By 7daydaily, Shweproperty.com
Updated at 14 June 2016
တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာတိုက်ခန်း တစ် သိန်းရှစ်သောင်းကျော် တည် ဆောက်ရန် စီစဉ်ထားပြီး ရန်ကုန် မြို့၌ အခန်းရှစ်ထောင်စတင် တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
၂ နှစ်အတွင်း ရန်ကုန်မြို့ရှိ ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် လှိုင် သာယာမြို့နယ်တို့တွင် တည် ဆောက်မည်ဖြစ်ပြီး စီမံကိန်းမြေ နေရာကို တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ညှိနှိုင်းနေကြောင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန် က 7 Day Daily သို့ပြောကြား သည်။
လက်ရှိတွင် ဒီဇိုင်းရေးဆွဲ ကာ ပုဂ္ဂလိကကုမ္ပဏီများ တည် ဆောက်ခွင့်ပေးမည်ဖြစ်ပြီး ပွင့် လင်းမြင်သာမှုရှိစွာ ဖိတ်ခေါ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါအခန်းများကို ယခုမိုးရာသီအကုန်တွင် စီမံကိန်းစတင်တည်ဆောက်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
ဆောက်လုပ်ရေးဝန်ကြီး ဌာနက တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရာတွင် အဓိကကြုံ တွေ့ရသည့် အခက်အခဲမှာ မြေ နေရာရရှိရန်ဖြစ်ပြီး ကျယ်ဝန်း သည့် မြေနေရာရရှိရန် ရန်ကုန်မြို့၌ အခက်အခဲဆုံးဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိရန်ကုန်မြို့တွင် တန် ဖိုးနည်းအိမ်ရာတည်ဆောက်ရန် မြေဧက ၂၃၀ ကျော်ရရှိထားပြီး ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကျပ်သိန်းတစ်ရာဖြင့် ရောင်းချမည့် အိမ်ရာစီမံကိန်းအတွက် နေပြည်တော်တွင် အထပ်ငါး ထပ်၊ အခန်း လေးဆယ်ပါဝင်မည့် အဆောက်အအုံကို စမ်းသပ်တည်ဆောက်နေရှိပြီး အဆိုပါစီမံကိန်း မှ ထွက်ပေါ်လာမည့် ရလဒ်ပေါ်မူ တည်ကာ တန်ဖိုးနည်းနိုင်သ လောက်နည်းပါးစေရန် အရည် အသွေးရှိရှိတည်ဆောက်မည်ဟု ဆိုသည်။
နိုင်ငံတစ်ဝန်းကျပ်သိန်း တစ်ရာအောက် တန်ဖိုးနည်းအိမ်ရာတိုက်ခန်း တစ်သိန်းရှစ်သောင်းခန့် အစိုးရသစ်လက်ထက်၌ တည်ဆောက်နိုင်ရန်စီစဉ်ထားကြောင်း ဇွန်လ ၇ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။
အခန်းရောင်းသောအခါ ယခင်အစိုးရလက်ထက်က တည် ဆောက်ခဲ့သည့် ရတနာဧရာဝဏ် အိမ်ရာစီမံကိန်းများကဲ့သို့ ဈေး နှုန်းကြီးမြင့် သွားခြင်းမျိုးမဖြစ်သင့်ဘဲ အခြေခံပြည်သူများ လက် လှမ်းမီသည့်ဈေးနှုန်းဖြစ်ရန် လိုအပ်ကြောင်း မြို့ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေက သုံးသပ်သည်။
‘‘အိမ်ထောင်စုတစ်ခုကို အ ခန်းတစ်ခန်းလောက်ရောင်းပေး နိုင်ရင် ပိုကောင်းပါတယ်။ ရောင်း တာထက် အငှားအိမ်ရာတွေ ပိုပြီး လုပ်စေချင်တယ်။ ရန်ကုန်မှာ အိမ်ငှားခ အရမ်းဈေးကြီးနေတော့ သက်သက်သာသာနဲ့ငှားပြီး နေနိုင်ဖို့လိုတယ်။ အိမ်ဝယ်ဖို့ကျတော့ တစ်လတစ်လ ငွေသွင်းရမှာ အရမ်းများတယ်’’ဟု ရန်ကုန်မြို့တော်စည်ပင်ဝန်ထမ်းဟောင်းလမ်းတံတားဌာနမှ ဦးလှဦးက ပြောကြား သည်။
Ref : 7daydaily
Photo Credit : social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ