By Myanmar Builders Guide, Shweproperty.com
Updated at 18 September 2018
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ထားသည့် တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာများ ဝယ်ယူနိုင်ရန် အတွက် ဆောက်လုပ်ရေး နှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင် တိုက်ခန်း၏ ၃ဝရာခိုင်နှုန်းစုဆောင်းထားသူများအား ဂျပန်နိုင်ငံမှ ချေးငွေယန်း ၁၅ဘီလီယံဖြင့် ယင်းဘဏ်မှ တစ်ဆင့် နှစ်ရှည်ချေးငွေများကို အတိုးနှုန်းသက်သာစွာထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးဌာန မြေယာချေးငွေ မြေနှင့် အိမ်ရာဌာနခွဲမှ သိရသည်။
ဂျပန်နိုင်ငံ JICA ၏ ODA Two Step Loan ဖြင့် ဂျပန်ချေးငွေယန်း ၁၅ ဘီလီယံကို နှစ် ၄ဝ ပြန်ဆပ်ကာလနှင့် ၁ဝနှစ် တစ်ဖြတ်ချေးငွေပြန်ဆပ်ရမည်ဖြစ်ပြီး ပထမ ၁ဝ နှစ် ကို အတိုးနှုန်းပေးစရာမလိုဘဲ ဆပ်ရမည်ဖြစ်သည်။အဆိုပါချေးငွေကိုဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ထားသော တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာများကို ယခင်နှစ်များကထက် အတိုးနှုန်းသက်သာစွာဝယ်ယူနိုင်ရန်အတွက်အများဆုံး ၁၅နှစ် ပေးချေဝယ်ယူနိုင်မည့် နှစ်ရှည်အရစ်ကျချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တန်ဖိုးနည်းတန်ဖိုးသင့် အိမ်ရာများဝယ်ယူနိုင်ရန် အတိုးနှုန်းသက်သာသည့်ချေးငွေများကို လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှ စတင်ထုတ်ချေးပေးရန် စီစဉ်ထားပြီး အပိုင်းသုံးပိုင်းဖြင့် ချေးပေးသွားမည်ဖြစ်သည်။ပထမအပိုင်းတွင် ဌာနပိုင်ဆောက်လုပ်ထားပြီး အိမ်ရာများကို ရောင်းချရန်ချေးငွေထုတ်ပေးခြင်းဖြစ်ပြီး ဒုတိယအပိုင်းတွင်ဌာနမှ အရည်အသွေးမြင့် အိမ်ရာတိုက်ခန်းများ တည်ဆောက်နိုင်ရန်နှင့် တတိယအပိုင်းတွင် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများအတွက် နည်းပညာများအဆင့်မြင့်လာစေရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ချေးငွေအတွက် Loan Agreement ရေးထိုးထားပြီးဖြစ်ကြောင်း၊ရောင်းချမည့် တန်ဖိုးနည်းတန်ဖိုးသင့် တိုက်ခန်းအိမ်ရာများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများပါဝင်သည့် ဦးဆောင်ကော်မတီမှ ရွေးချယ်သတ်မှတ်ကာ ပွင့်လင်းမြင်သာစွာ ပြည်သူအများသိရှိရန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနမှ သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ