By 7daydaily, Shweproperty.com
Updated at 29 September 2015
ရတနာ ဧရာဝဏ် အိမ် ရာ စီမံကိန်း၏ ပထမအဆင့် အခန်းများကို တစ်ခန်းလျှင် ကျပ် သိန်း ၅၀၀ ခန့်ဖြင့် ရောင်းချရန် ကနဦး ခန့်မှန်းတွက်ချက်ထား ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး မှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထိန်က ပြောသည်။
‘‘တန်ဖိုးကတော့ နောက်ဆုံး ဖိုင်နယ် တန်ဖိုးကို သေချာမတွက် ရသေးဘူး။ ဒါပေမဲ့ သိန်း ၅၀၀ လောက်တော့ ကနဦးတွက်ချက် ထားတာလေးတွေရှိတယ်’’ ဟု ဦးမင်းထိန်က ပြောသည်။
အခန်းတစ်ခန်းလျှင် စတု ရန်းပေ ၆၀၀ ကျော် ကျယ်ဝန်း မည့် ရတနာဧရာဝဏ်အိမ်ရာစီမံ ကိန်း၏ ပထမအဆင့်မှာ ၂၀၁၆ တွင် ပြီးစီးမည်ဖြစ်ပြီး အခန်းပေါင်း ၆,၀၀၀ ကျော် စတင်ရောင်းချရန် စီစဉ်ထားသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာ ဧရာဝဏ်အိမ်ရာစီမံကိန်းရှိ တိုက် အလုံးရေ ၄၉ လုံးမှ အခန်းပေါင်း ၁၉၆,၀၀၀ ထွက်ပေါ်ရန် ရည်ရွယ်ထားရာ ပထမအဆင့် တည် ဆောက်ပြီးချိန်တွင် အခန်းပေါင်း ၆,၀၀၀ ကျော် စတင်ရောင်းချနိုင် ရန် စီစဉ်ခြင်းဖြစ်သည်။
၂၀၁၃ မှစတင်ခဲ့သည့် ယင်း အိမ်ရာစီမံကိန်းသည် တည်ဆောက် ချိန် ကြာမြင့်နေ၍ အခန်းတန်ဖိုး ထပ်မံမြင့်တက်လာမည်ကို စိုးရိမ် ကာ အမြန်ဆုံးအပြီးသတ်ဆောက် လုပ်နိုင်ရန် ညွှန်ကြားထားကြောင်း ဦးမင်းထိန်က ပြောသည်။
ရတနာဧရာဝဏ် အိမ်ရာကို ပုဂ္ဂလိက ကုမ္ပဏီ ၃၁ ခုက အစိုးရ နှင့် အကျိုးတူ တည်ဆောက်နေ ပြီး လတ်တလောတွင် စီမံကိန်း တစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ ‘‘ဘဏ်ကနေ ငွေချေးပြီးတော့ အစိုးရဝန်ထမ်းတွေကို နှစ်ရှည်ဝယ်ခွင့်ပေးမယ်ဆိုရင်တော့ အဆင်ပြေလိမ့်မယ်။ ဒါပေမဲ့ သိန်း ၅၀၀ ဆိုတဲ့ တန်ဖိုးကတော့ အရမ်းများလွန်းတယ်’’ဟု မြို့ပြရေးရာ ပင်တိုင်ဆောင်းပါးရှင် မြင့်မိုရ်ဆွေက ဝေဖန်သည်။
ရတနာ ဧရာဝဏ် အိမ်ရာ စီမံကိန်းသည် အစိုးရသစ်လက် ထက်တွင် ဝန်ကြီးဌာနများ တည် ဆောက်သမျှ အိမ်ရာစီမံကိန်းများ အနက် အကြီးမားဆုံး၊ အခန်းအ ရေအတွက် အများဆုံး စီမံကိန်း တစ်ခုဖြစ်၍ အိမ်ရာလိုအပ်နေသူ များအား ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ တစ်ခုဖြစ်ကြောင်း ယင်းအိမ်ရာ စီမံကိန်းတွင် ဝင် ရောက် တည်ဆောက်နေသည့် မြတ်မင်းဧရာ ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းမြတ်စိုးက ပြောသည်။
‘‘စီမံကိန်းက နှစ်ရှည် စီမံ ကိန်းဖြစ်တဲ့အတွက် အခန်းတန်ဖိုး က တစ်သမတ်တည်းသတ်မှတ် ပြီး အစိုးရဘက်က ရောင်းလို့ရ မှာမဟုတ်ဘူး။ ဈေးကတက်ပြီး ရင်း တက်လာနိုင်တယ်။ ဆောက် လုပ်စရိတ် ကုန်ကျစရိတ်က လည်း ကျွန်တော်တို့ဘက်မှာ အ ခက်အခဲရှိတယ်’’ဟု ဦးထွန်းမြတ် စိုးက ပြောသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ