By Myanmar Builders Guide, Shweproperty.com
Updated at 25 February 2019
ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ မြေဧက ၁၇ ဧကပေါ်တွင် Emerald Bay အမည်ဖြင့် ကွန်ဒိုအခန်း ၅၈၀၀ ကျော်ပါဝင်မည့် အဆင့်မြင့်အိမ်ရာ စီမံကိန်းတစ်ခု ဖော်ဆောင်နေကြောင်း ယင်းစီမံကိန်းကို ဖော်ဆောင်မည့် စင်ကာပူအခြေစိုက် Golden Paragon Investment ကုမ္ပဏီထံမှ သိရသည်။
ယင်းစီမံကိန်းကို သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ပဲခူးမြစ်အနီးရှိ ရှုခင်းသာမြို့ပတ်လမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းပထမအဆင့်အနေဖြင့် ၃၂ ထပ်အမြင့်ရှိသည့် ကွန်ဒိုအဆောက်အအုံ ၁၉ လုံး ပါဝင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ အရောင်းမန်နေဂျာ Mr.Alex က ပြောကြားသည်။
ယင်းစီမံကိန်းကို လာမည့်မတ်လတွင် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ဝယ်ယူထားသူများထံ အခန်းများ အပ်နှံမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
Emerald Bay အဆင့်မြင့် အိမ်ရာစီမံကိန်းကို မြန်မာနိုင်ငံရှိ တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် Golden Paragon Investment ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံရင်းနှီးမြှုပ်နှံထားကြောင်း Golden Paragon Investment ကုမ္ပဏီထံမှ သိရသည်။
ယင်းအဆင့်မြင့်အိမ်ရာစီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားအဖြစ် မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) ခန်းမတွင် ဖေဖော်ဝါရီလ ၂၁ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ