By 7daydaily, Shweproperty.com
Updated at 20 March 2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည့် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၂၇၀ ကျော်ကိုရောင်းချထားပြီးဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်းရရှိ သည်။
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ၂၀၁၆ ဒီဇင်ဘာက စတင်ဖွင့်လှစ်သည့် ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာမှ လေးလအတွင်း အခန်း ၂၇၀ ကျော် ရောင်းချနိုင်ခဲ့သည်ဟု သိရှိရသည်။
၁၈ ထပ်အမြင့်ရှိ အဆောက်အအုံနှစ်လုံးတွင် အခန်း ၂၇၀ ကျော်ပါဝင်သည့် ရတနာနှင်းဆီအိမ်ရာကို တရားဝင်မဖွင့်လှစ်မီကပင် ကြိုတင်ရောင်းချမှုများ ပြု လုပ်၍ စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။
စတုရန်းပေ ၆၀၀ ကျယ်ဝန်းသည့် အခန်းကို ကျပ်သိန်း ၆၀၀၊ စတုရန်းပေ ၁,၂၀၀ ကျယ်ဝန်း သည့် အခန်းကို ကျပ်သိန်း ၁,၂၀၀ ဖြင့် သတ်မှတ်ရောင်းချ နေပြီး အထူးသဖြင့် ပြည်ပနိုင်ငံများမှ ပြန်လာသူများက အများဆုံးဝယ်ယူကြကြောင်း သိရသည်။
ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာသည် ၁၈ ထပ်အမြင့်ရှိပြီး တိုက်ငါးလုံးပါဝင်ကာ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက နှစ်လုံး၊ ရွှေတောင် ကုမ္ပဏီက သုံးလုံး တည်ဆောက်ထားသည်။
အခန်းဝယ်ယူသူ အများစုသည် ဈေးကစားရန် မဟုတ်ဘဲ အမှန်တကယ်နေထိုင်မည့်သူများ ဖြစ်ကြောင်း သတင်းရရှိသည်။
တိုက်ခန်းကို အရစ်ကျဝယ်ယူခြင်းထက် ငွေအကျေပေး၍ ဝယ်ယူသူပိုမိုများပြားနေကြောင်း အဆိုပါအိမ်ရာစီမံကိန်းမှ တာဝန်ရှိသူက ဆိုသည်။
အခန်း ၂၇၀ ကျော်ရောင်းချမှုမှ ကျပ် ၂ ဒသမ ၃ ဘီလီယံ ကျော်ရရှိထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အရစ်ကျဝယ်ယူလိုသူများသည် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်ချိတ်ဆက် ဝယ်ယူနိုင်ကြောင်း သိရသည်။
ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်းတွင် ဝယ်ယူထားသူများသည် ငွေသွင်းထားသည့် ရာခိုင်နှုန်းပေါ်မူတည်၍ လူနေ ထိုင်ခွင့်ကို ၂၀၁၇ နှစ်လယ်၌ စတင်ခွင့်ပြုမည်ဖြစ်သည်။
ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာစီမံကိန်းနှင့် တစ်ဆက်တည်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ပုဂ္ဂလိက ကုမ္ပဏီအချို့နှင့် မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနတို့က ရတနာနှင့် ဧရာဝဏ်အိမ်ရာ စီမံကိန်းဖြင့် အခန်း ၃၀,၀၀၀ ကျော် တည်ဆောက်လျက်ရှိသည်။
ဒဂုံဆိပ်ကမ်းမြို့ရှိ ရတနာ နှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် မူဝါဒအချို့ ပြန်လည်ပြောင်းလဲထားသည်။
ယခင်အစိုးရ လက်ထက်က ကုမ္ပဏီများနှင့် သဘောတူညီမှုအချို့ကို ပြန်လည်ပြင်ဆင်ပြီး အစိုးရသစ်လက်ထက်၌ အကျိုးတူလုပ်ဆောင် မည့် ကုမ္ပဏီအချို့ နှင့် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။
အကောင်အထည်ဖော်ရန် ကျန်ရှိနေသေးသည့် မြေဧရိယာများတွင်လည်းပုဂ္ဂလိကကုမ္ပဏီများကို အကျိုးတူ ပူးပေါင်းလုပ် ကိုင်နိုင်ရန် ဖိတ်ခေါ်မည်ဟု ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းမှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဇေယျက ပြောသည်။
ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာစီမံကိန်းများမှ ရောင်းချ၍ ရရှိသော ဝင်ငွေများဖြင့် သာမန် ပြည်သူများဝယ်ယူနိုင်ရန် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ ဖော်ဆောင်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ယင်းအိမ်ရာဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ဝင်ငွေနည်း ပြည်သူများ ဝယ်ယူနိုင်ရန် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် နည်းလမ်း ရှာဖွေနေပြီး ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ အိမ်ရာ ဖွံ့ဖြိုးရေးကို ငါးနှစ်စီမံကိန်း ရေးဆွဲထားရာ တစ်နိုင်ငံလုံး၌ စုစုပေါင်း ၁ ဒသမ ၈ သိန်းခန့် အကောင်အထည် ဖော်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ