အိမ်တော်တော်များများနဲ့ ရုံးခန်းတွေမှာ အိမ်တွင်းအလှစိုက်ပင်တွေစိုက်ပျိုးလာကြတာကို သတိထားမိကြပါလိမ့်မယ်။ အိမ်တွင်းအလှစိုက်ပင်တွေက နေအိမ်၊ ရုံးခန်းတွေကို ပိုမိုသက်ဝင်လှုပ်ရှားစေပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေက အိမ်ကို လှပစေရုံသာမက လေထုကိုသန့်စင်ပေးတဲ့အတွက် ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေဝယ်လာပြီး နေရာချဖို့ခက်ခဲ  နေတယ်ဆိုရင် ဒီပိုစ့်လေးကိုဆက်လက်ဖတ်ရှုလိုက်ပါ။
 
အိမ်တွင်းအလှစိုက်ပင်တွေကို နေရာမချခင်မှာ သင့်အိမ်လှပဖို့ တစ်ခုထဲကို မစဥ်းစားသင့်ပါဘူး။ အပင်ရဲ့ ရှင်သန်ကြီးထွားနိုင်တဲ့ အခြေအနေတွေကို လည်းထည့်သွင်းစဥ်းစားသင့်ပါတယ်။ ဥပမာ နေရောင်ခြည်ကြိုက်တဲ့အပင်တွေကို အမှောင်ခန်းထဲမှာထားမယ်ဆိုရင် အပင်မကြီးထွားနိုင်တဲ့အပြင် သေဆုံးသွားနိုင်ပါတယ်။



အိမ်ရှေ့ဝရံတာ 
 
တော်တော်များများက အပင်ဝယ်လာပြီဆိုရင် အိမ်ရှေ့ဝရံတာမှာထားဖို့ကို စဥ်းစားကြပါတယ်။ 
 
ဒါဟာ အပင်ကြီးတွေနဲ့ နေရောင်ခြည်ကြိုက်တဲ့အပင်တွေအတွက်တော့ သင့်တော်တဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ နေရောင်ခြည်မကြိုက်တဲ့အပင်တွေကိုတော့ အိမ်ရှေ့ဝရံတာ မှာမစိုက်သင့်ပါဘူး။
 
ဧည့်ခန်း 
 
အိမ်တွင်းအလှစိုက်ပင်တွေကို ဧည့်ခန်းတီဗီစင်မှာတင်ထားခြင်းကလည်း သင့်ဧည့်ခန်းကို လှပနေစေမှာပါ။ ဧည့်ခန်းနံရံမှာ နံရံကပ်စင် (သို့) ပန်းတင်တဲ့စင် ပေါ်တွင်တင်ပြီးလည်း အလှဆင်နိုင်ပါတယ်။ ဧည့်ခန်းနံရံကို နံရံကပ်စက္ကူလှလှလေးကပ်ပြီး အရွက်ဖားဖားအပင်လေးချထားပြီး အလှဆင်ကြည့်သင့်ပါတယ်။
 
အိပ်ခန်း
 
သင်ဟာ ညဘက်အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတစ်ယောက်ဆိုရင်တော့ သင့်အိပ်ရာဘေးက ခုံလေးမှာ အိပ်စက်ရာမှာ အထောက်အကူပြုတဲ့အပင် (ဥပမာ -  Shining Star Orchid)လေးတွေကို တင်ထားပြီး အိပ်စက်သင့်ပါတယ်။ 
 
ရေချိုးခန်း 
 
အိမ်တွင်းအလှစိုက်ပင်တွေကို သုံးပြီးရေချိုးခန်းကို အလှဆင်နိုင်ပါတယ်။ ရေချိုးခန်းဟာ အစိုဓာတ်များတဲ့အတွက် အစိုဓာတ်ကြိုက်တဲ့အပင်တွေကို ရွေးချယ်သင့်ပါတယ်။ 



စုပြုံထားခြင်း
 
အပင်တွေကို ဟိုနေရာ,ဒီနေရာတွေမှာ မခွဲထားပဲ အခန်းတစ်ခန်း (သို့) ထောင့်တစ်ထောင့်မှာစုပြုံထားခြင်းက လည်း တစ်မျိုးလေးလှနေစေမှာပါ။ အရွယ်အစား၊ပုံသဏ္ဍာန်၊အနိမ့်အမြင့် မတူတဲ့အပင်တွေကို တစ်နေရာထဲမှာစုထားပြီး  စာဖတ်ခုံလေးနဲ့ စာဖတ်ရမယ်ဆိုရင် တော်တော်ကြည်နူးစရာကောင်းနေမှာပါ။
 
ချိတ်ဆွဲခြင်း(သို့) တွဲလောင်းချခြင်း
 
ချိတ်ဆွဲပင်တွေကို အိမ်နံရံ၊ပြတင်းပေါက် နဲ့ ဝရံတာတွေမှာ ချိတ်ဆွဲထားနိုင်ပါတယ်။
 
အရွက်နဲ့ ပင်စည် တွဲလောင်းကျတတ်အပင်တွေကို စာအုပ်စင်(သို့) အမြင့်တစ်နေရာ (သို့) လှေခါး မှာတင်ထားမယ်ဆိုရင် တော်တော်လေးကိုသက်ဝင်နေစေမှာပါ။ 
 
အိမ်တွင်းအလှဆင်အပင်တွေကို နေရာမှန်မှန်နှင့် စနစ်တကျစိုက်ပျိုးထားရှိစေခြင်းအားဖြင့် စိတ်နှလုံးအေးချမ်းကြပါစေ
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
ညအိပ်စက်မှု ပိုမိုကောင်းမွန်စေမယ့် အိမ်တွင်းစိုက်အပင် (၅) မျိုး
 
အိမ်တိုင်းစိုက်ထားသင့်သည့် ထောလပတ်ပင်
 
အပင်စိုက်ခြင်းကြောင့် ရရှိနိုင်မည့် ကောင်းကျိုးအဖြာဖြာ
 
အိမ်မှာ ဒီပင်တွေစိုက်ထားမယ်ဆိုရင် ကံကောင်းစေသတဲ့
 
Credit By: အစိမ်းရောင်လမ်း
Posted By: Ra Wai, ShweProperty.com