By MOI Webportal Myanmar, Shweproperty.com
Updated at 29 May 2017
နိုင်ငံနှင့်အဝန်းရှိ ဝန်ထမ်းများနှင့် ပြည်သူများ နေရေးအဆင်ပြေစေရန်အတွက် Precast စနစ်ဖြင့် ဆောက်လုပ်မည့် တန်ဖိုးသင့်ပြည် သူ့အိမ်ရာစီမံကိန်း များအား မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း(MCEA) ၏ဦးဆောင် မှုဖြင့် ပုဂ္ဂလိကဆောက် လုပ်ရေးအဖွဲ့များက ဆောင်ရွက်ကြမည်ဖြစ်ပြီးMyanmar CollWall Precast Thailandနှင့် မြန်မာပြည်မိတ်ဖက်အဖွဲ့များမှ နည်းပညာ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ကာ နိုင်ငံတော်အစီအစဉ်ဖြင့် မကြာမီအကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်းMCEA ရုံးမှသိရသည်။
အဆိုပါ Precast စနစ်ဖြင့် ဆောက်လုပ်မည့်တန်ဖိုးသင့်ပြည်သူ့အိမ်ရာ စီမံကိန်း အား တိုင်းဒေသကြီးနှင့် မြို့နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းအား အမျိုးအစား သုံးမျိုးဖြင့် ဆောက်လုပ် သွားမည်ဖြစ်သည်။ ပထမအမျိုးအစားမှာ ဝန်ထမ်းများနှင့် ပြည်သူများ အခန်းလစာ မြင့်မားစွာပေးနေရသည့်အတွက် ဝရန်တာအပါအဝင် မျက်နှာပွင့် ၁၂ ပေ ၊ အနောက် ပေ ၂ဝ ရှိ ဓာတ်လှေကားပါဝင်သော ဟိုတယ် Room Type ပုံစံအိမ်ခန်းများ ပါဝင် သည့် တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းအား မြို့လယ်ကောင်၌ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ၁၅ နှစ်အရစ်ကျ ဝယ်ယူနိုင်အောင် စီစဉ်ပေးမည်ဖြစ်သည်။ ဒုတိယအမျိုးအစားမှာ ဝေးလံသည့် သီလဝါစက်မှုဇုန်၊ ဒလ၊မှော်ဘီနှင့် ထောက်ကြန့် အပါအဝင် ကြည့်မြင်တိုင်တစ်ဖက်ကမ်းနှင့် အမြန်လမ်းနေရာများ၌ နိုင်ငံ့အငြိမ်းစား ဝန်ထမ်းများ နေထိုင်အဆင်ပြေစေရန် မြေနေရာပါဝင်သည့် နှစ်ထပ်တိုက် တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပြီး နှစ်စဉ်တစ်လလျှင် ငွေကျပ် ခုနစ်သောင်း(သို့) ရှစ်သောင်းပေးသွင်းနိုင်ရန်သာ စီစဉ်ပေးမည်ဖြစ်သည်။ တတိယအမျိုးအစားမှာ အကျယ်အဝန်း စတုရန်းပေ ၆ဝဝ ရှိသော ငါးထပ်ဆောက်လုပ်မည့် အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်းနှင့်မီးဖိုချောင်ပါဝင်သော မိသားစုနေထိုင်နိုင် ကြမည့် တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းအား အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး အမျိုးအစား သုံးမျိုး စလုံးအား ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်အရစ်ကျရောင်းချပေးမည်ဖြစ်ကာ အနာဂတ်ကာလ၌ ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်အရစ်ကျရောင်းချပေးမည် ဖြစ်သည်။
လက်ရှိအနေအထားအရ ပုဂ္ဂလိကပိုင်မြေဖြစ်သည့် ဝေဇယန္တာလမ်းနှင့်နီးသော တောင်ဥက္ကလာပမြို့နယ်မှ အမှတ် (၈)၊(၉)၊(၁ဝ)ရပ်ကွက်တို့တွင် Precast စနစ်ဖြင့် ဆောက်လုပ် မည့် တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းအား ကနဦးအကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီးရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်များ၌ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း တစ်ခန်းပါဝင်သည့် စတုရန်းပေ ၆ဝဝ အကျယ်အဝန်းရှိ မိသား စု များနေထိုင်နိုင်ရန် ပြည်သူ့အိမ်ရာစီမံကိန်းအား အကောင် အထည်ဖော်ဆောင်ရွက်ရန်စီ စဉ်ထားကြောင်း၊ နိုင်ငံ့တာဝန် ကျေပွန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၊ ပုံမှန်ဝင်ငွေရှိသည့် နိုင်ငံ့ ဝန်ထမ်းများနှင့် ကိုယ်ပိုင်အလုပ်အကိုင် အကောင်အထည် ပြသနိုင်သည့်ပြည်သူများအား ဦးစားပေးရောင်းချပေးသွား မည် ဖြစ်သည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်း(MCEA) မှအဖွဲ့ဝင်ဖြစ်သော Precastနည်းပညာ စနစ်ဖြင့် ပံ့ပိုးဆောင် ရွက်မည့် Myanmar CollWall Precast ကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင် ကျော်ဆန်းက ''ပုဂ္ဂလိကပိုင်မြေပေါ် မှာ ဆောက်လုပ်မယ်ဆိုရင် တော့ မြေနေရာကတိုက်ခန်းအတွက် ငွေ$ကျပ် သိန်း ၃ဝ လောက် အနည်းဆုံးတက်ပါလိမ့်မယ်၊ အဓိကတော့ နိုင်ငံတော်ကနေ မြေနေရာချထားပေးမယ်ဆိုရင် မြန်ဆန်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ပါလိမ့်မယ်၊ နိုင်ငံတော်က ပံ့ပိုးပေးမယ် ဆိုရင် ပိုအဆင်ပြေမှာပါ၊ ဒါမှမဟုတ်ရင်လည်း ကျွန်တော်တို့ အနေနဲ့ ပုဂ္ဂလိကပိုင်မြေပေါ်မှာ တန်ဖိုးသင့်ပြည်သူ့အိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်၊ ဒီ precast စနစ်နဲ့ ဆောက်လုပ်တာကလည်း ဆောက်လုပ် ကုန်ကျစ ရိတ်ကို အနည်းဆုံး ၃ဝ ရာခိုင်နှုန်း သက်သာစေတာ ဖြစ်ပြီး အဆောက်အအုံကြံ့ခိုင်မှုကလည်း ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်၊ လက်ရှိ လည်း နိုင်ငံတော်ကနေ ပြည်သူ့အတွက် ပြည်သူ့အိမ်ရာစီမံကိန်းများ ပေါ် ထွက်လာအောင် စီစဉ်နေတာ တွေ့ရပါတယ်၊ မကြာမီ သုံးနှစ်အတွင်း အကာင်အထည်ပေါ်လာ မယ်လို့ မျှော်လင့်ရပါတယ်၊ အဓိကတော့ အားလုံးပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် အဆင်ပြေစေ ရမှာပါ၊ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့အနေနဲ့ကတော့ ပုဂ္ဂလိကမြေပိုင်ရှင်များနဲ့ အကျိုး တူ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေပါပြီ''ဟု ပြောသည်။
မြေပိုင်ရှင်ဖြစ်သောနိုင်ငံတော်အစိုးရ၏ မြေနေရာပေးသည့် အပေါ်မူတည်ပြီး တန်ဖိုးသင့်ပြည်သူ့အိမ်ရာအိမ်ခန်းအား ငွေ$ ကျပ် သိန်း ၁ဝဝ အောက်နှင့် ငွေကျပ် သိန်း ၁၂ဝ ဖြင့် ရောင်းချ ပေးမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးစနစ် ပြောင်းလဲသကဲ့သို့ ဘဏ်စနစ်များလည်း ပြောင်းလဲသင့်ကြောင်း၊ နိုင်ငံတော်မှ မြေချပေးသည့် ပေါ်လစီပြောင်းသင့်ပြီး လယ်ယာမြေများ ပေါ်တွင် တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံကဲ့သို့ တန်ဖိုးသင့် ပြည်သူ့အိမ်ရာစီမံကိန်းများအား အကောင်အ ထည်ဖော် ဆောင်ရွက်သင့်ကြောင်း၊ ထိုင်းနိုင်ငံရှိ မြို့များတွင် တန်ဖိုးသင့် ပြည်သူ့အိမ်ရာစီမံကိန်းတစ်ခု အကောင်အ ထည်ဖော် ဆာင်ရွက် ရာတွင် စီမံကိန်းတစ်ခု၌ အိမ်ခန်းအရေအတွက် သုံးသောင်း ကျော် အကောင်အထည်ဖော် ဆောင်ရွက်ကြောင်း၊ အသင်း အနေဖြင့် ရန်ကုန်မြို့ကို ဈေးကွက်သုတေသနပြုလုပ်ရာတွင် လူဦးရေတိုးတက်လာသည့် ရန်ကုန်မြို့၏ လိုအပ်ချက်အနေ အထားဖြင့် တစ်နှစ်လျှင် အိမ်ခန်းအရေအတွက် ခုနစ်သောင်း ကျော် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်နေသည်ကို တွေ့ရှိ ရကြောင်း၊ လက်ရှိအိမ်ခန်းအရေအတွက် လိုအပ်ချက် အရဝယ်၊ ရောင်း၊ ငှားလိုအားများမှာ မမျှတတော့ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(MCEA)မှ ဝါရင့်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
''ထိုင်းနိုင်ငံမှာဆိုရင် ဒီလိုအိမ်ခန်းတွေဟာ ငှားရမ်းလို့ လည်းရတယ်၊ ဝယ်ယူလို့လည်းရပါတယ်၊ လက်ရှိ ဆောက်လုပ် ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်က ရောင်းချပေးနေတာကတော့ ကနဦး ၃ဝ ရာခိုင်နှုန်း ငွေပေးသွင်းရမှာဖြစ်ပြီး တစ်လကို ငွေ ကျပ် တစ်သိန်းနှစ်သောင်းနှုန်းနဲ့ ရှစ်နှစ်ငွေပေးသွင်းရမှာ ဖြစ်ပါ တယ်၊ အဲ့ဒါကလည်း လိုချင်တဲ့အရေအတွက်ဦးရေက ဘဏ်မှာ လူဦးရေသောင်းဂဏန်းရှိပြီး ရောင်းပေးနေတဲ့ ဆောက်လုပ်ပြီး သား အခန်းအရေအတွက်က နှစ်ထောင်ကျော်ပဲရှိတာမို့ မမျှဘူး ဖြစ်နေပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံ ဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း(MCEA) အနေနဲ့ ဝိုင်းပြီးအင်အားဖြည့်တဲ့အနေနဲ့ တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းများကို နိုင်ငံတစ်ခွင်မှာ ဖော်ဆောင်ဖို့ စီစဉ်နေပါတယ်။
နိုင်ငံတော်ဗဟိုဘဏ်ကလည်းကျွန်တော်တို့ ဆောက်လုပ် ရေးအဖွဲ့တွေကို ချေးငွေပေးနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်၊ အဓိကတော့ ပြည်သူတွေရဲ့ လိုလားချက်က အိမ်ခန်းနေရာရယ် နှစ်ရှည်အရစ်ကျ ရောင်းချ ပေးနိုင်ခွင့်ပါ၊ အခုဆိုရင် ၃ဝ ရာခိုင်နှုန်း ကနဦးငွေပေးသွင်းပြီး ရှစ်နှစ်ကနေ ၁၅ နှစ်ထိ Long Term loan နှစ်ရှည်ချေးငွေ ရရှိတာနဲ့ တစ်လကို ငွေ$ကျပ် ခုနစ်သောင်း(သို့)ရှစ်သောင်းပဲ ပေးသွင်းရတော့မှာပါ၊ ပြည်သူတွေကတော့ လစဉ်ပုံမှန်ငွေပေး သွင်းရတာကို နည်းတာပဲ လိုချင်ကြပါတယ်၊ ဒါကို ကျွန်တော် တို့က ဦးစားပေးလုပ်ဆောင်သွားမှာပါ''ဟု ထပ်မံပြောကြား သည်။
Ref & Photo : MOI Webportal Myanmar
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ