By The Trade Times, Shweproperty.com
Updated at 1 September 2015
ရေကြီးနစ်မြုပ်မှုနှင့် မြေပြိုမှုများ ကြောင့် အိမ်ခြေများစွာ ပျက်စီး ဆုံးရှုံးခဲ့ရသည့်ဒေသများ၌ တန်ဖိုး သင့် လုံးချင်းအိမ်များ ဆောက်လုပ် ပေးသွားမည် ဖြစ်ကြောင်း ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်း ဒေသကြီး ၁၄ ခုအနက် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် ရေကြီး နစ်မြုပ်မှုများကြောင့် လူနေအိမ်ခြေ မြောက်မြားစွာ ပျက်စီးခဲ့သည်။ ပျက် စီးမှုအများဆုံး ဒေသများမှာ ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်နှင့် တမူးခရိုင်တို့ ဖြစ်ပြီး မြေပြိုမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ ရသော ပြည်နယ်မှာ ချင်းပြည်နယ် ဖြစ်သည်။ ယင်းဒေသများမှ လူနေ အိမ်များလုံးဝ ပျက်စီးသွားခြင်းဖြစ်ရာ ထိုသို့ သဘာဝရေဘေးဒဏ်ခံခဲ့ ရသော ပြည်သူများအတွက် တန်ဖိုး သင့် လုံးချင်းအိမ်များကို ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ”အရင်ဦးဆုံး ကျွန်တော်တို့ ဆောက်လုပ်မှာက ဟားခါးမှာပါ။ အဲဒီမှာက မြေပြိုတာဆိုတော့ ပျက်စီး မှုပိုများတယ်။ ပြိုကျတဲ့ နေရာတွေ က မြေမကောင်းတာကြောင့် တခြား နေရာတွေမှာ အစားထိုး ပြန်ဆောက် ပေးမှာပါ။ အခုလည်း ဘူမိဗေဒ ပညာရှင်တွေ စစ်ဆေးနေပါတယ်” ဟု မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် တန်ဖိုးသင့် လုံးချင်းအိမ်ရာများ ဆောက်လုပ်ပေးရာတွင် ထိုလုံးချင်း အိမ်တစ်အိမ်ချင်းစီသည် အကျယ် အဝန်းအားဖြင့် ၁၈ ပေ ထ ပေ၂ဝ ရှိပြီး မိသားစုငါးဦးနှင့်အထက် နေထိုင်နိုင် ကြောင်း၊ ¤င်းအိမ် တည်ဆောက် ထားသည့် မြေကွက်မှာ စတုရန်းပေ ၆၄ဝ ရှိမည် ဖြစ်ကြောင်း၊ အိမ်မှာ ပျဉ်ထောင်သွပ်မိုး အိမ်ဖြစ်ကာ အိပ်ခန်း နှစ်ခန်းပါဝင်လျက် တန်ဖိုး အားဖြင့် ကျပ် ၄၄ ဒသမ ၄ သိန်း တန်ဖိုး ရှိကြောင်း၊ မိသားစုသုံးဦး နေထိုင်နိုင် သော အိပ်ခန်းနှစ်ခန်းပါ စတုရန်းပေ ၅၄ဝ ကျယ်သည့် အိမ်တစ်လုံး၏ တန်ဖိုးမှာ ကျပ် ၃၇ ဒသမ ၄ သိန်းခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။ ”ကျွန်တော်တို့ကတော့ သစ် တွေ ကူညီပေးသွားမှာပါ။ အစိုးရ အနေနဲ့ကလည်း အားလုံးကို ပြန် လည် ထူထောင်ပေးဖို့ဆိုတာ ဖြစ်နိုင် ခြေနည်းပါတယ်။ အဲဒါကြောင့် ပူးပေါင်းကူညီပေးမယ့် စေတနာရှင် လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ပါ တယ်”ဟု မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်း တန်ဖိုးသင့် အိမ်ရာများ ဆောက်လုပ်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များ ကို ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ရန် တစ်ဦး ချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ် စေ ပါဝင်ကူညီဆောင်ရွက်ပေးရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ”ဒီလို အိမ်ပြန်ဆောက်ပေးမယ် ဆိုရင်တော့ ကောင်တာပေါ့။ အလ ကား ပေးမှာလား၊ အရစ်ကျ ပြန်ဆပ် ရမှာလား၊ အခုအထိ အလုပ်အကိုင် မရှိသေးတော့ ကိုယ့်အိမ်ကိုယ် ပြန် ဆောက်ဖို့လည်း မဖြစ်နိုင်ဘူး။ မကြုံ စဖူး ကြုံခဲ့ရတဲ့ ဒီသဘာဝဘေးက ကျွန်မတို့ရဲ့ စားဝတ်နေရေးကိုပါ ခက်ခဲစေတယ်”ဟု စစ်ကိုင်းဒေသ ကြီး၊ တမူးခရိုင်တွင် ရောင်းဝယ် လုပ်ကိုင်စားသောက်နေရင်း ဆိုးရွာ သည့် ရေကြီးမှုကြောင့် ဒုက္ခရောက်ခဲ့ ရသည့် ဒေါ်ညိုက ပြောသည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် လွန်ခဲ့သည့် ဇွန်လနှင့် ဇူလိုင်လတို့၌ ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများ ကြောင့် အိမ်ခြေများ ရေနစ်မြုပ်ခြင်း၊ မျောပါခြင်းတို့ ဖြစ်ပွားခဲ့ပြီး မြန်မာ နိုင်ငံတစ်ဝန်းရှိ ရေဘေးဒဏ်ခံဒေသ အသီးသီးမှ အိမ်ထောင်စုပေါင်း ၄၁၉,၂၄၈ စု ရေဘေးသင့်ခံရကာ အိမ်ရာပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ