By Myanmar Builders Guide, Shweproperty.com
Updated at 29 October 2019
#Unicode
ရန်ကုန်မြို့သစ် တည်ဆောက်ရေး ပထမအဆင့်ဖြစ်သည့် မြေနေရာပြန်လည်ချထားရေးသည် မကြာမီလပိုင်းအတွင်း ပြီးစီးမည်ဟု ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ(NYDC)အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်တွင် မြေဧက ၁၈,၀၀၀ ကျော်ပါဝင်ပြီး ယခုလ ၈ ရက်တွင် ပထမအကြိမ် ပြန်လည်ချထားခြင်း ဆောင်ရွက် ကာ ကျန်ဧရိယာများကိုလည်း ထပ်မံမဲနှိုက်ချထားမည်ဟု ၎င်းက ဆိုသည်။
‘‘ဒီစနစ်က မြန်မာနိုင်ငံမှာ ပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေးပုံစံ တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ် အောင်မြင်မှုဟာ ဒေသတွင်းက တခြားစီမံကိန်းတွေကိုလည်းအများကြီး အထောက်အကူဖြစ်စေ မှာ ဖြစ်တယ်’’ဟု ဦးသိမ်းဝေက ပြောသည်။
ရန်ကုန်တိုင်းအစိုးရက ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်သည့် လယ်မြေများကို လျော် ကြေးအစား မြို့မြေ ၂၀ ရာခိုင် နှုန်း ပြန်ပေးခြင်းဖြစ်သည်။ လျော် ကြေးယူပါက တစ်ဧက ကျပ်သိန်း၁၀၀ပေးအပ်မည်ဟု ဆိုသည်။
ပထမအကြိမ် မြေပြန်လည်ချထားရေးတွင် ရရှိထားသည့် မြေပိုင်ရှင်များသည် အခြေခံအဆောက်အအုံတည်ဆောက်ပြီးပါက ခွင့်ပြုချက်ရယူပြီး လုပ်ငန်းများ စတင်နိုင်သည်ဟု ၎င်းကဆိုသည်။
ဒေါ်လာရှစ်ဘီလီယံတန် ရန်ကုန်မြို့သစ်စီမံကိန်း အပိုင်း (၁)ကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှ ၂၀၅၁-၅၂ အတွင်း အပြီးဆောင်ရွက်မည်ဟု တိုင်းအစိုးရက ဆိုထားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင်အစိုးရလက်ထက်က စတင်ခဲ့သည့် မြေနေရာရှိ ဧက ၂၀,၀၀၀တွင် ပထမအဆင့် စတင် အကောင်အထည်ဖော်မည်ဖြစ် သည်။ ယင်းစီမံကိန်းအကောင်ထည်ဖော်ရန် တိုင်းအစိုးရက ကျပ် ၁၀ ဘီလီယံအသုံးပြုကာ NYDC ကုမ္ပဏီကို ထူထောင်ပြီး လုပ်ငန်းရှင် ဦးသိမ်းဝေအား ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌနှင့် အမှု ဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက စင်ကာပူနိုင်ငံထက် နှစ်ဆကျယ်ဝန်းမည် ဟု NYDC ကုမ္ပဏီက ထုတ်ပြန်ထားသည်။
#Zawgyi
ရန္ကုန္ၿမိဳ႕သစ္ တည္ေဆာက္ေရး ပထမအဆင့္ျဖစ္သည့္ ေျမေနရာျပန္လည္ခ်ထားေရးသည္ မၾကာမီလပိုင္းအတြင္း ၿပီးစီးမည္ဟု ရန္ကုန္ၿမိဳ႕သစ္ဖြံ႕ၿဖိဳးတိုးတက္ေရးကုမၸဏီ(NYDC)အမႈေဆာင္အရာရွိခ်ဳပ္ ဦးသိမ္းေဝက ေျပာသည္။
ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ပထမအဆင့္တြင္ ေျမဧက ၁၈,၀၀၀ ေက်ာ္ပါဝင္ၿပီး ယခုလ ၈ ရက္တြင္ ပထမအႀကိမ္ ျပန္လည္ခ်ထားျခင္း ေဆာင္႐ြက္ ကာ က်န္ဧရိယာမ်ားကိုလည္း ထပ္မံမဲႏႈိက္ခ်ထားမည္ဟု ၎က ဆိုသည္။
‘‘ဒီစနစ္က ျမန္မာႏိုင္ငံမွာ ပထမဦးဆုံး စတင္အသုံးျပဳတဲ့ ေျမေနရာျပန္လည္ခ်ထားေရးပုံစံ တစ္ခုပဲ ျဖစ္ပါတယ္။ ဒီအစီအစဥ္ ေအာင္ျမင္မႈဟာ ေဒသတြင္းက တျခားစီမံကိန္းေတြကိုလည္းအမ်ားႀကီး အေထာက္အကူျဖစ္ေစ မွာ ျဖစ္တယ္’’ဟု ဦးသိမ္းေဝက ေျပာသည္။
ရန္ကုန္တိုင္းအစိုးရက ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းတြင္ ပါဝင္သည့္ လယ္ေျမမ်ားကို ေလ်ာ္ ေၾကးအစား ၿမိဳ႕ေျမ ၂၀ ရာခိုင္ ႏႈန္း ျပန္ေပးျခင္းျဖစ္သည္။ ေလ်ာ္ ေၾကးယူပါက တစ္ဧက က်ပ္သိန္း၁၀၀ေပးအပ္မည္ဟု ဆိုသည္။
ပထမအႀကိမ္ ေျမျပန္လည္ခ်ထားေရးတြင္ ရရွိထားသည့္ ေျမပိုင္ရွင္မ်ားသည္ အေျခခံအေဆာက္အအုံတည္ေဆာက္ၿပီးပါက ခြင့္ျပဳခ်က္ရယူၿပီး လုပ္ငန္းမ်ား စတင္ႏိုင္သည္ဟု ၎ကဆိုသည္။
ေဒၚလာရွစ္ဘီလီယံတန္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း အပိုင္း (၁)ကို ၂၀၁၈-၁၉ ဘ႑ာႏွစ္မွ ၂၀၅၁-၅၂ အတြင္း အၿပီးေဆာင္႐ြက္မည္ဟု တိုင္းအစိုးရက ဆိုထားသည္။
ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို ယခင္အစိုးရလက္ထက္က စတင္ခဲ့သည့္ ေျမေနရာရွိ ဧက ၂၀,၀၀၀တြင္ ပထမအဆင့္ စတင္ အေကာင္အထည္ေဖာ္မည္ျဖစ္ သည္။ ယင္းစီမံကိန္းအေကာင္အထည္ေဖာ္ရန္ တိုင္းအစိုးရက က်ပ္ ၁၀ ဘီလီယံအသုံးျပဳကာ NYDC ကုမၸဏီကို ထူေထာင္ၿပီး လုပ္ငန္းရွင္ ဦးသိမ္းေဝအား ကုမၸဏီ ဒုတိယဥကၠ႒ႏွင့္ အမႈ ေဆာင္အရာရွိခ်ဳပ္အျဖစ္ ခန႔္အပ္ခဲ့သည္။
ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း တည္ေဆာက္ၿပီးစီးပါက စင္ကာပူႏိုင္ငံထက္ ႏွစ္ဆက်ယ္ဝန္းမည္ ဟု NYDC ကုမၸဏီက ထုတ္ျပန္ထားသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ