By Ra Wai, Shweproperty.com
Updated at 17 June 2022
ယနေ့အချိန်အခါမှာ မြန်မာပြည် အရပ်ရပ်ရှိ နေအိမ်များ၊ တိုက် ခန်းများ၊ စားသောက်ဆိုင်တွေမှာ ဂတ်စ်မီးဖိုကို တွင်ကျယ်စွာ အသုံးပြုလာကြတယ်။ ဂတ်စ်မီးဖိုကို လုံခြုံစိတ်ချစွာ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ဖို့အတွက် သတိထားသင့်တဲ့ အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။ ၁။ အိုးအထွက် valve ၊ pressure regulator valve ၊ မီးဖို spark and gas valve တွေ ကောင်း/မကောင်း အမြဲ စစ်ဆေးရပါမယ်။ အိုးအထွက် valve ကိုပိတ်တဲ့အခါမှာ ထုရိုက်ပြီးပိတ်မျိုးတွေ မလုပ်ရပါဘူး။ Gas အိုးကို ရွေ့တဲ့အခါ စောင့်ချတာ၊ ပစ်ချတာ၊ တလိမ့်တုံး လို လှိမ့်တာတွေ မလုပ်ရပါဘူး။ အိုးအထွက် valve ကို pressure regulator valve နဲ့ လှည့် တပ်တဲ့အခါ အိုးအထွက် valve အမခေါင်း အရစ်က ဘယ်ရစ်ဖြစ်သလို pressure regulator valve အဖိုခေါင်းကလဲ ဘယ်ရစ်ပဲဖြစ်ပါတယ်။ pressure regulator valve အဖိုခေါင်းထိပ်မှာ rubber seal တပ်ထားပါတယ်။ အဲ့ rubber seal ပြတ်နေရင်ပဲ့နေရင်မကောင်းရင် pressure regulator valveကိုဆက်မသုံးသင့်ပါဘူး။အိုးအထွက် valveနဲ့ pressure regulator valve တွေရဲ့ အရစ်တွေကို အမဲ ဆီ လုံးဝသုတ်လိမ်းခြင်း မပြုလုပ်ရပါ။ ၂။ Pressure regulator valve ကို အတွင်းမှာ diaphragm ၊ springတို့နဲ့ပြုလုပ်ထားတဲ့အတွက် pressure regulator valve ထိပ်ကဘုလုံးလေးကို တွန်းလိုက်ရင် valve ပွင့်ပြီး မီးဖိုဆီ Gas ရောက်ပါတယ်။ ဒါ့ကြောင့် အဲ့ ဘုလုံး (knob) လေးဟာ တွန်းလို့ ဖိလို့ရ ရပါမယ်။ ဘုလုံးလေးကို တွန်းမှ Gas က မီးဖိုက ထွက်လာရမှာဖြစ်ပါတယ်။ ဒီလိုအလုပ်မလုပ်ရင် pressure regulator valve အသစ်လဲဖို့လိုပါတယ်။ ၃။ ပိုက်လိုင်း ကောင်း/ မကောင်း အခါအားလျော်စွာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ အလွယ်တကူစစ်ဆေးနိုင်တဲ့ နည်းလမ်းကတော့Gasအိုးအထွက် valve နဲ့ pressure regulator valveဖွင့်ထားချိန် (ဘုလုံး (knob)လေးကိုဖိပြီး ဖွင့်ထားပြီးတဲ့အခါ)ဆပ်ပြာရည်ဖျော်ကို အမြုပ်ထအောင်မွေပြီး ဆပ်ပြာရည်မြုပ်တွေကို ပိုက်လိုင်းတလျောက်ဖြစ်စေ ၊ Gasယိုစိမ့်နေတယ်လို့သံသယရှိတဲ့နေရာကိုဖြစ်စေ၊ပိုက်ဆက်တွေကိုဖြစ်စေသုတ်ကြည့်ရင်ဘူစီပေါင်းလေးတွေထလာတဲ့နေရာမှာ Gas ယိုစိမ့်နေပါတယ်။ ပိုက်လိုင်းတလျောက် ပူစီပေါင်းလေးတွေ မထဖူးဆိုရင်တော့ ပိုက်လိုင်းကောင်းတယ်လို့ ယူဆရမှာဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အိုးနဲ့မီးဖိုက ပိုက်ဆက်ကိုဖြုတ်ပြီး တဖက်ကပိတ် ၊ အခြားတဖက်ကနေ စက်ဘီးလေထိုးတံနဲ့ထိုး၊ ဆပ်ပြာရည် (သို့မဟုတ်) ရေဇလုံထဲနှစ်ကြည့်လို့ ပူစီပေါင်း (bubbles) လေးတွေ ထတာတွေ့ရရင် အဲ့ဒိနေရာဟာ Gas ယိုစိမ့်နေပါတယ်။ ဒါဆိုရင်တော့ ဒီပိုက်ကိုအသစ်လဲဖို့လိုအပ်ပါတယ်။ ပိုက်တွေဟာ ရာသီဥတုဒါဏ်ကြောင့် မာသွားရင် အသစ်လဲပေးဖို့ လိုပါတယ်။ ၄။ ထို့အတူ မီးဖိုမှာကပ်ငြိနေတဲ့ ဆီခိုးဆီငွေ့များနဲ့ အညစ်အကြေးများ ၊ အမှိုက်များဟာလဲ မီးလောင်လွယ်တာမို့ အခါအားလျော်စွာသန့်ရှင်းပေးဖို့ လိုအပ်သလို မီးဖိုက ဓါတ်ငွေ့ထွက်ပေါက်များကိုလဲ အခါအားလျော်စွာ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ ၅။ Gas ယိုစိမ့်ရင် အနံရပါတယ်။ Gas အနံက အလွန်အနံပြင်းပြီး သိသာထင်ရှားလှပါတယ်။ Gas ယိုစိမ့်နေတယ်လို့သံသယရှိနေရင်လျှပ်စစ်မီးခလုပ်တောင် မဖွင့်သင့်ပါ။ Gas ယိုစိမ့်နေကြောင်း သံသယရှိပါက မီးဖိုက switch valve ကိုအရင်ပိတ်ပါ။ ပြီးရင် အိုးအထွက် valve ကိုပိတ်ပြီး Gas ယိုစိမ့်မှုကို သေချာစွာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ထိုအခါ Gas ယိုစိမ့်နေပါက ပိုက်လိုင်းလက်ကျန်သာ ယိုစိမ့်နိုင်မှာဖြစ်သလို Gasယိုစိမ့်မှုကိုလဲရှာဖွေနိုင်မှာဖြစ်ပါတယ်။ Gasယိုစိမ့်မှု မစစ်ဆေးပဲ လုံးဝ အသုံးမပြုသင့်ပါဘူး။ ၆။ ချက်ပြုတ်တဲ့အခါ တံခါးများဖွင့်ထားခြင်း၊ လေဝင်လေထွက်ကောင်းမွန်အောင် လေမှုတ် စက်များ၊အပူငွေ့နှင့် မီးခိုးထုတ်စက်များဖွင့်ထားခြင်းတွေလဲ ပြုလုပ်သင့်ပါတယ်။ ၇။ ရေနံဓါတ်ငွေ့ရည် (LPG) ဟာ လေထက် လေးတာကြောင့် အောက်ခြေပိုင်းမှာပဲ ရှိနေ တတ်ပြီး ထိုနေရာတွေမှာ လျှပ်စစ်မီးခလုပ်တွေ၊extention wire ကြိုးခွေတွေ စတဲ့ မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ ရှုပ်ထွေးမနေသင့်ပါဘူး။ ရှင်းလင်းနေရမှာ ဖြစ်ပါတယ်။ ၈။ Gas အိုးနားမှာ အခြားမီးဖိုများရှိမနေသင့်ပါ။ Gas အိုးကို နေရောင်တိုက်ရိုက် ထိတွေ့ခြင်းများ၊ အပူချိန်မြင့်မားတဲ့နေရာများ၊ Gasအိုးအနီးသို့ လွယ်လွယ်ကူကူ သွားလာလို့မရတဲ့နေရာတွေမှာ မထားသင့်ပါ။ နွေရာသီလိုပူပြင်းတဲ့ ကာလမျိုးမှာ Gas အိုးကို ဂုံနီအိတ် (သို့မဟုတ်) စောင်ကဲ့သို့ အဝတ်စထူထူကို ရေစွတ်ပြီးအုပ်ထားသင့်ပါတယ်။ ၉။ ချက်ပြုတ်ပြီးတဲ့အခါမှာ အိုးအထွက် valve ကို ဦးစွာပိတ်ပြီး မီးဖိုပေါ်က မီးငြိမ်းသွားတော့မှမီးဖိုမှ switch valveကိုပိတ်ပါ။ သို့မှသာပိုက်လိုင်းထဲမှာ Gas များကျန်ရှိမနေမှာ ဖြစ်ပါတယ်။ ၁၀။ Gas အိုးနဲ့ မီးဖိုရှိတဲ့နေရာဟာ လေဝင်လေထွက် ကောင်းဖို့ အလွန်အရေးကြီးပါတယ်။ (အကယ်၍ Gas ယိုစိမ့်သည်ရှိသော်)စုပ်ထုတ်နိုင်ရန် exhaust fans များလဲ တပ်ဆင်ထားသင့်ပါတယ်။ Gas အိုးနဲ့ မီးဖိုကို ကလေးများ လက်လှမ်းမှီနိုင်တဲ့ နေရာမှာ မထားဖို့လဲ ဂရုပြုသင့်ပါတယ်။ ၁၁။ ပိန်ရှုံနေတဲ့အိုးများ၊ သံချေးကိုက်နေတဲ့အိုးများ၊ အထွက် valve မကောင်းတဲ့အိုးများကို မသုံးသင့်ပါ။ ၁၂။ မီးဖိုအနီးနားမှာ အလွယ်တကူအသုံးပြုနိုင်တဲ့ ပေါင်ဒါ (သို့မဟုတ်) အမြုပ် မီးသတ်ဆေးဗူး ဆောင်ထားသင့်ပါတယ်။ အကယ်၍ ပိုက်လိုင်းအနီးအနားမှာမီးလောင်ပါက စောင်ကဲ့သို့ ခပ်ထူထူအဝတ်စမျိုးကို ရေစွတ်ပြီး မီးလောင်တဲ့ နေရာပေါ်ကို ပစ်တင်ခြင်းဖြင့် မီးငြိမ်းသတ်နိုင်ပါတယ်။ ၁၃။ မီးဖိုနဲ့ ပါတ်သက်ပြီး သံသယ တခုခုရှိရင် နားလည်တတ်ကျွမ်းသူများနဲ့သာ ခေါ်ယူဆွေးနွေးပါ။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ အိမ်မှာ ဆေးဝါးတွေဆောင်ထားမယ်ဆိုရင် ဒီအချက်တွေကို အရင်လေ့လာပါ ဈေးကြီးတန်ဖိနပ်တွေကို အိမ်မှာ ဘယ်လိုပိုးသတ်သန့်စင်မလဲ ယောကျာ်းများအတွက် အိမ်ထဲမှာ ဖိနပ်မစီးသင့်တဲ့အကြောင်းအရင်းများ နာမည်ကျော်အားကစားသမားတွေ ပိုင်ဆိုင်တဲ့ တန်ဖိုးအကြီးဆုံး စံအိမ်ကြီးတွေ Credit : Walter Schellenberg Posted By : Ra Wai (ShweProeprty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ