By Pyi Myanmar, Shweproperty.com
Updated at 1 October 2015
စိတ်ဝင်စားမှု အများဆုံးဖြစ်သည့်အ ကြောင်းအရာများအနက် တစ်ခုအပါအ ဝင်ဖြစ်သော ရန်ကုန်-ဒလ မြစ်ကူးကြိုးတံ တားကို နိုဝင်ဘာလ ၁၄ ရက်တွင် တောင်ကိုရီးယားနှင့် လက်မှတ်ထိုးကာ စတင် တည်ဆောက်ရန် ရည်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရ ရှိသည်။
အခုတောင်ကိုရီးယားနဲ့ ချေးငွေ လက်မှတ်ထိုးပြီးရင် ချက်ချင်းစတော့မယ်။ တောင်ကိုရီးယားက ဆောက်မယ့်ကုမ္ပဏီ တွေကို တောင်ကိုရီးယားက စစ်ဆေးရေး အဖွဲ့နဲ့ မြန်မာကအဖွဲ့တို့ပူးပေါင်းပြီး တင် ဒါခေါ်နေတဲ့ အချိန်ရောက်နေပြီ။ တောင် ကိုရီးယားလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံ မှာလာပြီး တင်ဒါပြိုင်ရမယ်}}ဟု ဆောက် လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် ဦးကျော်လင်းက ပြည်မြန်မာသို့ ပြော သည်။
အဆိုပါ ရန်ကုန်-ဒလ တံတားစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယား အစိုးရ၏အစီအစဉ်ဖြင့် တောင်ကိုရီးယားကုမ္ပဏီကတည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအပါအဝင် တာဝန်ရှိပုဂ္ဂိုလ်အများစုကို တံတားတည်ဆောက်မည့်နေရာတွင် မြေပြင်ကွင်းဆင်းတိုင်းတာမှုများပြုလုပ်ခဲ့ဖူးသည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မှတ်တမ်းများက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက အဆိုပါ တံတားတည်ဆောက်မည်ဆိုသည့် အတွက် ဒလ-တွံတေးတို့တွင် မြေဈေး မြင့်တက်မှု၊ မြေကွက်ဈေးကစားမှုများ ဖြစ်ပေါ်ခဲ့ကာ တံတားတည်ဆောက်မှု ရပ်သွားသည့်အတွက် မြေဈေးကျကာ ဈေးကြီးပေးဝယ်ယူထားသူအချို့ ပိုက်ဘောမိ ခဲ့ရသေးသည်။
အဆိုပါတံတားကို ကန်ဒေါ်လာ ၁၃၈ သန်းအသုံးပြုကာ လာမည့် ၂၀၁၉ ခုနှစ် တွင်ပြီးစီးမည်ဟုမျှော်မှန်းထားပြီး တံတား တည်ဆောက်ရာတွင် သင်္ဘောကြီးများ သွားလာနိုင်ရေးအတွက် ရေလမ်းကင်း လွတ်အမြင့် ပေ ၁၆၀ နှင့် ရေလမ်းကင်း လွတ်အကျယ်မှာ ၈၂၃ ပေ ထားရှိပေးမည် ဖြစ်ကြောင်း၊ ဒလမြို့အပါအဝင် ရေရှား သောပြဿနာများကိုဖြေရှင်းနိုင်ရန် တံတားနှင့်အတူ ပိုက်လိုင်းကိုပါ ပူးတွဲသွယ် တန်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်က ထုတ်ပြန်ထားမှုအရ သိရသည်။
ရန်ကုန်ဘက်အခြမ်းမှ လမ်းမတော် မြို့နယ် မော်တင်ဆိပ်ကမ်းဝန်းကျင်နှင့် ဒလဘက်အခြမ်း ကျန်စစ်သားရပ်ကွက် ဝန်းကျင်နေရာများမှာ တံတားစီမံကိန်းအတွင်း ဧရိယာတွင်ပါဝင်နေသည့်အတွက် ယင်းတို့ကို အောက်တိုဘာလမကုန်မီ ဖယ်ရှားပေးရန်နှင့် လျော်ကြေးပေးရန် တို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ညှိနှိုင်းလုပ်ဆောင်နေ ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းတွင် မူလကရေ အောက်ဥမင်ကားလမ်းများပါ ထည့်သွင်း တည်ဆောက်ရန်စီစဉ်ခဲ့သော်လည်း နည်း ပညာပိုင်းဆိုင်ရာ အခက်အခဲရှိခဲ့သည့်အတွက် မပါဝင် တော့ကြောင်း သိရသည်။ တံတားစီမံကိန်း ပြီးစီးလျှင် ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ မြို့ နယ်များ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်မှု ရှိ လာနိုင်မည့်အပြင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့အချို့ကိုပါ သယ်ယူပို့ ဆောင်ရေးကောင်းမွန်လာနိုင်ကြောင်း ဝါ ရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံး သပ်ပြောကြားသည်။
Ref : Pyi Myanmar
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ