By Myanmar Times, Shweproperty.com
Updated at 13 October 2015
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ရှိ ဟက်ဒ် ဆန်ရဒ် (Hudson Yards) တွင် တည် ဆောက်မည့် မန်ဟက်တန်တာဝါ (Man- hattan Tower) တွင် ရင်းနှီးမြှုပ်နှံရုံဖြင့် အမေရိကန်သားဖြစ်ခွင့်ပြုသော Investor Green Card ရရှိစေမည့် အီးဘီ-၅ ပရိုဂရမ်ကို မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ထိုပရိုဂရမ် ဝန်ဆောင်မှုပြုလုပ်နေသော Golden Development Group အေဂျင်စီမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဂိုးဒန်းဂိုဒီနီက ပြောသည်။
အီးဘီ၅ ပရိုဂရမ်ကို ပြုလုပ်နေသော အမေရိကန်အခြေစိုက်အေဂျင်စီ ၇၃၀ ခန့် ရှိပြီး Related LLC အေဂျင်စီက မန်ဟက် တန် တာဝါတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မြန်မာနိုင်ငံကို ယခုနှစ်တွင် ပထမဆုံး လာရောက်မိတ်ဆက်ခြင်းဖြစ်သည်။ "အမေရိကန်နိုင်ငံမှာ investor green card ကို တစ်နှစ်မှာ မိသားစုတစ်သောင်း အတွက် နှစ်စဉ်ထုတ်ပေးနေကြဖြစ်ပါတယ်။ အီးဘီ-၅ ပရိုဂရမ်က အမေရိကန် နိုင်ငံမှာ ဂရင်းကတ်ရရှိလိုသူတွေအတွက် ပြုလုပ် တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ မှာ နေထိုင်ခွင့်ရမယ့် ဒီအခွင့်အရေးက တခြားနိုင်ငံတွေမှာ လူသိများနေပေမယ့် မြန်မာနိုင်ငံမှာတော့ မထင်ရှားသေးပါဘူး။ ဒီလိုကတ်လျှောက်နိုင်တဲ့ အခွင့် အရေးကို မြန်မာနိုင်ငံသားစီးပွားရေး လုပ် ငန်းရှင်တွေလည်း ရရှိဖို့ရည်ရွယ်ပါတယ်" ဟု ထိုပရိုဂရမ်ဝန်ဆောင်မှု ပြုလုပ်နေသော အမေရိကန်အခြေစိုက် Related LLC အေဂျင်စီမှ အာရှဒေသဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ Mr.Aymeric Fraise က ပြောသည်။
ယခုနှစ်မှ စတင်မိတ်ဆက်သော အီးဘီ-၅ ပရိုဂရမ်အကြောင်း ဟောပြောပွဲ များကို ရန်ကုန်မြို့၌ သုံးကြိမ်ခန့် ပြုလုပ်ပြီး ဖြစ်ကြောင်း ဒေါ်ဂိုးဒန်းဂိုဒီနီက ပြောသည်။ "ဒီပရိုဂရမ်က မြန်မာနိုင်ငံသားတွေအတွက် ရွေးချယ်စရာတစ်ခုတိုးလာတဲ့ သဘောပါ။ အမေရိကန်ဆိုတာ ပညာသင်ဖို့ပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက်ပဲဖြစ်ဖြစ် သွားနေကျ နိုင်ငံတစ်ခုပါ။ ဒီပရိုဂရမ်ကြောင့် green card ရလာရင် အမေရိကန် မှာနေနေ၊ ရန်ကုန်မှာနေနေ အဆင်ပြေနိုင်လို့ နောင်ရေးအတွက် ကောင်းမွန်တဲ့ ရွေး ချယ်စရာတစ်ခုပါ" ဟု ၎င်းကပြောသည်။ ထို Investor green card ကိုလျှောက်ထားလိုသူများသည် အမေရိကန်အစိုးရက သတ်မှတ်သော ငွေကြေးပမာဏအတိုင်း သုံးနှစ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကာလအတွင်း သတ်မှတ်အတိုးနှုန်းသာ ရရှိနိုင်မည်ဖြစ်သည်။
ထို အင်ဗက်စတာ ဂရင်းကတ်ရရှိပါက ထိုသူ ၏ မိသားစုများလည်း ဂရင်းကတ်ရရှိပြီး အမေရိကန်နိုင်ငံတွင် နေထိုင်ခွင့်ရရှိမည် ဖြစ်သည်။ " green cardရဖို့ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမှာ ဖြစ်ပေမယ့် အဲဒီလို ရင်းနှီးမြှုပ်နှံမှုလုပ်သူတိုင်း ကတ်ရမယ်လို့ အေဂျင့်အနေနဲ့ အာမခံမပေးထားပါဘူး။ ဒါပေမဲ့ အတွေ့ အကြုံအရ ပြောရရင် ဂရင်းကတ် လျှောက်ထားသူ ၉၉ ရာခိုင်နှုန်းက ကတ်ရကြပါတယ်"ဟု ၎င်းကပြောသည်။
Ref : Myanmar Times
Photo Credit : Lonely Planet
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ