By 7daydaily, Shweproperty.com
Updated at 9 March 2017
မွေးမြူရေး လုပ်ငန်း ဆောင်ရွက်ရန် မြေနေရာများ ရယူထားပြီး အကောင်အထည် မဖော်သူများကို ဥပဒေအတိုင်း အ ရေးယူရန် အစိုးရသို့ တင်ပြမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ် တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ရှိန်က ပြောသည်။
လုပ်ငန်းရှင်အချို့သည် မွေး မြူရေးလုပ်ငန်း ဆောင်ရွက်ရန် ရယူထားသော မြေများတွင် ငါး ကန်မတူးဘဲ ရေအိုင်များအတွင်း ငါးများ ရှာဖွေရယူနေသဖြင့် မြေ များပြန်သိမ်းမည့်အပြင် ငါးမွေး မြူရေးလုပ်ငန်းဥပဒေနှင့် ရေချို ငါးလုပ်ငန်းဥပဒေများဖြင့် အရေး ယူရန် တင်ပြမည်ဖြစ်ကြောင်း ဦးတင်ရှိန်က ပြောသည်။
‘‘ကုန်ထုတ်လုပ်မှု တိုးတက် အောင် လုပ်ပေမယ့် ဥပဒေချိုး ဖောက်နေရင် အရေးယူမယ်။ အစိုးရကို တင်ပြမယ်။ ငါးမွေး ကန်လုပ်ဖို့ မြေတွေယူထားပြီး ရေ ဖောက်ထုတ်လို့ ငါးပက်စားနေ တယ်။ ဒီလိုဆိုတော့ ငါးမွေးကန် လည်း မဖြစ်ဘူး။ လယ်လည်း ပျက်တာပေါ့’’ ဟု ဦးတင်ရှိန်က ပြောသည်။
၁၉၈၉ တွင် ဗဟိုအစိုးရက ပြဋ္ဌာန်းခဲ့သော ငါးမွေးမြူရေးလုပ် ငန်းဥပဒေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များက အသစ်ပြဋ္ဌာန်း ထားသော ရေချိုငါး လုပ်ငန်း ဥပဒေများဖြင့် တရားစွဲဆိုအရေး ယူပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ကန်များကို ပြန်လည်သိမ်းယူနိုင် ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့် က ပြောသည်။
‘‘လုပ်ငန်းလုပ်ပိုင်ခွင့်ပြုတာ က မြေစာရင်းဦးစီးဌာနနဲ့ အထွေ ထွေအုပ်ချုပ်ရေးရုံး၊ လုပ်ငန်းလုပ် ပိုင်ခွင့်ကျလို့ ငါးမွေးရင် ငါးလုပ် ငန်းဦးစီးနဲ့ဆိုင်တယ်။ တိုင်းနဲ့ ပြည်နယ်အစိုးရက ရေချိုငါးလုပ်ငန်း ဥပဒေနဲ့ အရေးယူနိုင်ပြီး ပြည် ထောင်စုအဆင့်ကတော့ ငါးမွေး မြူရေးလုပ်ငန်းဥပဒေနဲ့ အရေးယူ လို့ရတယ်။ မြေယူပြီး လုပ်ငန်း မဆောင်ရွက်ရင် မြေပြန်သိမ်းလို့ ရတယ်’’ ဟု ဦးထွန်းဝင်းမြင့်က ပြောသည်။
၁၉၉၇ တွင် ရေနက်ကွင်း များ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကုမ္ပဏီများအား တပ်မတော်အစိုး ရက လုပ်ကိုင်ခွင့်ပေးခဲ့သော မြေ နေရာများ၌ အင်းအိုင် ငါးဖမ်း လုပ်ငန်းများပါ ပူးတွဲဆောင်ရွက် စေခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ် ငန်းအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ