By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 18 December 2019
မြန်မာနိုင်ငံမှာ စနစ်ကျတဲ့ မြို့ပြတွေ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေဖို့ မြို့ပြဥပဒေတွေ ပြဌာန်းဆောင်ရွက် နိုင်ဖို့ လိုအပ်လျက်ရှိကြောင်းနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်(၂၀)အတွင်းမှာ အမေရိကန်ဒေါ်လာ (၁၄၆)ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့အတွက်၊ တစ်နှစ်ကို အမေရိကန်ဒေါ်လာ (၇)ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားမယ်လို့ အမျိုးသားမြို့ပြမူဝါဒချမှတ်ရေးညီလာခံမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးဟန်ဇော်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၆)ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားမြို့ပြမူဝါဒချမှတ်ရေး ညီလာခံမှာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့အခြေချနေထိုင်မှုနဲ့ မြို့ပြ ကြီးထွားလာမှု၊ လူဦးရေတိုးတက်များပြားလာမှုတွေကြောင်း၊ ရေ၊ လျှပ်စစ်မိး၊ လမ်း၊ ရေမြောင်း၊ အမှိုက်သိမ်း စနစ် စတဲ့ အခြေခံအဆောက်အဦးမလုံလောက်မှုတွေ အထူးသဖြင့် ပျံကျနေထိုင်မှုတွေနဲ့ နည်းစနစ်မကျတဲ့ မြို့ပြချဲ့ထွင်မှုတွေအပြင် သဘာဝဘေးအန္တရာယ်များကိုလည်း ရင်ဆိုင်ကြုံတွေနေရပါတယ်။”လို့ ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က ပြောကြားခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုအတွက် အကြံပြုထားတာကတော့ ပထမအဆင့် ခေတ်မီစီမံကိန်းရေးဆွဲရေးစနစ်တစ်ရပ် နဲ့ အတူ မြို့ပြတိုးချဲ့မှုအတွက် ကြိုတင်စီမံလျာထားရန် လိုအပ်ကြောင်း၊ ဒုတိယအဆင့်အဖြစ် အခြေခံအဆောက်အဦး များမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ကြောင်းနဲ့ တတိယအဆင့်အဖြစ် အဆိုပါမြို့ပြကြီးတွေရဲ့ အုပ်ချုပ်ရေး ကောင်းမွန်အောင် စဉ်စားဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။
အခမ်းအနားမှာ ဖြည့်စွက်ပြောကြားခဲ့တာကတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီး (၃)မြို့မှာ Smart City အကောင်အထည်ဖော်လုပ်ငန်းတွေကို မြို့များရဲ့ လိုအပ်ချက်ပေါ်အခြေခံပြီး စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် စီမံကိန်းတွေအဖြစ် Korea – Myanmar Industrial Complex Project, New Mandalay Resort City နဲ့ Smart District Project စတဲ့ စီမံကိန်းတွေကို Smart Development အဖြစ်ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : Global New Light of Myanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ