By Ra Wai, Shweproperty.com
Updated at 6 May 2022
မြေဝယ်မကျ ဆိုသည့်အတိုင်း တွေ့တဲ့ ခြံ/မြေ နှင့်ပေါချောင်ကောင်း ရတဲ့ မြေတိုင်းတော့ 100% အာမမခံနိုင်ပါ။ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ မဝယ်သင့် တဲ့ ခြံမျိုးလည်း ရှိပါသည်။ မြေပိုင်ဆိုင်မှု စာချုပ် စာတန်းအမျိုးမျိုး နှင့် အရှုပ်ရှင်း အမျိုးမျိုးရှိပါသည်။ ဝယ်ထားသော ခြံသည် ပိုင်ဆိုင်မှု့ ခိုင်မာ၍ နောင်တစ်ချိန် အချက်ချာ ကျနိုင်သော နေရာဖြစ်ရမည်။ မြေ အရောင်းဝယ်မှာမြေကို ဝယ်ခြင်း ဆိုသည်ထက် ၊ မြေ၏ ပိုင်ဆိုင်မှုကိုဝယ်ယူခြင်း ဖြစ်ပါသည်။ ဂရံမြေ လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရံမြေကို သာပို သဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေ။▪သစ်တော ဂရံမြေ▪စိုက်ပျိုး ဂရံမြေ▪စက်မှုဇုံ ဂရံ မြေ▪လူနေထိုင်အိမ်ဂရံမြေ အမျိုးမျိုးရှိသည် သစ်တော ဂရံမြေ သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေ ဖြစ်ပြီး၊ မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့် မှ အပအခြားစီးပွားရေး ပြုလုပ်ရန်(သို့မဟုတ်) ခြံပိုင်း၍ရောင်းဝယ်ရန် မလွယ်ကူပါ၊ ခွင့်ပြုချက် အဆင့်ဆင့်လျှောက် တင်ရပါမည်။စိုက်ပျိုး ဂရံမြေအစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ(စလစ်)မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချ ခြင်း လုံးဝ ပြုလုပ်ရန် မသင့်၊ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန် သိမ်းနိုင်သည်။ စက်မှုဇုံဂရံမြေ က-(၃၀) ဖြင့် ခွင့်ပြုချက် ကျပြီး၊ စက်မှုလုပ်ငန်းမှအပ။(3)ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည်။လူနေထိုင်အိမ်ဂရံထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန်ဥပဒေ အရ သော်၄င်း၊ အရောင်းဝယ်ပြုရန်မှာအရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည်။စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့်။ဂရံမြေ ဝယ်ယူမည် ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊မခိုင်မာသော ဂရံ မြေများ လည်း ရှိသည့် နည်းတူ၊အရောင်းဝယ် ပြုလုပ်ရာ အရှုပ်ရှင်းများသော ဂရံ မြေ များလည်း ရှိသည်။မှတ်ချက် - ဂရံမြေများသည် အစိုးရ စီမံကိန်း နှင့်မလွတ်ကင်းပါက အချိန်မရွေးသိမ်းယူနိုင်ပါသည်။ပြည်သူရွေးကောက်တင်မြှောက်ထားသော အစိုးရဖြစ်ပါက လျော်ကြေး ပြန်ရနိုင်ပါသည်။ ပါမစ်မြေ ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီးခိုင်မာမှု့ ရှိသော မြေ ပါ၊ သို့သော် ပါမစ် မြေ ဝယ်ယူ မည်ဆိုပါက သတိထားပါ၊ အကောင်းဆုံးရှေ့နေငှားရမ်းပြီး စီစစ်ပါ၊ စရံချပြီး သတင်းစာတွင် ကြေငြာထည့်ပါ။ ပါမစ် မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို့မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက်ပါရှိရပါမည်။မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည်။ပြေစာ(စလစ်)ပြေစာ စလစ် ဖြင့် ပြသ နိုင်သော မြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။ သို့သော်စည်ပင် ဧရိယာ အပြင် ဘက်မှ မြေ မျိုး များဖြစ်ပြီးမြို့မြေ ဧရိယာ အတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက်နိုင်ပါသည်။▪Gပြေစာ(စလစ်)▪R/G ပြေစာ(စလစ်)▪L ပြေစာ (စလစ်)▪စ/ ပြေစာ (စလစ်)▪ပုံစံ(5) ပြေစာ (စလစ်)▪ရွာမြေ ပြေစာ(စလစ်)▪R4 ပြေစာ(စလစ်) G ပြေစာ(စလစ်) အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ် သာရှိမည်( အမွေဆိုင်) အိမ်ဆောက်လုပ်/ လူနေထိုင်နိုင်သည်။ သို့သော် ဥပဒေ အရ ပိုမိုတရားဝင်လိုလျှင်သ/အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေထိုင် နိုင်ပါသည်။ R/G ပြေစာ(စလစ်) လယ်မှ ပုံစုံပြောင်းထားသော မြေ ဖြစ်ပြီး စိုက်ပျိုးခွင့်မိသားစု နေအိမ် အတွက် (လယ်အိမ်) ပြောင်းလျှောက်ပြီး။ G ပြေစာ(စလစ်) သို့မဟုတ် /က ၃၀ အဖြစ်ပြောင်း လျှောက်သော နိုင် သော မြေ ဖြစ်သည်။L ပြေစာ (စလစ်)သစ်တောမှ မြေအငှား/ ဂရံ (သို့) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး (အခြား) ပြောင်းလျှောက်ခွင့် မှာရရင်ရ၊ မရရင် မရ ပါ။ ဝယ်မည် ဆိုပါက ဌာန ဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများ၊ညွန်ကြားချက် အတိုင်း လိုက်နာ၍ ပြောင်း လွဲရပါမည်။အကွက်ရိုက် ရောင်းချ ခွင့် မရှိပါကြောင်း။ စ/ ပြေစာ (စလစ်) အရောင်းဝယ် မပြုလုပ်လျင် ပိုကောင်းမည်။အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုးဂရံ (သို့မဟုတ်) ပြေစာ စလစ် ဖြစ်ပြီး စိုက်ပျိုးရန်အတွက် သီးသန့်သာ ဖြစ်ပြီး တစ်မိသားစုမှ အပအခြား အိမ်များ ဆောက်လုပ် ခွင့် မရှိပါ၊ အခြားမြေသို့ ပုံစံ ပြောင်း လျှောက် ၍ မရပါ။ အလွန်ခက်ခဲမည်။ အရှုပ်ရှင်း ဖြေရှင်းရမည်။ အကွက်ရိုက်ရောင်းချခြင်းမရှိပါ၊ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။ပုံစံ(5) ပြေစာ ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့စီးပွားရေး၊ စက်မှု့ဇုံ၊ လူနေအိမ်၊ အကွက်ရိုက်ရောင်း စသည့် အရာများ ခွင့်ပြုချက် လျှောက် ၍ ပြုလုပ်နိုင်ပါသည်။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း၊ မြို့ဧရိယာတိုးချဲ့ ခြင်း စသည့် အရာများ ပြု လုပ်နိုင်သည်။(အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)ရွာ မြေ ပြေစာ (စလစ်)မြေ အမျိုးစားတွင် ခိုင်မာမှု ရှိပြီး Google Map တွင်လည်း Singnal ပြသမည်။ Singnal မပြသ သော်လည်း R4 (or) G မြေ ဖြစ်နေပါက ရွာမြေ /ခြံမြေအမျိုးစားတွင် ထည့်သွင်း နိုင်ပါသည်။ အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင်၊ စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့ မျိုး အရှင်း မရှိ။ R4 ပြေစာ(စလစ်) ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့် ရှိပါသည်။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေ အမျိုးစားသို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။လယ် ဧရိယာ အတွင်း တွင် မပါဝင်ရန်သာ လိုသည်။( အရှုပ်ရှင်းကင်းရှင်းပါသည်)လယ်မြေလယ်မြေ ပေမယ့် အရောင်းဝယ် ပြုလုပ်ရာတွင်လွယ်ကူပါသည်။ (R1)(R2)(R3) လယ်များသာအရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမည်။ လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်းR4(သို့မဟုတ်) ပုံစံ(5) သို့ ပြောင်းလျှောက်နိုင်သည်။တစ်ခု သိထားရမည်မှာ မြန်မာ နိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။ဘိုးဘွားပိုင်မြေမျက်မြင်အထောက်ထား တွေ့ရန် အလွန် ခက်ခဲပါသည်။Admin မတွေ့ဖူး ၍လဲ ဖြစ်နိုင်ပါသည်။ ဘိုးဘွားပိုင်မြေသည် ကတီပါအသားဖြင့် ပိတ်ပေါ် တွင်စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော စာချုပ်စာတမ်း အမျိုးစား ဖြစ်သည်။ ခိုင်မာမှု့ တွင် ဂရံ မြေထက် အဆ များစွာ သာသည်။ ခေတ် အဆက်ဆက်အမွှေ ဆက်ခံ ခွင့်ရှိပြီး၊ အရောင်းဝယ် ပြု လုပ်ရာ ၌အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည်။အရှုပ်ရှင်းဆိုသည်မှာမြေပိုင်ရှင်မှာ အမွေ ဆိုင် ရှိခြင်း၊ ပေါင်နှံထားခြင်း၊အစိုးရ စီမံကိန်း နှင့် မလွတ်ကင်းခြင်း၊ သစ်တောမြေများအား ပိုင်းရောင်းခြင်း၊ အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုး မြေ ဂရံ များ ရောင်းချခြင်း၊ ပုံစံ (7)သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်း များဖြစ်ပါတယ်။ မြေဝယ်ယူ မည် ဆိုပါက ထိုအရာများနှင့် မသက်ဆိုင်သော မြေ များ မှာ အရှုပ်ရှင်းကင်းသည်ဟု ဆိုရပါမည်။ မြေဝယ်ယူမည်ဆိုပါကမြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ၊ အမွေဆိုင်များရှိ ပါက ထိုသူ များအားရောင်းရန် သဘောတူကြောင်းအား မိမိ (ရှေ့နေ )အရှေ့တွင် ခံဝန်လက်မှတ် ရေးထိုးခိုင်းပါ။ ပေါင်နှံထားခြင်း ရှိမရှိအားစစ်ဆေးပါ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ်/မဟုတ်ကြောင်းကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်။သစ်တောမြေ ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည်( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည်) စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံးပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ၊ ပုံစံ(7) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိပါသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ကျေးရွာမြေ တစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လို လုပ်ထားရမလဲ ဆင်တူယိုးမှား လယ်မြေနဲ့ လယ်ယာမြေအကြောင်း အိမ်နှင့်မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာ စာချုပ်တွင် အဓိကပါဝင်ရမည့်အချက်များ.. မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ Credit By: ဥပဒေရေးရာ Posted By : Chan Myae (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ