By Kamayut Media, Shweproperty.com
Updated at 24 June 2015
ပန်းဆိုးတန်းလမ်းပေါ်က အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ရုံးတည်ရှိတဲ့ အဆောက်အဦးဟာ ဒေါ်ကြည်ကြည်ပိုင်ဆိုင်တဲ့ စိန်ဘရားသား(စ်) အဆောက်အဦးဖြစ်တာကြောင့် အစိုးရအနေနဲ့ ပြန်ပေးဖို့ရှိမရှိ လွှတ်တော်အမတ်ရဲ့မေးမြန်းမှု ဘဏ္ဍာရေး ဒုဝန်ကြီးဖြေဆိုချက် လွဲနေတယ်လို့ မူလပိုင်ဆိုင်က ဇွန်လ ၂၃ရက်မှာ ပြောဆိုလိုက်ပါတယ်။ ၁၉၆၃မှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အဓမ္မသိမ်းယူခဲ့တဲ့ စိန်ဘရားသား(စ်)တိုက်ကို ၁၉၈၆မှာ အပြီးအပိုင်သိမ်းထားပြီးဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမောင်မောင်သိမ်းရဲ့ ပြောဆိုချက်က မှားနေပြီး တရားရုံးမှာတင်ပြချိန်ကျမှ ၁၉၈၆က အစိုးရအမိန့်ဆိုတာ သိရတယ်လို့ မူလပိုင်ရှင်ရဲ့ အမွေဆက်ခံသူတွေအတွက် အကျိုးဆောင်ပေးနေသူ ဒေါ်နီက ပြောပါတယ်။ ဒီအဆောက်အဦးကို ပိုင်ရှင်ဒေါ်ကြည်ကြည် နဲ့ အစိုးရဟာ ၁၉၆၃ ခုနှစ်ကတည်းက စပြီး သိမ်းလိုက် ပြန်ရလိုက် ဖြစ်ခဲ့ရင်းက ၂ဝဝဝ ခုနှစ်မှာ မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ မူလပိုင်ရှင်တွေဆီ အပြီးအပိုင် ပြန်အပ်ခဲ့ပြီး တစ်လအကြာမှာ ၁၉၈၆ အမိန့်နဲ့ ပြန်သိမ်းတာဟာ စာချုပ်စာတမ်းတွေကို အလေးမထားရာရောက်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဇွန် ၈ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကျောက်တံတားမြို့နယ် ကိုယ်စားလှယ် ဦးစိုးဝင်းရဲ့ မေးမြန်းချက်ကို ဘဏ္ဍာရေးနဲ့ အခွန်ဌာန ဒုဝန်ကြီးရဲ့ ဖြေကြားမှုတွေဟာ လွဲမှားနေတဲ့အကြောင်း ဇွန် ၂၃ရက်က MJN မှာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဒီပိုင်ဆိုင်မှုပြဿနာအတွက် ရန်ကုန်တိုင်း လွှတ်တော်ရုံးမှာ အမှုရင်ဆိုင်နေရပြီး လိုပြသက်သေတွေကို စစ်ဆေးဖို့ ၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ တင်ပြဖို့ အဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ၂ဝ၁၃ ကတည်းက တရားစဆွဲထားရာက အခုတော့ လွှတ်တော်မှာ ဆွေးနွေးတယ်ဆိုတဲ့ အဖြေတစ်ခု ထွက်လာလို့ အားတက်မိတယ်လို့လည်း ပြောပါတယ်။ စိန်ဘရားသား(စ်) အဆောက်အဦးရဲ့ မူလပိုင်ရှင်ဟာ ဒေါ်ကြည်ကြည်ဖြစ်ပြီး ၁၉၆၄ခုနှစ်မှာ တော်လှန်ရေးကောင်စီ အမိန့်နဲ့ ပြည်သူပိုင်သိမ်းခဲ့ပေမယ့် ၁၉၇၇ မှာတော့ ပုံစံ ၃နဲ့ ရန်ကုန်တိုင်း ကုန်သွယ်ရေးက မူလပိုင်ရှင်ထံ ပြန်ပေးခဲ့ပါတယ်။ မြန်မာ့အာမခံလုပ်ငန်းက ဒီအဆောက်အဦးကို ဆက်လက် ငှားရမ်းခဲ့ပြီး ၁၉၉၂ ကနေ ၁၉၉၆ အထိ အဆောက်အဦးကို ပိုင်ရှင်က ပြန်တောင်းရင်း သေဆုံးသွားချိန်မှာတော့ ဒေါ်ဆွေသဇင်ညွန့် အပါအဝင် အမွေဆက်ခံသူ လေးယောက်က ဆက်လက်တောင်းခံခဲ့ပါတယ်။ ပိုင်ရှင်တွေအနေနဲ့ ၂ဝဝဝ ခုနှစ်မှာ အပြီးအပိုင်ပြန်ရခဲ့ပေမယ့်လည်း ပြန်ရပြီး တစ်လအကြာမှာ ပြန်လည်အသိမ်းခံခဲ့ရပြန်ပါတယ်။ Ref : Kamayut Media Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ