By Ra Wai, Shweproperty.com
Updated at 7 July 2020
ရန်ကုန်မြို့ရှိ လူနေထိုင်ရန်မသင့်သော အန္တရာယ်ရှိသည့် အဆောက်အအုံများကို စစ်ဆေးမှုများပြုလုပ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတိပေးစာများကပ်နှိပ်ကာ အသိပေးထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။
ရန်ကုန်မြို့တွင် ကန်ထရိုက်များဖြင့် တည်ဆောက်ထားသော အထပ်မြင့်အဆောက်အအုံအများစုကို ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်နှင့် တာမွေမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ သာကေတမြို့နယ်တို့တွင် အများဆုံးတွေ့ရှိရကြောင်း သိရပါတယ်။
လက်ရှိတွင် အဆိုပါ အဆောက်အအုံများကို ပြန်လည်စစ်ဆေးမှုများပြုလုပ်ရန် စစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့စည်းထားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ဦးဆောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ထိုသို့စစ်ဆေးရာတွင် လူနေထိုင်ရန်မသင့်သော အန္တရာယ်ရှိ အဆောက်အအုံများအဖြစ် စစ်ဆေးတွေ့ရှိပါက သတိပေးစာများကပ်၍ အသိပေးသွားမည်ဖြစ်ကာ လူနေထိုင်ခြင်းမပြုရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ ရန်ကုန်မြို့တွင် လူနေထိုင်ရန်မသင့်သော အန္တရာယ်ရှိ အဆောက်အအုံများစွာရှိနေပြီး ယခင်ကတည်းက အန္တရာယ်ရှိ အဆောက်အအုံများအဖြစ် သတ်မှတ်ထားသော အဆောက်အအုံများလည်းပါဝင်ကာ မကြာသေးမီကလည်း မြို့နယ်တချို့တွင် တိုက်ခန်းပြိုကျမှုများ ဖြစ်ပွားခဲ့သဖြင့် သက်တမ်းရင့် အဆောက်အအုံများနှင့် အန္တရာယ်ရှိနိုင်သော အဆောက်အအုံများကို စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။
Ref & Photo Credit By: Myanma Platform
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ