By Lily, Shweproperty.com
Updated at 22 August 2022
အခုအချိန်မှာ ငွေကိုလက်ကိုင်ထားရင် ငွေတန်ဖိုး အလိုလို လျော့လာနေတာကြောင့် အဖက်တင်အောင် ရင်းနှီးမြုပ်နှံမှု တစ်ခုတော့ လုပ်ထားဖို့ သင့်ပါတယ်။ ဒါဆိုရင် စုထားတဲ့ ငွေတွေကို ဘယ်နေရာတွေမှာ ရင်းနှီးမြုပ်နှံမလဲ။ တချို့ကလည်း ရွှေဝယ်ထားရမလား၊ အိမ်ခြံမြေ ဝယ်ထားရမလား ဒွိဟဖြစ်နေကြပါတယ်။ "မရှိဝမ်းစာ ရှိတန်ဆာ" ဆိုတဲ့ ရွှေဟာ လက်ရှိမှာ ဈေးနှုန်း အဆမတန် မြင့်တက်နေသလို ဈေးနှုန်းအပြောင်းအလဲတွေကလည်း ခဏအတွင်း အမျိုးမျိုး ဖြစ်ပျက်နေပါတယ်။ အဲဒီအခါ ကိုယ့်အနေနဲ့ ရွှေဝယ်ပြီးလို့ ဈေးပြန်ကျသွားရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ စိုးရိမ်စိတ်ကလေးတွေလည်း အနည်းနဲ့အများ ရှိနေပါတယ်။ ဒါဆိုရင် အိမ်ခြံမြေ အပိုင်းမှာကရော၊ အိမ်ခြံမြေ အခြေအနေမှာဆိုရင် အတော်လေးလှုပ်ခတ်နေပြီး ရောင်းလိုအားကောင်းသလို ဝယ်လိုအားလည်း ကောင်းနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၆ လတာ ကာလအတွင်းမှာ မြေကွက် ဈေးနှုန်း တက်ရိပ်ပြခဲ့ပြီး အခုထိ ဈေးမကျသေးဘူးဆိုတော့ ဈေးတန့်နေတယ်လို့ ပြောလို့ရပါမယ်။ မြေဈေးကွက်က အမြင့်ဈေးမှာ ရှိနေပြီး နိုင်ငံတွင်း စီးပွားရေးကလည်း တဖြေးဖြေး ကျဆင်းလာနေတော့ ရောင်းမယ့်သူကလည်း ဝယ်နိုင်ပါ့မလားဆိုပြီး မရောင်းရဲသလို ဝယ်မယ့်သူကလည်း ဘာဖြစ်လာဦးမလဲ မသိသေးတဲ့ အခြေအနေမှာ ငွေကို မသုံးရဲသေးတာကြောင့် မဝယ်ရဲသေးဘဲဖြစ်နေပါတယ်။ ရောင်းသူဘက်က ကြည့်မယ်ဆိုရင် ဈေးတက် ထားတဲ့အတွက် လောလောဆယ်လည်း ဈေးထပ်မတက်နိုင်သေးတော့ မြတ်ဖို့မသေချာတဲ့ စိုးရိမ်မှုလေးတွေ ရှိနေပါတယ်။ ဝယ်သူဘက်ကတော့ သိပ်အရှုံးမရှိဘူးလို့ ထင်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြေကွက်တွေဟာ အလိုလိုနေရင်းကို နှစ်ကြာလာလေလေ တန်ဖိုးတက်လာလေလေ ဖြစ်တာကြောင့် အခုချိန် ဝယ်ထားလိုက်ရင် အိမ်ဆောက်ရင်ဆောက်၊ ခြံစိုက်ရင်စိုက်၊ စီးပွားရေး လုပ်ရင်လုပ် တစ်ချိန်ချိန်ကြ အခုပေါက်ဈေးထက် များစွာတန်ကြေးရှိလာနိုင်ပါတယ်။ ကွန်ဒိုတွေ၊ တိုက်ခန်းတွေမှာ ဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျဝယ်ယူလို့ရတဲ့ အခွင့်အလမ်းတွေ ပေါ်လာနေပေမယ့် နိုင်ငံစီးပွားရေး အခြေအနေအရ ကိုယ့်မှာ အလုပ်မရှိတော့တဲ့အခါ လစဉ်အရစ်ကျ သွင်းရမယ့် ငွေကို မသွင်းနိုင်တော့တဲ့အခါ ဆုံးရှုံးမှုတွေ ကြုံလာရနိုင်တာကြောင့် အချို့ကလည်း မျက်စိစုံမှိတ် မဝယ်ရဲသလို ဖြစ်နေပါတယ်။ တိုက်ခန်းအငှားဈေးကွက်မှာတော့ ပုံမှန်အတိုင်းပဲ လည်ပတ်နေတာ တွေ့ရပါတယ်။ တိုက်ခန်းငှားခ ဈေးနှုန်းတွေ အရမ်းကြီး ပြောင်းလဲတာမျိုး မရှိသေးပါဘူး။ ဒီတော့ အရင်းလည်း မပျောက်၊ အမြတ်လည်းရှိအောင် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အိမ်ခြံမြေမှာပဲဖြစ်ဖြစ်၊ ရွှေငွေရတနာမှာပဲဖြစ်ဖြစ်၊နောက်ပြီး အခြားနိုင်ငံရဲ့ ခိုင်မာတဲ့ stock တွေမှာ ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ဖြစ် လုပ်ထားဖို့ အကြံပေးလိုက်ပါတယ်။ ဥပမာ - အခုလက်ထဲမှာ သိန်း ၁၀၀ ကိုင်ထားမယ်ဆိုရင် နောက် ၅ နှစ်ခန့်အချိန်မှာ သိန်း ၁၀၀ ဟာ သိန်း ၅၀ လောက်ထိ တန်ဖိုးကျသွားနိုင်ပါတယ်။ ဆိုတော့ ဒီတိုင်းလက်ထဲမှာ ကိုင်ထားမယ့်အစား အထက်မှာ ပြောခဲ့သလို တစ်နေရာရာမှာ ရင်းနှီးမြုပ်နှံလိုက်ခြင်းဟာ အကောင်းဆုံး ဖြစ်စေမှာပါ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်ရဲ့အိမ်လေးကို အလွယ်ကူဆုံး အလှဆင်နိုင်မည့် နည်းလမ်းကောင်းများ ဘာတွေကများ အိမ်တွင်းလေထု ကို ညစ်ညမ်းစေတာလဲ မီးဖိုချောင်သုံး ရေမြှုပ်ဖတ်နှင့် ကျန်းမာရေး ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ