By ပြည့်ရည်ဖူး, Shweproperty.com
Updated at 23 October 2012
ရန်ကုန်မြို့တွင် ထပ်မံတိုးချဲ့မည့့့်််မြေဧကလေးသောင်းတွင် သီလဝါ၊ ဒလ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း စသည့် နေရာသုံးနေရာ တို့ပါဝင်နိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များနှင့် ပညာရှင်များ က ခန့်မှန်းကြောင်း မြန်မာနိုင်ငံ အိမ်ခြံ ဝန်ဆောင်မှုအသင်းမှ အထွေထွေ အ တွင်းရေးမှူး ဒေါ်မို့မို့အောင်က ၁၇-၁ဝ- ၂ဝ၁၂ ရက်နေ့တွင် ပြောကြားသည်။
''လက်ရှိမှာ ဒီနေရာသုံးနေရာကို ခန့်မှန်းထားပေမယ့် ခန့်မှန်းဆိုတဲ့အတိုင်း မှန်ချင်မှလည်းမှန်မယ်။ ဘယ်နေရာမှာ၊ ဘာအတွက် လုပ်မယ်ဆိုတာပေါ်မူတူတူတည် ပြီး တော့မှ ပြောင်လှဲသွားမှာ ပါ။ တကယ် လို့သာ သမ္မတကြီးအတည်ပြုလက်မှတ် ထိုးလိုက်မှပဲ အသေအချာဖြစ်မှာပါ။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်လာမယ်ဆို ရင် ရင်းနှီးမြှုပ်နှံမယ့်လူတွေက သူတို့ ဘယ်နေရာမှာ ဘယ်လောက်ရင်းနှီးမြှုပ်နှံ ရမလဲဆိုတာကို သိမယ်။ အခုကတော့ စောင့်ကြည့်ဆဲကာလပဲ ဖြစ်နေတယ်။ အခု နေရာသုံးနေရာလို့ ခန့်မှန်းပေမယ့် မဖြစ် မနေ နေဖို့ဝယ်ရမယ့်လူကပဲ ဝယ်သေး တယ်။ လောလောဆယ် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသားတွေက လည်း သူတို့လာရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဥပဒေ ဘယ်လောက်ထိရောက်မှုရှိသလဲ ဆိုတာပေါ်မူတည်ပြီးတော့ မြှုပ်နှံမယ်ပေါ့။
အခုကတော့ ခန့်မှန်းတဲ့နေရာတွေကို သိပေမယ့်လည်း အားလုံးကစောင့်ကြည့်နေ ကြတယ'် ' ဟု ယင်းကပြောကြားသည်။ ရန်ကုန်မြို့တွင် ထပ်မံတိုးချဲ့မည့် ဧကလေးသောင်းသည် မြို့သစ်တည်ထောင်ခြင်း၊ လူနေရပ်ကွက်တည်ထောင်ခြင်း ၊ စက်မှုဇုန်တည်ထောင်ခြင်းတို့ အပေါ်မူတည်ကာ အိမ်ခြံမြေဈေးကွက် အခြေအနေပြောင်းလဲသွားနိုင်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံခြားသားများ အတွက် ကန်ဒိုမီနီနီယံ ဥပဒေပေါ်ထွက်လာပြီး နိုင်ငံခြားသားများ ကို ငှားခွင့် ဝယ်ခွင့်ပြုလိုက်လျှင်လည်း လက်ရှိတွင် ကွန်ဒိုမီနီယံ ဝယ်မည့် နိုင်ငံခြားသားအများအပြားရှိကြောင်းသိရှိရသည်။
အဆိုပါ ဥပဒေထွက်လာလျှင် နိုင်ငံခြားသားများ သည် ''ကြာရှည်စွာနေထိုင်ရန် ဟိုတယ် များ ငှားမနေတော့ဘဲ ကွန်ဒိုများငှားရမ်း နေထိုင်ခြင်း၊ မြန်မာပြည်တွင် ရေရှည် အလုပ်လုပ်ကိုင်ရန်အတွက် ကွန်ဒိုများ ဝယ်ယူခြင်းတို့ကိုလည်း လုပ်ဆောင်လာ မည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိတွင်ရန်ကုန်မြို့ရှိ ကွန်ဒိုမီနီယံ အများစုမှာ ကုန်သလောက်ဖြစ်သွားသည့်အတွက် ကွန်ဒိုမီနီယံများများ ဆောက်ရန်လိုအပ်လာပြီး ဈေးနှုန်းများလည်း အပြိုင်အဆိုင် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
Source : Pyi Myanmar
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ