By 7daydaily, Shweproperty.com
Updated at 10 November 2016
အမေရိကန်ရွေးကောက် ပွဲအပြီးတွင် ပြည်တွင်းငွေလဲနှုန်း ၌ ကန်ဒေါ်လာဈေးအနည်းငယ် ပြန်လည်ကျဆင်းလာကြောင်း သတင်းရရှိသည်။
ပြည်တွင်းငွေလဲနှုန်းတွင် နို ဝင်ဘာ ၉ ရက် နံနက်က တစ်ဒေါ်လာလျှင် ပြည်ပပေါက် ဈေး ၁,၂၉၅ကျပ်ရှိသော်လည်း ညနေပိုင်း၌ကျပ် ၁,၂၈၀ အောက်သို့ ပြန်လည်ကျ ဆင်းလာခြင်းဖြစ်ကြောင်း ငွေလဲဈေးကွက်မှ သိရသည်။
ယခုရက်ပိုင်းတွင် ဒေါ်လာ ဈေး မြင့်တက်လာပြီး နိုဝင်ဘာ ၁ ရက်က စတင်ကာ ဗဟိုဘဏ်သည် အမေရိကန် တစ်ဒေါ်လာကို ၁,၂၈၅ ကျပ်ဖြင့် အဖွင့်ဈေးသတ် မှတ်ခဲ့သည်။ နိုဝင်ဘာ ၈ ရက်တွင် ပြင်ပပေါက်ဈေးတစ်ဒေါ်လာလျှင် ၁,၃၀၀ ကျပ်အထိ ပေါက်ဈေးဖြစ်ခဲ့သည်။‘‘မနေ့ကထက်စာရင် တစ် ဒေါ်လာကို ၁၀ ကျပ်ကျော်လောက် အကျဘက်ရောက်သွားတယ်’’ဟု ဒေါ်လာအရောင်းအဝယ်လုပ်သူ တစ်ဦးက ပြောသည်။
The Telegrap သတင်းဌာန ဖော်ပြချက်အရ အမေရိကန်ရွေး ကောက်ပွဲတွင် ဒေါ်နယ်ထရန့် အ နိုင်ရပြီးနောက် အမေရိကန်ဒေါ် လာသည် ဂျပန်ယန်းနှင့်ငွေလဲနှုန်း ၌ ၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဆွစ်ဇာလန်သုံးငွေ ဖရန့်စ်နှင့် ငွေလဲနှုန်းတွင် ၁ ဒသမ ၆ ရာခိုင် နှုန်းကျဆင်းခဲ့သည်။ ယူရိုသည် အမေရိကန်ဒေါ်လာထက် ၁ ဒသ မ ၈ ရာခိုင်နှုန်း ပိုမိုမြင့်လာခဲ့သည်။ ထို့အပြင် အမေရိကန် စတော့ရှယ်ယာဈေးကွက် အတွင်း ဒေါင်ဂျုံးအပါအဝင် ကုမ္ပဏီအများစု၏ အစုရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့သည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ