By The Voice Myanmar, Shweproperty.com
Updated at 7 February 2018
"ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ် ၆ မြို့နယ်ရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းပေါင်း ၁၀၀၀ ကျော်ကို ရောင်းချေ ပးမည်ြ ဖ စ်ပြီး တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် စတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။"
အဆိုပါတန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို ဝယ်ယူခွင့် ရရှိသူများအနေဖြင့် ကနဦး၂၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ၁၅ နှစ် အ ရစ်ကျပေးချေရမည်ဖြစ်ကြောင်းနှင့် တိုက်ခန်းတန်ဖိုး အကျေပေးသွင်းမည်ဆိုပါက ယင်းတိုက်ခန်းတန်ဖိုး၏ ၃ ရာခိုင်နှုန်းကို လျှော့ေ ပးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။
“အခုရောင်းမယ့် အခန်းတွေက ရန်ကုန်တိုင်းအစိုးရကို ပေးထားတဲ့ အစိုးရဝန်ကြီးဌာနက ဆောက်ထားတဲ့အခန်းတွေရဲ့ ၇၀ ရာခို င်နှု န်း ကို ရောင်းချပေးသွားမှာပါ။ လျှောက်လွှာတွေကို ခရိုင်တွေကိုလည်း ဖြန့်ထားပြီးပြီ။ ဝန်ထမ်းဆို ဘာအရောင်၊ ပြည်သူဆို ဘာအရောင် ကာ လာလေးမျိုးနဲ့ ရောင်းချပေးမယ်။ မည်သူမဆို ဝယ်နိုင်တယ်”ဟု ၎င်းကဆိုသည်။
တိုက်ခန်းဝယ်ယူခွင့် ရရှိသွားသူများအနေဖြင့် ကနဦး တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်း ငွေပေးသွင်းပြီးပါက နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး တိုက်ခန်းပိုင်ဆိုင်မှုစာအုပ်ကို ငွေအားလုံး ပေးသွင်းပြီးသည့်အခါမှ ရရှိမည်ဖြစ်ကြောင်းနှင့် ယင်းဝယ်ယူခွင့် ရရှိသည့်အခန်းများကို ပြန် လည်ရောင်းချပါက ပြန်လည် သိမ်းယူသွားမည်ဖြစ်ပြီး သိမ်းယူသည့်အချိန်တွင် တိုက်ခန်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ပြန်လည်နုတ်ယူပြီး ငွေပြန်အမ်းကာ Black List သွင်းသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
မြို့နယ် ၆ မြို့နယ်ရှိ အိမ်ရာဝယ်ယူခွင့် လျှောက်လွှာများကို တစ်စောင်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်အေ ထွထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ၄ ခုတွင် ဖေဖော်ဝါရီလ ၁၅ ရက်မှ မတ်လ ၁၅ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်သည်။
ရောင်းချပေးသွားမည့် တန်ဖိုးနည်း တိုက်ခန်းဈေးမှာ ကျပ် ၉၈ သိန်းဝန်းကျင်မှ ကျပ် သိန်း ၁၃၀ ဝန်းကျင်ဖြင့်လည်းကောင်း၊ တန်ဖိုးသ င့် တိုက်ခန်းများကို ကျပ်သိန်း ၃၀၀ မှ ကျပ် သိန်း ၅၀၀၊ ကျပ်သိန်း ၆၀၀ အထိလည်းကောင်း တိုက်ခန်းများကို ရောင်းချပေးမည် ဖြစ်သည်။
အိမ်ရာဝယ်ယူခွင့် လျှောက်လွှာများတွင် အစိုးရဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်း၊ ပြည်သူဟူ၍ လျှောက်လွှာများကို အရောင်လိုက် ခွဲခြားထားမည်ဖြစ်ပြီး အိမ်ရာဝယ်ယူခွင့် လျှောက်ထားသူများအတွက် စည်းကမ်းချက်များအနေဖြင့် အသက် ၂၃ နှစ်ြ ပည့်ပြီးသူဖြစ်ပြီး အိမ်ပိုင်မရှိသူများကိုသာ ရောင်းချပေးမည်ဖြစ်သည်။
မြို့နယ် ၆ မြို့နယ်ရှိ ရောင်းချပေးသွားမည့် အိမ်ရာများမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနအိမ်ရာ အပိုင်း (၁)နှင့် (၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင် သာ ယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House များ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံ အိမ်ရာတို့မှ တိုက်ခန်းများဖြစ်သည်။
Ref : The Voice Myanmar Photo Credit : Mizzima Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ