By The Kumudra, Shweproperty.com
Updated at 29 March 2016
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က စတင်ရောင်းချခဲ့တဲ့ ဧရာဝဏ်နဲ့ ရတနာအိမ်ရာစီမံကိန်း အခန်းလျှောက်လွှာ လာရောက် ဝယ်ယူမှုများပြားနေပြီး ငွေသွင်းသူတွေရှိနေပြီလို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
‘အခုက အရစ်ကျရော လက်ငင်းရော ရောင်းချပေးတယ်’ လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ငွေပေးသွင်းမှုကိုတော့ ကျပ်သိန်း ၆၀၀ တန်အိမ်ခန်းအတွက် လက်ငင်းဝယ်ယူသူကို ငါးရာခိုင်နှုန်းလျှော့ဈေး သိန်း၅၇၀ နဲ့ရောင်းချပေးမှာဖြစ်တယ်။ အရစ်ကျကိုတော့ ကနဦး ၅၀ ဂာခိုင်နှုန်းနဲ့ ကျန်ငွေကို တစ်လ ကျပ်၂၅ သိန်းနဲ့ ၁၂လ သို့မဟုတ် CHDB နဲ့ချိတ်ဆက်ပြီး ရှစ်နှစ်အရစ်ကျ တစ်လကို ၄.၈၈ သိန်းနဲ့ ၉၆လ ပေးသွင်းရမှာဖြစ်ပါတယ်။
ကျပ်သိန်း ၁၂၀၀ တန်အိမ်ခန်းအတွက်ကတော့ လက်ငင်းဝယ်ယူသူကို ငါးရာခိုင်နှုန်းလျှော့ဈေး သိန်း ၁၁၄၀ နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ အရစ်ကျကိုတော့ ကနဦး ၅၀ ရာခိုင်နှုန်းနဲ့ ကျန်ငွေကို တစ်လ ၂၅ သိန်းနဲ့ ၁၄လ သို့မဟုတ် CHDB နဲ့ချိတ်ဆက်ပြီး ရှစ်နှစ်အရစ်ကျတစ်လကို ၉.၇၅ သိန်းနဲ့ ၉၆လ ပေးသွင်းရမှာဖြစ်ပါတယ်။
Ref : The Kumudra
photo Credit : 7daydaily
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ