By 7daydaily, Shweproperty.com
Updated at 15 October 2015
ရန်ကုန်မြို့၏ လက်ရှိ ရေပေးဝေရေးစနစ်တစ်ခုလုံးကို ပြောင်းလဲကာ ဇုန် ၁၀ ဇုန်ခွဲခြား ၍ ရေဖြန့်ဖြူးမှုအစီအစဉ်လုပ် ဆောင်မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။ လက်ရှိဂျိုးဖြူနှင့်လှော်ကား မှ ရေဖြန့်ဖြူးသည့်စနစ်ကို ပုံစံ ပြောင်းပြီး ဇုန်အလိုက်ခွဲခြား၍ ရေပေးဝေနိုင်ရန် စီစဉ်နေပြီဖြစ် ကြောင်း မြို့ပြနှင့်မြေယာစီမံခန့် ခွဲမှုဌာန ညွှန်ကြားရေးမှူး ဦးတိုး အောင်ကပြောသည်။ ဇုန်အလိုက် ရေပေးဝေနိုင် ရန် ရေလှောင်ကန်၊ရေစုပ်စက်များ စတင်စုဆောင်းခြင်းအပါအဝင် ရေပေးဝေရေးစနစ်သစ်များကို စတင်ပြင်ဆင်နေပြီး ရေရရှိရေးသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်စပ် ပူးပေါင်းလုပ်ဆောင် မည်ဖြစ်ဟု၎င်းကပြောသည်။ ရန်ကုန်တွင် လူဦးရေငါး သန်းအတွက် နေ့စဉ် ရေဂါလန် သန်း ၁၅၀ ခန့် ဖြန့်ဖြူးပေးနေရ ပြီး ယင်းပေးဝေမှုမှတစ်ဆင့် အ လေအလွင့်မှာ ၆၀ ရာခိုင်နှုန်းအ ထိရှိနေသောကြောင့် သုံးစွဲသူ လက်ထဲတွင် အလေအလွင့်မရှိ စေရန် ဆောင်ရွက်မည်ဖြစ်ကာ ရေပေးဝေနိုင်မည့် အရင်းအမြစ် များ ရှာဖွေတွေ့ရှိထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ စစ်တမ်းကောက် ယူမှုများမှသိရသည်။ လက်ရှိတွင်ဇုန်အလိုက်ရေ ပေးဝေနိုင်ရေးအစီအစဉ် စတင်မှု အဖြစ် ကမ္ဘာအေးဘုရားလမ်းတွင် JICA ၏ အထောက်အပံ့ဖြင့်ရေပိုက်လိုင်းတစ်ခု လုပ်ဆောင်နေပြီး ရေသန့်စင်စက်ရုံများ တည်ဆောက်ရန် လျာထားကြောင်းသိရသည်။ သုံးစွဲမှုတိုးလာနိုင်သည့် သီလဝါ အထူးစီးပွားရေးဇုန်အတွက် တိုးမြစ်မှတစ်ဆင့် ဒလနှင့်သီလဝါ ဒေသများသို့ ရေပေးဝေနိုင်ရေး စီမံကိန်းများ လုပ်ဆောင်နေ ကြောင်း သိရသည်။ နောက်ပိုင်းတွင် အထပ်မြင့် တိုက်တာတည်ဆောက်မှုများ ကြောင့် ကိုယ်ပိုင်အဝီစိတွင်း တူး သူများကို ဂျိုးဖြူနှင့်လှော်ကားရေ ပေးဝေခြင်း လျှော့ချထားမှုများပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။ ‘‘ဂျိုးဖြူရေက လျှပ်စစ်မီး ပေါ်မူတည်တယ်။ ရပ်ကွက်ထဲ မီးတွေဘာတွေပြတ်ရင် စည်ပင် ကပေးတဲ့ရေက မလာချင်တော့ ဘူး။ နွေရာသီဆိုလည်း ပေးဝေတဲ့ ရေပမာဏ အရမ်းနည်းတယ်’’ဟု မြောက်ဥက္ကလာပ မြို့နယ်နေ အိမ်ရှင်မတစ်ဦးကဆိုသည်။ ယခု ရန်ကုန်မြို့တော်စည် ပင်အပါအဝင် ဝန်ကြီးဌာနများနှင့် ဆက်စပ်လုပ်ဆောင်နေသည့် စီမံ ကိန်းများပြီးစီးပါက ရေပေးဝေရေးစနစ်အပါအဝင် ရန်ကုန်မြို့၏နှစ်စဉ်ရေကြီးရေလျှံမှုဒဏ်ကိုပါ ဖြေလျှော့ပေးနိုင်သည့် အစီအစဉ်များ ရေးဆွဲထားကြောင်း သိရသည်။
Ref : 7daydaily
Photo Credit : Themeltinh
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ