By Khine Zar, Shweproperty.com
Updated at 5 January 2021
ရန်ကုန်မြို့ရဲ့ အထင်ကရသမိုင်းဝင် ဘူတာကြီးကို ဘက်စုံဖွံ့ဖြိုးစီမံကိန်းများပြုလုပ်ရန် ရေးဆွဲထားပြီး အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိပါတယ်။ ယင်းစီမံကိန်းမှာတော့ နိင်ငံတကာအဆင့်မီ ဘူတာရုံကြီးအဖြစ်ပြောင်းလဲသွားရန်လည်း ရည်ရွယ်ထားကြပါတယ်။ ဘူတာကြီးဟာ နှစ်ပေါင်းများစွာအသုံးပြုခဲ့ကြသော ပင်မကုန်းလမ်းပို့ဆောင်ရေးဌာနတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ စီမံကိန်းနှင့်ဆက်စပ်ပြီးတော့ အဆင့်မီ စီးပွားဖြစ်ဟိုတယ်၊ ပန်းခြံ၊ ရထားပြတိုက် တို့ပါဝင်သွားမယ်လို့လည်း သက်ဆိုင်ရာဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။ရန်ကုန်ဘူတာကြီး ဘက်စုံ ဖွံဖြိုးရေး စီမံကိန်းတွင် စီးပွားဖြစ် ဟိုတယ်များနှင့် ပန်းခြံအပါအဝင် ရထားပြတိုက် တစ်ခုတို့ပါဝင်မည်ဖြစ်ကြောင်း myanmar project bank မှ အချက်အလက်များထုတ်ပြန်ထားပြီးဖြစ်သည်။ အဆိုပါစီမံကိန်းမှာ စုစုပေါင်းစီမံကိန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၂.၁၅ဘီလျံ ကျော်ကုန်ကျမည့် ရန်ကုန်ဘူတာကြီး ဘက်စုံ ဖွံဖြိုးရေးစီမံကိန်းတွင် အဆင့်မြှင့်စီးပွားရေးဇုန် ၆ဇုန်၊ ရုံးခန်းများ၊ကွန်ဒိုများ၊ စီးပွားဖြစ်ဟိုတယ်များ၊ ဝန်ဆောင်မှုအခန်းများ ပန်းခြံတစ်ခုနှင့် ရထားပြတိုက်တစ်ခုစသည်တို့ဖြစ်ပါတယ်။ ထိုစီမံကိန်းသည် ၈နှစ်ခန့်ကြာမြင့်မည့် စီမံကိန်းတစ်ခုဖြစ်ပြီး Consortium of Oxley Holding, Min Dhama Co., Ltd တို့အပြင်ဂျပန် မှ Sumitomo ကော်ပိုရေးရှင်းမှလည်း ပါဝင်မည်ဖြစ်သည်။ နောက်ဆုံးရ သတင်းများ ကိုဗစ်ကာလအတွင်း ဘဏ်ချေးငွေဖြင့်ရောင်းဝယ်ရသော အိမ်ခန်းများ အရောင်းအဝယ်သွက် အလုပ်အကိုင် ၄၅၀၀နီးပါး အလုပ်ရမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၅ ခု ကို MICခွင့်ပြု မန္တလေးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဝန်ထမ်း လေးဦးလျှင် တစ်ဦးနှုန်း အိမ်ခန်းနေရာများ စီစဉ်ပေးနိုင်ခဲ့ YANGON AMATA SMART AND ECO CITY စီမံကိန်း ပြီးစီးပါကအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃,၀၀၀ ကျော် ဖန်တီးပေးနိုင်မည် Photo Credit : nutritionalmenu Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ