By 7daydaily, Shweproperty.com
Updated at 17 June 2015
ရန်ကုန်မြို့တွင် ကွန်ဒို ဝယ်ယူနိုင်သည့် အိမ်ထောင်စုအ ရေအတွက်မှာ လေးသောင်းခန့် သာရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။
ရန်ကုန်မြို့တွင် ကွန်ဒိုအ ထပ်မြင့်တိုက်ခန်းများ ဆောက် လုပ်မှု များပြားလာသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက နောက်ဆုံးကောက်ယူ ထားသည့် စာရင်းများအရ ကွန်ဒို ဝယ်ယူနိုင်သည့် အိမ်ထောင်စုမှာ လေးသောင်းခန့်သာရှိပြီး ၎င်းတို့ က ကွန်ဒိုများဝယ်ယူမှု မရှိသော ကြောင့် ကွန်ဒိုတိုက်ခန်းဈေးကွက်မှာ ရပ်တန့်လုနီးပါးဖြစ်နေ ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်း အကြံပေး ဦး လှမောင်က ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ငွေရေးကြေးရေးအဖွဲ့များ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင်ပြောသည်။
‘‘အဲဒီကွန်ဒို ဝယ်ယူနိုင်သူ တွေက အိမ်တွေပိုင်ပြီးသားပဲ။နေ ဖို့အတွက် မဖြစ်မနေဝယ်တာ မ ဟုတ်ဘူး။ သူတို့ကို ဈေးကွက်မှီခို နေရတော့ အခုရောင်းအဝယ်က မဖြစ်သလောက်ပဲ’’ဟု တော်ဝင် မိသားစုကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကို ထွေးက ပြောသည်။
၂၀၁၄ ပြည်လုံးကျွတ် သန်း ခေါင်စာရင်းအရ လူဦးရေငါးသန်း ကျော်ရှိသော ရန်ကုန်မြို့တွင် အိမ်ထောင်စုပေါင်း တစ်သန်း ကျော် (၁,၀၉၃,၂၀၀)ရှိသည်။ ထို့ကြောင့် အိမ်ထောင်စု တစ်သန်း ကျော်တွင် လေးသောင်းခန့်သာ ကွန်ဒိုဝယ်နိုင်သည်ဆိုခြင်းကြောင့် အချိုးကျလျှင် အိမ်ထောင်စု ၂၇ စုကျော်လျှင် တစ်စု ကွန်ဒိုခန်း ဝယ်နိုင်ခြင်းဖြစ်သည်။
မကြာမီကျင်းပမည့် အထွေ ထွေရွေးကောက်ပွဲအပြီး နိုင်ငံရေး အပြောင်းအလဲများဖြစ်လျှင် အိမ် ခြံမြေဈေးကွက်များလည်း အ ပြောင်းအလဲ ဖြစ်နိုင်သောကြောင့် ရွေးကောက်ပွဲမတိုင်မီ ဈေးကွက် ကို စောင့်ကြည့်နေကြသည့်အ တွက် ဈေးကွက်ရပ်ဆိုင်းနေခြင်း ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင် သူများကပြောသည်။
တိုက်ခန်းဝယ်ယူရန် ကျပ် သိန်း ၅၀၀ မှ သိန်း ၁,၀၀၀ အကြား သုံးစွဲနိုင်သည့် အိမ်ထောင်စုများသာ များပြားနေကြောင်း ဦးကိုကိုထွေးကပြောသည်။
‘‘ကွန်ဒိုတွေက လိုတော့လို အပ်ပေမယ့် ဆောက်လုပ်ရေးလုပ် ငန်းရှင်တွေအတွက် control လုပ် ရမယ့်အပိုင်းလည်းရှိတယ်’’ဟု ဦး လှမောင်ကပြောသည်။မကြာမီ ပြဋ္ဌာန်းရန်ပြင်ဆင် နေသည့် ကွန်ဒိုမီနီယံဥပဒေကြမ်း တွင် နိုင်ငံခြားမှ အလုပ်လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားလုပ်ငန်းများ၊ လုပ်သားများအတွက် ကွန်ဒိုအခန်းများ ဝယ်ယူခွင့်ပေးရန် ရေးဆွဲထားသည့်အတွက် ယင်းဥပဒေ အတည်ပြုပြီးလျှင် ကွန်ဒိုတိုက်ခန်း ဈေးကွက်များ ပြန်လည်သွက်လက်လာနိုင် ကြောင်း ဦးကိုကိုထွေးက ပြော သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ