By Myanmar Builders Guide, Shweproperty.com
Updated at 28 August 2018
မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက တည်ဆောက်သည့် မြရည်နန္ဒာတန်ဖိုး မျှတအိမ်ရာရှိ တိုက်ခန်း ၆၇၂ ခန်း ကို အစိုးရဝန်ထမ်း အငြိမ်းစားများနှင့် လုပ်သက်ရင့် ဝန်ထမ်းများ အား မဲနှိုက်ရောင်းချပေးခဲ့သည်။
ချမ်းမြသာစည်မြို့နယ် မြ ရည်နန္ဒာတန်ဖိုးနည်းအိမ်ရာရှိ ပထမအသုတ် အခန်း ၆၇၂ ခန်းကိုသြဂုတ် ၂၆ ရက်က မဲနှိုက်ပေးပြီး သြဂုတ် ၂၇ ရက်တွင် ဝယ်ယူခွင့်မဲပေါက်သူများ မိမိနေထိုင်ဝယ်ယူမည့် အခန်းများကိုကိုယ်တိုင်မဲနှိုက် ရွေးချယ်ခွင့်ပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
‘‘မှန်မှန်ကန်ကန်နဲ့ ပွင့်လင်း မြင်သာစွာ လုပ်မယ်။ စည်းကမ်း ချက်ထဲမှာပါတယ်။ ငါးနှစ်အတွင်း ပိုင်ရှင်ပြောင်းလဲခြင်း၊ နေထိုင်ခြင်း မလုပ်ရဘူးဆိုတာပါ တယ်။ သိပ်မကြာခင်မှာ ဖိဖိစီးစီး စစ်ဆေးမယ်။ မဲပေါက်တဲ့လူမ ဟုတ်တဲ့ လက်ထဲရောက်နေတာတွေ့ရင် ပြန်သိမ်းမယ်။ ဝယ်ထား တဲ့လူက နစ်နာမယ်။ စည်ပင်ကတော့ ပြန်အမ်းမှာမဟုတ်ဘူး။ ဝယ်မိတယ်ဆိုရင် ပြဿနာနဲ့ တွေ့မယ်’’ဟု ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
ပထမအသုတ် ရောင်းချပေး သည့် တိုက်ခန်း ၆၇၂ ခန်းကို ပင်စင်စားဝန်ထမ်းများအတွက် အခန်း ၂ဝဝ၊ နိုင်ငံ့ဝန်ထမ်းလုပ်သက် ၁ဝ နှစ်အထိ ၂၅ ခန်း၊ လုပ်သက် ၁၁ နှစ်မှ ၂၅ နှစ်အထိ ၁၉၂ ခန်း၊ လုပ်သက် ၂၆ နှစ်မှ ၆၀ နှစ်အထိ ၂၅၅ ခန်းကို ခွဲဝေမဲနှိုက်ခဲ့ သည်။ယခုတစ်ကြိမ်တွင် မဲပေါက်သူများကို ၂၀၁၉ အတွင်း ဆက်လက်ရောင်းချချိန်၌ ဒုတိယအသုတ်အဖြစ် ဆက်လက်စဉ်းစား မည်ဖြစ်သည်။တိုက်ခန်း ဝယ်ယူခွင့် လျှောက်လွှာတင်ခဲ့သူ အငြိမ်းစားဝန်ထမ်း ၂,၅၈၂ ဦး၊ နိုင်ငံ့ဝန်ထမ်း ၈,၆၂၂ ဦးရှိခဲ့သည်။
Ref : Myanmar Builders Guide
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ