By Myanmar Builders Guide, Shweproperty.com
Updated at 11 December 2018
ပဲခူးတိုင်းဒေသကြီး ကမာနတ်ကျေးရွာ၊သနပ်ပင်မြို့အထွက် ပဲခူး-သနပ်ပင်ကားလမ်းမဘေးရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင်မျိုးသန့်ခြံ ဧက ၁၅ဝ ကျော်တွင်မြို့ပြစီမံကိန်း၊ကားဝင်းသစ်နှင့် အခြားစီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရထံတင်ပြထားကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မှပြောကြားခဲ့သည်။
အဆိုပါမြေနေရာသည် မည့်သည့်လုပ်ငန်းမှ အကောင်အထည်ဖော်ခြင်းမရှိဘဲ နှစ်ပေါင်းကြာမြင့်နေသည့်အတွက် စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်နေခြင်းဖြစ်ကာ ယင်းမြေဧရိယာအတွင်းရှိ ဧက ၄ဝ ကျော်တွင် ကျုံးကျူး၊မြို့ရိုးကျူးကျော်များကို နေရာချပေးရန် စီစဉ်ထားပြီး ကျန်ရှိသည့် မြေဧရိယာပေါ်တွင် အိမ်ရာစီမံကိန်း၊ဟိုတယ်စီမံကိန်းနှင့် ကားဝင်းသစ်တစ်ခုထားရှိရန်လျာထားကြောင်း သိရသည်။
"ဌာနမြေနေရာကို စီမံကိန်းမြေနေရာအဖြစ်ပြောင်းပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားပါတယ်။လုပ်ဖို့တော့လျာထားတယ်။ဝန်ကြီးချုပ်က စီမံကိန်းတွေလုပ်ဖို့လမ်းညွန်ထားတယ်။သက်ဆိုင်ရာဌာနတွေက စီမံကိန်းတွေရေးဆွဲနေပါတယ်"ဟု ပြောကြားခဲ့ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ