By 7daydaily, Shweproperty.com
Updated at 5 January 2016
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် ရတနာနှင့် ဧရာဝဏ် အိမ်ရာစီမံကိန်းများ သည် တည်ဆောက်ချိန်ကြာမြင့်ပါက အခန်းတန်ဖိုး မြင့်တက်လာ မည်ကို စိုးရိမ်သဖြင့် အမြန်ဆုံး အပြီးသတ် ဆောက်လုပ်ရန် ညွှန်ကြားထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထိန်က ပြောကြားသည်။
၂၀၁၃ မှ စတင် တည် ဆောက်နေသော ရတနာနှင့် ဧရာ ဝဏ် အိမ်ရာစီမံကိန်း၏ ပထမ အဆင့်မှ အခန်းပေါင်း ၆,၀၀၀ ကျော်ကို ၂၀၁၆ တွင် စတင်ရောင်းချနိုင်ရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက ရည်ရွယ်ထားသည်။
အဆိုပါစီမံကိန်းကို ပုဂ္ဂလိ ကကုမ္ပဏီ ၃၁ ခုက အစိုးရနှင့် အကျိုးတူ တည်ဆောက်ခြင်းဖြစ်ပြီး လတ်တလောတွင် စီမံကိန်းတစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးနေ ပြီဖြစ်သည်။
အဆိုပါစီမံကိန်းတွင် ရောင်းချမည့်တန်ဖိုးအားဖြင့် တစ်ခန်း လျှင် အကျယ်အဝန်းပေါ်မူတည် ပြီး ကျပ်သိန်း ၅၀၀ မှ သိန်း ၆၀၀ ကျော် ကနဦး ရည်ရွယ်ထားပြီး အပြီးသတ် တန်ဖိုးမသတ်မှတ်ရသေးကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ရတနာ၊ ဧရာဝဏ်အိမ်ရာစီမံကိန်း ရှိ တိုက်အလုံးရေ ၄၉ လုံးမှ အခန်းပေါင်း ၁၉၆,၀၀၀ ထွက်ပေါ်ရန် ရည်ရွယ်ထားရာ ပထမအဆင့် တည်ဆောက်ပြီးချိန်တွင် အခန်းပေါင်း ၆,၀၀၀ ကျော်ကို စတင်ရောင်းချနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။
ဆောက်လုပ်ရေး ဝန်ကြီး ဌာနက တည်ဆောက်နေသည့် ရတနာ၊ ဧရာဝဏ်အိမ်ရာစီမံကိန်း သည် အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာနများက တည်ဆောက် ခဲ့သည့် အိမ်ရာစီမံကိန်းများတွင် အကြီးမားဆုံး၊ အခန်း အရေအတွက် အများဆုံး စီမံကိန်းတစ်ခုဖြစ်သဖြင့် အိမ်ရာ လိုအပ်နေသူ များကို ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေတစ်ခုဖြစ်သည်။
Ref : 7daydaily
Photo Credit : property-journal
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ