By 7daydaily, Shweproperty.com
Updated at 29 April 2016
ယခုရက်ပိုင်းတွင် အမေ ရိကန်ဒေါ်လာတန်ဖိုး အတက်အ ကျများလာခြင်းသည် ကုန်သွယ် ရေးလုပ်ငန်းများအတွက် စိုးရိမ်စ ရာဖြစ်လာသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ဧပြီ ၂၈ ရက်တွင် အမေရိ ကန်ဒေါ်လာဈေးနှုန်းသည် ပြင်ပ နံနက်ဈေးဖွင့်ချိန်၌ ၁,၁၈၆ ကျပ် သတ်မှတ်ခဲ့သော်လည်း ညနေ တွင် ၁,၁၇၅ ကျပ်သို့ ကျဆင်းလာ သည်။ အချိန်ပိုင်းအတွင်း တစ် ဒေါ်လာလျှင် ၁၀ ကျပ်ကျော်ဈေးကျဆင်းမှုသည် ဈေးနှုန်းသတ်မှတ် အရောင်းအဝယ်ပြုလုပ်ရာတွင် ဆုံးရှုံးမှုများနိုင်သဖြင့် ကုန်သည် အများစုလုပ်ငန်းများ သတိ ထား စောင့်ကြည့်လုပ်ကိုင်နေရ ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေ သည့် ဦးမျိုးသူရအေးက ပြော သည်။ ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာတန်ဖိုးအပြောင်းအ လဲမြန်သော်လည်း ဗဟိုဘဏ် က သတ်မှတ်သည့် တရားဝင်ရည် ညွှန်းနှုန်းသည် အပြောင်းအလဲ နည်းသဖြင့် ပို့ကုန်လုပ်ငန်းရှင်များ အတွက် အခက်အခဲဖြစ်ရကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။
ဘတ်ဂျက် အသုံးစရိတ် လျှော့ချမှုကြောင့် အစိုးရသစ်အ ပေါ် ယုံကြည်မှု တိုးလာသဖြင့် မြန်မာကျပ်ငွေ ဆက်တိုက်မြင့် တက်လာမည်ဟု စီးပွားရေးပညာ ရှင်အချို့က ခန့်မှန်းနေကြသည်။
သို့သော် အမေရိကန်ဒေါ် လာတန်ဖိုး ကျဆင်းပြီး မြန်မာ ကျပ်ငွေတန်ဖိုး မြင့်တက်မှုသည် ဧပြီ ၂၅ ရက်မှ စတင်ပြောင်းလဲ လာသည်။ တစ်ဒေါ်လာလျှင် ၁,၁၅၉ ကျပ်သို့ ကျဆင်းခဲ့သည့် ပြင်ပဈေးကွက်သည် ဧပြီ ၂၆ ရက် တွင် တစ်ဒေါ်လာ ၁,၁၇၆ ကျပ် သို့ မြင့်တက်လာသည်။
ဗဟိုဘဏ်က တရားဝင် သတ်မှတ်သော ရည်ညွှန်းငွေလဲ နှုန်းသည် ဧပြီ ၂၅ ရက်တွင် တစ် ဒေါ်လာ ၁,၁၆၈ ကျပ်မှ ဧပြီ ၂၈ ရက်တွင် တစ်ဒေါ်လာလျှင်၁,၁၇၃ ကျပ်သို့ ပြောင်းလဲသည်။
ပြင်ပဈေးကွက်၌ အမေရိ ကန်ဒေါ်လာတန်ဖိုးမြင့်တက်လာ ချိန်တွင် ကမ္ဘာ့ရွှေဈေးမှာ ဧပြီ ၂၅ ရက်က တစ်အောင်စလျှင် ကန်ဒေါ်လာ ၁,၂၃၄ ခန့်မှ ဧပြီ ၂၈ရက်တွင် ၁,၂၅၅ ဒေါ်လာသို့ မြင့်တက်လာကာ ပြည်တွင်းရွှေဈေးမှာလည်း ၇၇၀,၀၀၀ ကျပ်မှ၇၇၆,၀၀၀ ကျပ်သို့ မြင့်တက်လာသည်။
Ref : 7daydaily
Photo Credit : yahoonews
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ