By kumudar, Shweproperty.com
Updated at 2 July 2014
မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေးဦးစီးဌာနက မြေဧက ၂၂၀ ကျော်ကျယ်ဝန်းတဲ့ ရတနာနဲ့ဧရာဝဏ်အိမ်ရာစီမံကိန်းကို လာမည့် ၂၀၁၅ နှစ်ကုန်ပိုင်းအပြီး တည်ဆောက် အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။
'ဒီအိမ်ရာစီမံကိန်းက စီးပွားရေး အဆောက်အအုံတွေလဲ ပါဝင်တယ်၊ ဒဂုံဆိပ်ကမ်းလိုနေရာမျိုးမှာ Develope City ကြီးဖြစ်သွားအောင် အကောင်အတည်ဖော်မှာ ၊ သူ့ထဲမှာပဲ ဆက်သွယ်ရေးစနစ်တွေ၊ ကျောင်း၊ဟိုတယ်၊Bus Terminal ဂိတ်တွေပါဝင်တယ် ' လို့ မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေးဦးစီးဌာန အိမ်ရာစီမံကိန်းမှတာဝန်ရှိသူကပြောပါတယ်။
အဆောက်အအုံပိုင်း
ရတနာနဲ့ ဧရာဝဏ်အိမ်ရာတည်ဆောက်မှုကို Bored Pile ( မြေကြီးကွန်ကရစ်တိုင်စိုက်ခြင်း ) လုပ်ငန်း၊ (Pre-Cast System ကြိုတင်အားဖြည့်ကွန်ကရစ် ) စတဲ့နည်းပညာတွေနဲ့ တည်ဆောင်နေတာဖြစ်ပါတယ်။
Pre-Cast စနစ်အတွက် အသုံးပြုမယ့်စက်ရုံတွေကိုတော့ ပုဂ္ဂလိကစက်ရုံငါးရုံနဲ့ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ အထပ်အမြင့်ကတော့ ၁၈ထပ်ဖြစ်ပြီး အဆောက်အအုံ အလုံးရေ ၄၉လုံးနဲ့ အခန်းပေါင်း၁၉,၆၀၀ ပါဝင်မှာဖြစ်ပါတယ်။
စီမံကိန်းပြီးဆုံးသွားပါက လူဦးရေ ၉၀,၀၀၀ ဝန်းကျင်ခန့် နေထိုင်နိုင်မှာဖြစ်ပါတယ်။ အခန်းအကျယ်အဝန်းကတော့၆၀၀ စတုရန်းပေ ၊ ကြမ်းခင်းဧရိယာ / ကြမ်းခင်း၁၉,၇၂၇ စတုရန်းပေ ၊ ကြမ်းခင်းဧရိယာ / အဆောက်အအုံ ၃၇၂,၇၁၂ စတုရန်းပေ ကျယ်ဝန်းမှာဖြစ်ပါတယ်။ ' စီမံကိန်းအားလုံးရဲ့ ဒီဇိုင်းကိုစင်ကာပူနိုင်ငံ Surbanaကုမ္ပဏီကတာဝန်ယူထားတယ်၊ ခိုင်ခံမှုအပိုင်းကိုလဲစီစစ်ထားတယ် ' လို့တာဝန်ရှိသူကပဲ ပြောပါတယ်။
ပါဝင်အဆောက်အအုံပေါင်း
အဆိုပါစီမံကိန်းမှာ ယခင်ကတည်ဆောင်ပြီးလက်ရှိ အသုံးပြုနေတဲ့ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်၊ အဆင့်မြင့်ဟိုတယ် ၊ အားကစားကွင်း ၊ ဈေးဝယ်စင်တာ ၊ ဘတ်စ်ကားဂိတ်ရုံ ၊ ကျောင်းစတဲ့အဆောက်အအုံတွေပါဝင်ပါတယ်။ အိုးအိမ်မှ ပုဂ္ဂလိကကုမ္ပဏီ ၃၂ခုနဲ့ လုပ်ငန်းလည်ပတ်နေပြီး Bored Pile လုပ်ငန်းအတွက် ကုမ္ပဏီငါးခု ၊ အဆောက်အအုံတည်ဆောက်ခြင်းအတွက် ကုမ္ပဏီခြောက်ခု ၊ Bored Pileနဲ့ အဆောက်အအုံတည်ဆောက်ခြင်းအတွက် ကုမ္ပဏီ၁၆ခု ၊ Precastor လုပ်ငန်းအတွက် ကုမ္ပဏီငါးခုပါဝင်ပါတယ်။
တည်ဆောက်မှုအခြေအနေ
လက်ရှိတည်ဆောက်မှုမှာတော့ ရတနာ အိမ်ရာဘက်ကိုဦးစားပေးတည်ဆောက်နေပြီး ဧရာဝဏ်ဘက်က တချို့အိမ်ရာတွေကိုလည်း တည်ဆောင်နေပြီ ဖြစ်ပါတယ်။ အဆောက်အအုံအလုံး၂၀ကို Bored Pileလုပ်နေပြီး Simple အဆောက်အအုံဖြစ်တဲ့ အဆောက်အအုံ ( G ) ကိုလာမည့်ဇူလိုင်လအတွင်းမှာ ပထမထပ်တည်ဆောင်ပြီးစီးမှာဖြစ်တယ်လို့ သိရပါတယ်။၎င်းစီမံကိန်းအတွက် လျှပ်စစ်မီးကို YESB ကတာဝန်ယူသွားမှာဖြစ်ပြီး ဓာတ်အားပေးစက်ရုံအသစ်တည်ဆောက်သွားမှာဖြစ်ပါတယ်။
ရောင်းချမှုအခြေအနေ
ရတနာနဲ့ဧရာဝဏ်အိမ်ရာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့မဲနှိုက်ရောင်းချပေးသွားမှာဖြစ်ပါတယ်၊ ဘဏ်ချေးငွေကိုနဲ့ရောင်းချမှုကိုလည်း နှစ်အများကြီးပေးနိုင်အောင်လုပ်ဆောင်နေတယ်လို့သိရပါတယ်။'
'ဘဏ်ချေးငွေကို နှစ်၂၀၊၃၀ လောက်အထိရအောင် လုပ်ချင်တယ်၊ ပြည်တွင်းဘဏ်တွေကဒီလောက်တော့အဆင်မပြေပေမဲ့ ပြည်ပဘဏ်တွေ ဝင်လာရင်တော့နှစ်များများနဲ့ ငွေနည်းနည်းဆပ်ပြီး အိမ်ပိုင်နိုင်မှာ ' လို့ မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေးဦးစီးဌာန မှတာဝန်ရှိသူကပြောပါတယ်။ ရတနာနဲ့ ဧရာဝဏ် အိမ်ရာစီမံကိန်းရဲ့တည်နေရာကတော့ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း ၊ ဧရာဝဏ်လမ်း ၊ ပြည်ထောင်စုလမ်းစတဲ့ နေရာမှာတည်ရှိတာ ဖြစ်ပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ