By ဝင်းအိ, Shweproperty.com
Updated at 3 December 2012
ယခုအပတ် ရန်ကုန်မြို့အတွင်း ရှိ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် အငှားတိုက်ခန်းများ၏ ဈေးနှုန်းများဆက်လက်မြင့်တက်လျက်ရှိကြောင်းသိရသည်။ အငှားကွန်ဒိုတိုက်ခန်း များအနေဖြင့်လည်း တည်နေရာ၊ အကျယ်အဝန်းဖွဲ့စည်းမှုကောင်း မွန် ခြင်းတို့အပေါ်မူတည်၍ ဈေးကောင်း ရလျက်ရှိသည်။
အင်းစိန်နှင့်မရမ်းကုန်းမြို့နယ် အတွင်းရှိ တိုက်ခန်းအငှားဈေးကွက် မှာ ဈေးဆက်လက်တက်လျက်ရှိပြီး ကျပ် ၁၅ သိန်းဝန်းကျင်မှ သိန်း ၂ဝ အထိဈေးတက်လာခဲ့သည်။ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်းမြို့နယ်အတွင်း ရှိ တိုက်ခန်းအငှားဈေးကွက်မှာ မြေ ညီထပ်၊ ပေ ၅ဝ ပတ်လည်လျှင် လေးသိန်းဝန်းကျင်မှ သိန်း ၂ဝ ထိရှိ ကြောင်း သိရသည်။
''မြောက်ဒဂုံ၊ မဟာမြိုင်အိမ် ရာတိုက်ခန်းတွေမှာဆိုရင် သုံးလွှာနဲ့ အထက်တိုက်ခန်းတွေက တစ်လ ငှားရမ်းခကျပ် ၆ဝ,ဝဝဝ ဝန်းကျင်က နေ ကျပ် ၈၅,ဝဝဝ အထိရှိတယ်။ မြေညီထပ်တွေဆိုရင် ကျပ် ၈၅,ဝဝဝ ကျပ် ၁ဝဝ,ဝဝဝ အထိဈေးမြင့်တက် နေတယ်။ ကားလမ်းမနဲ့နီးတဲ့ မြေ ညီထပ်အခန်းတွေကတော့ ကျပ် ၁၅ဝ,ဝဝဝ အထိဈေးပေးပြီးငှားရမ်း နေထိုင်ရတယ်။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်မယ့်သူတွေကတော့ လမ်းမ ပေါ်မှာရှိတဲ့အခန်းတွေကို ငှားရမ်း ကြတာများပါတယ်။ တော်ဝင်တိုက် ခန်းတွေမှာဆိုရင် မြေညီထပ်ထောင့် ခန်းကို ရောင်းချရာ သိန်း ၁၇ဝ ကျော်အထက် ရရှိနေကြပါတယ်။ အဓိကကတော့ ရပ်ကွက်တွေမှာနေ တာထက်စာရင် တိုက်ခန်းတွေက လုံခြုံမှုရှိတဲ့အတွက် အငှားဈေးကွက် သွက်နေတာဖြစ်တယ်''ဟု မဏ္ဍိုင် အိမ်၊ ခြံ၊ မြေမှ တာဝန်ရှိသူဦးခင် မောင်အေးကဆိုသည်။
Source : Myanmar Post
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ