျိုးတွေကို ကိုယ် ကံနိမ့်နေတဲ့ အချိန်မျိုးတွေမှာ ဒီအတိုင်း မထားပါနဲ့။
ပန်းတွေခြောက်နေရင် လဲပစ်ပါ
ဘုရားပန်းပဲ ဖြစ်ဖြစ် နေအိမ် ဧည့်ခန်းမှာ အလှထိုးထားတဲ့ ပန်းတွေပဲ ဖြစ်ဖြစ် ခြောက်နေ ၊ညှိုးနွမ်းနေတာမျိုးတွေကို မထားကောင်းပါဘူး။နောက်တစ်ခုက စိုက်ထားတဲ့ ပန်းပင်တွေ သေ နေခြောက်နေတာမျိုးဆိုရင်လည်း လွှင့်ပစ်ပေးပါ။
ထီးဖွင့်ထားတာမျိုးတွေ ရှောင်ပါ
ထီးတွေကို လှန်းပြီးရင် ပြန်ပိတ်ပါ။မိုးစိုနေလို့ လှန်းရင်လည်း သတိတရနဲ့ ပြန်ပိတ်ပေးပါ။အထူးသဖြင့် တစ္ဆေကြီးပွဲကာလမျိုးတွေမှာ ဆိုရင် ဒီလို အရာမျိုးကိုပိုပြီး ရှောင်ရပါတယ်။ ဝိဉာဉ်တွေ ကို သူတို့အတွက် ခိုနားဖို့ ရှာနေတဲ့ အချိန်မို့ ထီးတွေ အထူးသဖြင့် အနီရောင်၊ အနက်ရောင် ထီးတွေ ကိုဖွင့်မထားကောင်းပါဘူး။
မှန်ကွဲတွေ မထားကောင်း
ကွဲနေတဲ့ မှန်ကိုပဲ ဖြစ်ဖြစ်၊မှန်ကွဲစတွေကိုပဲ ဖြစ်ဖြစ် ကံနိမ့်နေတဲ့ အချိန်မျိုးတွေဆိုရင် အိမ်ထဲမှာ မထား ကောင်းပါဘူး။ဒါကတော့ ငယ်ငယ်တည်းက လူကြီးမိဘတွေ ပြောလို့ ခဏခဏ ကြားဖူးမှာပါ။မှန်ကွဲတွေထားရင် လာဘ်တိတ်တာ၊ကံနိမ့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ပရိဘောဂ ပစ္စည်း အကျိုးအပဲ့တွေကိုလည်း တက်နိုင်ရင် အိမ်ထဲမှာမထားပါနဲ့။
နိမိတ် မကောင်းတဲ့ ပုံတွေမထားပါနဲ့
တစ်ခါ တလေကျရင်တော့ ကိုယ့်ရဲ့ မျက်နှာစာမှာပဲ ဖြစ်ဖြစ်၊ကိုယ့်အိပ်ခန်းထဲမှာပဲ ဖြစ်ဖြစ် ကြိုက်လို့ ၊သဘောကျလို့ ထူးထူးဆန်းဆန်း အတိတ်နိမိတ်မကောင်းတဲ့ပုံမျိုးတွေကို ထားလေ့ရှိပါတယ်။ဥပမာ- အရိုးခေါင်းပုံတို့၊အနိဌာရုံပုံမျိုးတွေပါ။ဒီလို ပုံမျိုးတွေကိုတော့ တခြား အချိန်မှာ ချိတ်ထားဆွဲထားရင် ကိစ္စမရှိပေမယ့် ကိုယ်က ကံနိမ့်ပြီး ဘာလုပ်လုပ် အဆင်မပြေနေတဲ့ အချိန် မျိုးဆိုရင်တော့ ခဏလောက်ပဲ ဖြစ်ဖြစ် ဖြုတ်ထားပေးပါ။တက်နိုင်ရင်တော့ မထားတာ ကောင်းပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
WORK FROM HOME လုပ်နေသူတွေအတွက် အိမ်မှာ ရုံးခန်းတစ်ခုဖြစ်အောင် ဘယ်လိုဖန်တီးမလဲ
အိမ်မှာခြင်ဆေးခွေ အမြဲလိုလိုသုံးမိနေပြီဆိုလျှင် မဖြစ်မနေ သိထားရမည့် အချက်များ
သင့်အိမ်ဟာ မည်သည့်ဘက်ကို မျက်နှာမူနေပါစေ အသက်ရှည် အနာမဲ့စေဖို့ ဒီအချက်တွေ အတိုင်း အိပ်စက်ပါ
မိသားစုအတွက်ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်မယ့် အိမ်အလှဆင်နည်း(၇)မျိုး
Credit : Aunty May
Photo Credit : Realhomes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ