By Ra Wai, Shweproperty.com
Updated at 10 December 2021
အိမ်တွင်းရှိ ကျိုးကြေနေတဲ့ သို့မဟုတ် ဖိတ်ကျနေတဲ့ ပစ္စည်းတွေကို ဖုန်စုပ်စက်နဲ့ စုပ်ယူရှင်းထုတ်လိုက်ခြင်းက တစ်ခါတစ်လေကျတော့ အလွယ်ကူဆုံးနဲ့အမြန်ဆုံး နည်းလမ်းတစ်ခုလိုဖြစ်နိုင်တာကြောင့် ကြိုးမဲ့ဖုန်စုပ်စက်တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါတယ်။ သို့သော်လည်း ကျွန်မတို့ရဲ့ ဖုန်စုပ်စက်တွေဟာ ဝယ်ထားတာမကြာသေးပေမယ့်လည်း အနံ့ဆိုးထွက်လာခြင်း၊ အလုပ်လုပ်နိုင်အား လျော့နည်းလာခြင်း၊ သို့မဟုတ် လုံးဝအလုပ်မလုပ်တော့ခြင်း စတဲ့အခြေအနေတွေကို ကြုံတွေ့လာနေရပါတယ်။ ဒါဘာကြောင့်ဖြစ်ရလဲဆိုရင်တော့ ဖုန်စုပ်စက်ကို အသုံးမပြုသင့်တဲ့အခြေအနေတွေ၊ အချိန်အခါတွေမှာ အသုံးပြုမိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ၁။ ကော်ဖီ၊ ကော်ဖီမှုန့်များနှင့် ကိုကိုးမှုန့်များ ဖုန်စုပ်စက်နဲ့ အသုံးပြုပြီးသား ကော်ဖီအမှုန့်များကို စုပ်မယ်ဆိုရင်တော့ အတွင်းရှိအမှိုက်ပုံးထဲမှာ မှိုတွေဖြစ်လာနိုင်ပါတယ်။ အသုံးပြုပြီးသား ကော်ဖီမှုန့်တွေက စိုစွတ်နေသလို မထင်ရပေမယ့်လည်း အမြဲတမ်းစိုစွတ်မှုရှိနေပါတယ်။ ဒါ့အပြင် ဖုန်စုပ်စက်အတွင်းပိုင်းတွေမှာ မြန်မြန်ဆန်ဆန် စေးကပ်သွားနိုင်သည့်အတွက် ပြန်ပြီးသန့်ရှင်းရေးလုပ်ရတာလည်း ခက်ခဲနိုင်ပါတယ်။ ကော်ဖီအမှုန့်ခြောက်၊ ကိုကိုးမှုန့်တွေဟာဆိုရင်လည်း ဖုန်စုပ်စက်ရဲ့ဇကာကို ပိတ်ဆို့သွားစေနိုင်တာကြောင့် လုံးဝသုံးမရဖြစ်သွားစေပါလိမ့်မယ်။ ၂။ မြေကြီး အကြောင်းအမျိုးမျိုးကြောင့် အိမ်ထဲကိုရောက်လာတဲ့ မြေကြီးတွေကို အမြန်ဆုံးရှင်းထုတ်ဖို့ ဖုန်စုပ်စက်ကိုအသုံးပြုဖို့ဆိုတာက ခေါင်းထဲအရင်ရောက်လာပါလိမ့်မယ်။ သို့သော်လည်း ကော်ဇောပေါ်ရှိ ဖုန်တွေကိုဖုန်စုပ်စက်အသုံးပြုခြင်းက အတွင်းပိုင်းထိပိုဝင်သွားစေနိုင်ပြီးတော့ ပြန်ထုတ်ရခက်ခဲနိုင်တာကြောင့် ဖြစ်နိုင်မယ်ဆိုပါက ဘရက်ရှ်ကိုအသုံးပြုပါ။ ဒါ့အပြင် မြေကြီးကစိုနေတယ်ဆိုရင် ဖုန်စုပ်စက်ရဲ့အင်ဂျင်ပိုင်းတွေမှာ ပြဿနာဖြစ်သွားစေနိုင်ပါတယ်။ ပန်းခြောက်တွေ၊ သစ်ရွက်တွေကလည်း ဖုန်စုပ်စက်ပိုက်ခေါင်းတွေ သို့မဟုတ် ဇကာတွေမှာ ပိတ်ဆို့နိုင်သည့်အတွက် အသုံးမပြုပါနဲ့။ ၃။ ဆံပင် လုံးဝမဝင်အောင်လို့ ဘယ်လိုမှမတတ်နိုင်ဘူးဆိုပေမယ့်လည်း အတတ်နိုင်ဆုံးတော့ တိရစ္ဆာန်အမွှေးတွေ၊ ဆံပင်မွှေးတွေ တလုံးတထွေးကြီးမဝင်အောင်လို့ ဂရုစိုက်ပါ။ အမှိုက်ပုံး၊ ဇကာတို့ကို မြန်မြန်ဆန်ဆန် ပိတ်ဆို့သွားစေနိုင်ပါတယ်။ ၄။ မိတ်ကပ်များ မိတ်ကပ်ပေါင်ဒါ၊ Highlighter များနှင့် အခြားမိတ်ကပ်ပစ္စည်းတွေက ခြောက်သွေ့သယောင်ထင်ရပေမယ့်လည်း လေပူအောက်မှာ အရည်ပျော်နိုင်တဲ့ အဆီတွေ၊ ဒြပ်တွေပါဝင်နေပါတယ်။ ဒါကြောင့်မို့ ဖုန်စုပ်စက်တွေအတွက် အန္တရာယ်အများဆုံးအရာတွေအဖြစ် အသတ်မှတ်ခံရခြင်းဖြစ်ပါတယ်။ အထဲကိုတခါဝင်သွားမယ်ဆိုရင် ပြန်ပြီးသန့်ရှင်းရေးလုပ်ရတာ အင်မတန်ခက်ခဲပြီး အဆိုးဆုံးကတော့ ဖုန်စုပ်စက်အတွင်းပိုင်းပစ္စည်းတွေကိုတောင် အသစ်လဲလိုက်ရနိုင်ပါတယ်။ ၅။ စက္ကူအပိုင်းအစလေးတွေ ရောင်စုံစက္ကူစလေးတွေက ဖုန်စုပ်စက်ကိုအရမ်းပိတ်လွယ်စေပါတယ်။ ထိုမှတဆင့် အပူလွန်ကဲပြီး အင်ဂျင်ရပ်သွားနိုင်ပါတယ်။ သတ္တုလွှာကနေ ပြုလုပ်ထားတဲ့ ရောင်စုံစလေးတွေဟာဆိုရင် စက္ကူစတွေထက်ကိုပိုပြီးတော့ အန္တရာယ်များပါတယ်။ ဘာလို့လဲဆိုတော့ အတွင်းထဲရောက်သွားသည့်အခါ အပူချိန်ကြောင့် အရည်ပျော်ပြီး နှိုက်ရခက်ခဲတဲ့ ဖုန်စုပ်စက်အတွင်းပိုင်းထိရောက်သွားကာ စက်ကိုလုံးဝသုံးမရလောက်တဲ့အထိကို ဖြစ်စေနိုင်ပါတယ်။ ၆။ ရေစိုကြမ်းပြင် စိုစွတ်နေတဲ့ ကြမ်းပြင် သို့မဟုတ် အစားအသောက်စိုစိုတွေကို ဖုန်စုပ်စက်သုံးခြင်းက အင်မတန်အန္တရာယ်များပါတယ်။ မတော်တဆပြုလုပ်မိခြင်းဖြင့် ဓာတ်လိုက်ခြင်းကို ကြုံတွေ့လာရနိုင်ပါတယ်။ ၇။ ဖန်ကွဲစများ ချွန်ထက်တဲ့ဖန်ကွဲစတွေ ဖုန်စုပ်စက်အတွင်းထဲဝင်သွားသည့်အခါ အတွင်းပိုင်းကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ထိုအခါ အသစ်လဲရင်လဲ မလဲရင် နောက်တစ်ခုအသစ်လုံးလုံးဝယ်လိုက်ရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်အိမ်ထဲက အညစ်ပတ်ဆုံးနေရာ ၇ နေရာ လွယ်ကူသော အိမ်သန့်ရှင်းနည်း ၁ဝ ချက် ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင် ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်တွင် မထားသင့်သော အရာများ Credit By: lifestylemyanmar Posted By : Ra Wai, ShweProperty.com
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ