ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့်တောင်ပိုင်းမြို့နယ်လေးထောင့်ကန်ကျေးရွာကိ Yangon Amata Smart and ECO City စီမံကိန်းအဖြစ် အကောင်အထည်ဖော်နိုင်ရန်အတွက်   ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားပြီးဖြစ်သည်။


အဆိုပါ Yangon Amata Smart and ECO City စီမံကိန်းပန္နက်တင်အခမ်းအနားကို ထို စီမံကိန်းနယ်မြေမှာ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ထိုမြေဧရိယာဧက ၂၀၀၀ ပေါ်တွင်  အကောင်အထည်ဖော်မည့် Yangon Amata Smart and ECO City စီမံကိန်းကို ပြီးခဲ့သော၂၀၁၇ ခုနှစ်က MOU လက်မှတ်ရေးထိုးခဲ့ပြီး ငါးနှစ်အတွင်း တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားကြောင်းသိရပါတယ်။





ယင်းစီမံကိန်းအတွင်း စက်မှုဆိုင်ရာ ဓာတ်ငွေ့ဖြန့်ဖြူးခြင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် သဘာဝ ဓာတ်ငွေ့ဖြန့်ဖြူးရေး၊ ဆောက်လုပ်ရေးအထောက် အကူပြုပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရေး၊စက်မှုလုပ်ငန်းသုံးရေရရှိရေးစနစ် နှင့် စွန့်ပစ်ရေဆိုးစနစ်တည်ဆောက်ခြင်း၊ စွန့်ပစ်အမှိုက် သိမ်းဆည်းရေးစနစ်၊နိုင်ငံတကာ အဆင့်မီ အသက်မွေး ဝမ်းကျောင်းပြု သင်တန်းကျောင်းများ အကောင်အထည်ဖော်မည်ဖြစ်သည်။


အဆိုပါ Yangon Amata Smart and ECO City စီမံကိန်းပြီးစီးခဲ့ပါက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၃၃၀၀၀ ကျော်ဖန်တီးပေးနိုင်မည်ဖြစ် ကြောင်းထုတ်ပြန်ထားသော သတင်းများမှာဖော်ပြထားပါတယ်။ 


ထိုစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် AMATA Corporation PCL တို့မှ အကျိုးတူပူးပေါင်းပြီး ပြုလုပ်ခြင်းဖြစ်ပါတယ်။





အဆိုပါစီမံကိန်းကြီးကြောင့် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ အများကြီးရှိကြောင်း၊ သီလဝါစက်မှုဇုန်နှင့် ဟံသာဝတီလေဆိပ်ဧရိယာအတွင်း တည်ရှိသောကြောင့် ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ်တို့သည် အနာဂတ်တွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ကြောင်း သိရပါတယ်။ 


နောက်ဆုံးရ သတင်းများ


ရန်ကုန်ရဲ့အကြီးမားဆုံးသော စီမံကိန်းကြီး ၃ ခု အကြောင်း


ရန်ကုန်မြို့က နိုင်ငံပိုင်အဆောက်အအုံတွေက စီးပွားဖြစ်ရဲ့လား


ဝင်ငွေနည်းပြည်သူများအတွက် ကျန်စစ်မင်းအိမ်ရာစီမံကိန်းမှ တန်ဖိုးနည်းတိုက်ခန်းများရောင်းမည်


ပြည်တော်သစ်ပြည်သူ့အိမ်ရာ အထပ်မြင့်အဆောက်အဦး


Photo Credit : 
Posted By : Sint Sint (ShweProperty.com)