By Kumudra, Shweproperty.com
Updated at 14 August 2017
လက်ရှိရေးဆွဲနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို လာမယ့်ဆယ်စုနှစ်အတွင်း တိုးပွားလာမယ့် ရန်ကုန်မြို့လူဦးရေနဲ့ ကိုက်ညီမှုရှိစေဖို့ ပြန်လည်ရေးဆွဲရမယ်လို့ လျှပ်စစ်၊ စက်မှုနှင့်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော်က ပြောပါတယ်။
ရန်ကုန်မြို့တော်ဟာ လာမယ့် ၁၀နှစ်အတွင်းမှာ လူဦးရေ ၁၀ သန်းအထက်ရှိတဲ့ မဂ္ဂါစီးတီးအဖြစ် ကို ရောက်ရှိလာမှာဖြစ်တဲ့အတွက်ကြောင့် တိုးပွားလာမယ့် လူဦးရေနဲ့ ကိုက်ညီမှုရှိတဲ့ မြို့ပြစီမံကိန်းသစ်ကို ပြင်ဆင်ရေးဆွဲရမယ်လို့ သူက ပြောပါတယ်။
“အဲဒါကြောင့် ရန်ကုန်မြို့ကို ချဲ့ထွင်ဖို့ vertical မှာရော၊ horizontal ရော နှစ်ခုစလုံးမှာ ပေါင်းစပ်ပြီး စီမံပြင်ဆင်ထားဖို့ လိုပါတယ်” လို့ ဒေါ်နီလာကျော်က ပြောပါ တယ်။
လက်ရှိရန်ကုန်မြို့တော်ကို ချဲ့ထွင်တဲ့အခါမှာ မြို့ပြဒေသတွေကို ချဲ့ထွင်ခြင်း horizontal expansion ကို ပြုလုပ်ရမှာဖြစ်သလို မြို့တွင်း အထပ်မြင့်အဆောက်အအုံတွေတည်ဆောက်ကာ ချဲ့ထွင်ခြင်း vertical expansion ကိုလည်း ချဲ့ထွင်ဖို့ လိုအပ်တယ်လို့ ဒေါ်နီလာကျော်က ပြောပါတယ်။ လက် ရှိ ရန်ကုန်နယ် နိမိတ် အတွင်းမှာပဲ လူဥိးရေ တစ်သန်းကနေ နှစ်သန်းခန့် ထပ်မံနေထိုင်နိုင်ရေး စီစဉ်ရမှာဖြစ်တဲ့အ တွက် လက်ရှိ မြို့ပြကို လူနေသိပ်သည်းဆ မြှင့်တင်နိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရဲ့ လူ ဦးရေသိပ်သည်းမှုဟာ ၁၉၇၃ ခုနှစ် က တစ်စတုရန်းမီတာမှာ လူဦးရေ ၁၂၀၊ ၁၉၈၃ခုနှစ်မှာ တစ်စတုရန်း မီတာကို ၃၈၇ ဦးနဲ့ ၂၀၁၄ ခုနှစ်မှာ တော့ တစ်စတုရန်းမီတာကို ၇၁၆ ဦးအထိရှိလာပြီ ဖြစ်တယ်လို့ သိရ ပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းအ ကောင်အထည်ဖော်တဲ့အခါ လို အပ်တဲ့ ငွေကြေးအရင်းအနှီးကို World Bank, IMF, IFC စတဲ့ ငွေကြေးဆိုင်ရာဌာနတွေက ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းခွင်မှာ ပါဝင်ဆောင်ရွက်တာတွေ၊ Foreign Commercial Loan (နိုင်ငံခြားချေးငွေ ရယူတာတွေ) ၊ Private Enterprise လျှပ်စစ်လုပ်ငန်း၊ ရေ လုပ်ငန်းအစရှိတာတွေကို PPP စနစ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးကော်မရှင် ဥက္ကဋ္ဌ ဖြစ်တဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆက် လက်ဆောင်ရွက်ဖို့ တင်ပြသွားပြီး မြို့သစ်စီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအသစ်ရဲ့ ဆောင်ရွက်မယ့် ပုံစံကတော့ ပြောင်းလဲသွားမှာဖြစ်တယ်၊ ရင်းနှီး မြှုပ်နှံမှု ပုံစံကလဲ ပြောင်းလဲသွားမှာဖြစ်ပါတယ်၊ လက်ရှိအချိန်မှာ တော့ စီမံကိန်းပ ုံစံပြောင်းလဲမယ် ဆိုတာကလွဲလို့ အသေးစိတ် မသိ ရသေးပါဘူး”လို့ ပြောပါတယ်။
“စီမံကိန်းကတော့ အကြီးကြီး ဖြစ်တယ်၊ မြို့သစ်စီမံကိန်းကို ဆောင်ရွက်မယ်၊ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းတုန်းက ပုံစံမဟုတ်ဘူး၊ ပုံစံပြောင်းမယ်လို့ ပြောရုံနဲ့ မပြည့် စုံသေးပါဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လဲ ပြောင်းလဲ ရေးဆွဲမယ့် စီမံကိန်းကို ကျယ် ကျယ်ပြန့်ပြန့်သိဖို့လိုအပ်ပြီး အသေးစိတ်ဆွေးနွေးချင်ပါတယ်၊ နောက် သူတို့တင်ပြသွားတဲ့အထဲမှာ New Yangon Development Cooperation ရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာလဲ ပြန်ပြင်ဆင်ရမယ့် အချက် တွေ ရှိနေပါသေးတယ်”လို့လည်း သူက ဆက်ပြောပါတယ်။
“ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုလဲ အသစ်တွေ ပြန်ခေါ်မယ် လို့ဆိုတဲ့အတွက် နိုင်ငံတကာတင် ဒါခေါ်မှာလား၊ ရင်းနှီးမြှုပ်နှံမှုရဲ့ ပမာဏကဘယ်လောက်သတ် မှတ်ထားလဲ၊ အခုလက်ရှိရှိနေတဲ့ ဝိုင်စီဒီစီကပဲ အုပ်ချုပ်မှာလား ဒါမှမဟုတ် ဝိုင်စီဒီစီအသစ်ပေါ်ပေါက်မှာလား၊ဘယ်လိုစီမံခန့်ခွဲမှုပုံစံတွေနဲ့ အုပ်ချုပ်မှာလဲဆိုတာတွေကို ထပ်သိဖို့လိုတယ်”လို့ ဒေါ်စန္ဒာမင်း က ပြောပါတယ်။
ပြန်လည်ပြင်ဆင်ရေးဆွဲမယ့် မြို့သစ်စီမံကိန်းအကြောင်းကို လွှတ်တော်ကိုယ်စားလှယ်တွေက ပဉ္စမအကြိမ်မြောက် လွှတ်တော်မှာ ဆွေးနွေးခွင့်ရရန် မျှော်လင့်ထားကြောင်း သိရပါတယ်။
Posted By : Ra Wai (shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ