By Lily, Shweproperty.com
Updated at 8 February 2023
အခုခေတ်မှာ "ဂရန်မြေက ဈေးကြီးတယ်" "ဈေးသက်သာတဲ့ ပါမစ်မြေသာဝယ် နောက်မှ ဂရန်ပြန်လျှောက်ပေါ့" စသဖြင့် အိမ်ခြံမြေလောလမှာ ကြားလာရပါတယ်။ ရောင်းဝယ်မှုတွေမှာ ပါမစ်မြေက လူကြိုက်များလာပါတယ်။ ဒါကလည်း အကြောင်းအရင်းများစွာ ရှိပါတယ်။ ဆိုရှယ်မီဒီယာခေတ်မှာ အိမ်ခြံမြေ ဝယ်ယူသူတွေဟာ လိုင်းပေါ်ကနေပဲ ပွဲစားနဲ့ အိမ်၊ ခြံတို့ကို ပြစေပါတယ်။ ကြိုက်တယ်ဆိုရင် နေရာသွားကြည့်ကာ ဈေးစကားပြောပြီး ပွဲစားဖြစ်သူ၊ ပိုင်ရှင်ဖြစ်သူနဲ့ နီးစပ်ရာ ဆိုင်တစ်ခုခုမှာထိုင်ခါ စာချုပ်ချုပ်ဆိုလိုက်ကြတာ များပါတယ်။ ဒီနည်းဟာ အချိန်ကုန်သက်သာတယ်၊ အာရုံစားရ သက်သာတယ်၊ လွယ်ကူတယ်၊ မြန်ဆန်တယ်။ ဒီအချက်တွေကြောင့်ပဲ ပါမစ်မြေဟာ လူကြိုက်များစေပါတယ်။ ဒီလိုပါမစ်မြေတွေအတွက် စာချုပ်ချုပ်ဆိုရာမှာလည်း - မြေချပါမစ်ဓါတ်ပုံပါရှိခြင်း၊ - မြေကွက်ရသူရဲ့ ရာဇဝင်အကျဉ်းပါရှိခြင်း၊ - မြို့နယ်မြေတိုင်းရပ်ကွက်အမှတ် ၊ မြေကွက်အမှတ် ပါရခြင်း၊ - အိုးအိမ်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးရဲ့ လက်မှတ်နဲ့ စည်းတံဆိပ်အဝိုင်းစသည့်တို့ ပါရှိခြင်း၊ - အိမ်ရာဆောက်လုပ်ခွင့်ပါရှိခြင်း၊ - မြို့နယ်ဦးစီးမှူး လက်မှတ်နဲ့ မြို့နယ်အိုးအိမ်ဦးစီးဌာနမှာ မှတ်ပုံတင် စာရင်းသွင်းထားပြီး ဖြစ်ရခြင်း၊ - မှီခိုသူစာရင်းပါရှိခြင်း စတဲ့ အချက်တွေနဲ့ စုံလင်ပြည့်စုံမှသာ တရားဝင်ပိုင်ဆိုင်ခွင့် ရှိမည်ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပွဲစားရဲ့ ရွှန်းရွှန်းဝေတဲ့ အပြောအောက်မှာ ဒီအချက်တွေကို မစစ်မိဘူးဆိုရင်တော့ ကိုယ့်ဘက်က နာရမယ့် ကိစ္စတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ပါမစ်မြေကို ဝယ်မယ်ဆိုရင် အကြံပေးချင်တာကတော့ ရောင်းသူဝယ်သူ ၂ ဖက်တည်းနဲ့ပဲ စာချုပ်လွယ်လွယ် မချုပ်လိုက်ပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ရှေ့နေရှာပြီး အချက်အလက်တွေကို သေချာစစ်သင့်ပါတယ်။ အစကောင်းတော့ အနှောင်းသေချာ ဆိုသလို စရန်ငွေပေးကတည်းက ရှေ့နေပါခေါ်ပြီး စစ်ဆေးဆုံးဖြတ်ငွေချေပြီး အပြီးအပိုင် ဝယ်ယူငွေချေတဲ့ နေ့မှာလည်း ရှေ့နေနဲ့ သေချာစစ်ဆေးမယ်ဆိုရင် အရှုပ်အရှင်းကင်းလို့ စိတ်ချမ်းသာရပါတယ်။ မြေအမျိုးအစားတွေထဲမှာ ဆိုရင်တော့ ဂရမ်မြေဟာ ယုံကြည်စိတ်ချရဆုံးလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ဂရမ်မြေဝယ်ရာမှာလည်း စာရွက်စာတမ်း အထောက်အထား မှန်ကန်မှုရှိမရှိကို အထူးသတိပြု လေ့လာစစ်ဆေးသင့်သလို သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ မြေယာဌာနမှာ ရောင်းမယ့်သူနဲ့အတူ သွားရောက်စစ်ဆေးသင့်ပါတယ်။ စာရွက်စာတမ်း မှန်ကန်မှုရှိရင်တော့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုပြီး ဂရန်မှုရင်းနဲ့ မှတ်ပုံတင်စာချုပ်မူရင်းပြကာ သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ မြေယာဌာနမှာ အမည်ပေါက် ပြောင်းလျှောက်လိုက်မယ်ဆိုရင် တရားဥပဒနဲ့အညီ တရားဝင် ပိုင်ဆိုင်မှု ရရှိပြီ ဖြစ်ပါတယ်။ စာဖတ်ပုရိသတ်များအားလုံး အရှုပ်အရှင်း ကင်းကင်းနဲ့ အိမ်ကောင်း၊ မြေကောင်းမှာ သာယာပျော်ရွှင်စွာ နေထိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ကတိစာချုပ်များနဲ့ မှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာ အကြောင်းအမျိုးမျိုးကြောင့် အိမ်ဂရန် ပျောက်ဆုံးတဲ့အခါ သတိထားသင့်တဲ့ မြေအမည်ပေါက် ပျက်ပြယ်သွားနိုင်တဲ့ အချက်များ အိမ်ခြံမြေအလဲအထပ်လုပ်တော့မယ်ဆိုရင် ဒါတွေကြိုသိထားမှဖြစ်မယ်နော် Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ