By 7daydaily, Shweproperty.com
Updated at 30 October 2015
ရန်ကုန်-ဒလ တံတား တည်ဆောက်ရေး စီမံကိန်းအ တွက် ကိုရီးယားနိုင်ငံမှ ချေးငွေ ပေးအပ်ရန် နိုဝင်ဘာ ၁၄ ရက် တွင် မြန်မာအစိုးရနှင့် စာချုပ်ချုပ် ဆိုမည်ဖြစ်ကြောင်း ဆောက်လုပ် ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက ပြောသည်။
‘‘နိုဝင်ဘာ ၁၄ ရက်မှာ ချေး ငွေအတွက် ကိုရီးယားနဲ့ မြန်မာလက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်’’ ဟု ဦးကျော်လင်းက ဆို သည်။ လတ်တလောတွင် စီမံကိန်းစတင်ရန် တံတားစီမံကိန်းအနီးမှ မလွတ်ကင်းသည့်နေအိမ်၊ ဈေးဆိုင်ခန်း၊ စာသင်ကျောင်းများ၊သာသနိက အဆောက်အအုံများ ပြောင်းရွှေ့ခြင်း၊ လျော်ကြေးပေး အပ်ခြင်းများ အမြန်ဆုံး ဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးကျော် လင်းက ဆိုသည်။
နိုင်ငံတော် သမ္မတ၏ ကိုရီးယားနိုင်ငံ ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိလာသည့် ရန်ကုန်-ဒလ တံတားစီမံကိန်းမှာ ယခုနှစ် ကုန်တွင် စတင်ဖွယ်ရှိပြီး ကိုရီးယားအစိုးရက ပေးအပ်သည့် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော် ပေးအပ်ရန် နိုဝင်ဘာ ၁၄ ရက်၌ နှစ်ဖက်အစိုးရစာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၃၀ ကျော်ကို အတိုးနှုန်း ၀ ဒသမ ၀၁ရာခိုင်နှုန်းဖြင့် ဆိုင်းငံ့ကာလ ၁၅နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ် သတ်မှတ်ကာ တစ်နှစ်လျှင် နှစ်ကြိမ်ပေးဆပ်ရမည်ဖြစ်သည်။
တံတားအရှည် ၂၂၄၃ မီတာရှည်ပြီး စီမံကိန်းကာလကို ငါးနှစ်ကျော် သတ်မှတ်ထားကာ အလျင်အမြန် ပြီးစီးနိုင်ကြောင်း ကိုရီးယားအစိုးရက ခန့်မှန်းထားသည်။ တံတားကို ရန်ကုန်မြို့ ဘုန်းကြီးလမ်းထိပ်မှ အခြေယူ ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ ကမ်းနားလမ်း တို့ကိုဖြတ်ပြီး ဒလဘက်ကမ်း ဗိုလ်မင်းရောင် လမ်းထိပ်အထိ ဆက်သွယ်တည်ဆောက်မည် ဖြစ်သည်။
တံတားစီမံကိန်း ဒီဇိုင်းရေး ဆွဲ၊ တည်ဆောက်ခြင်းများကို ကိုရီးယားနိုင်ငံက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ နိုင်ငံမှ လုပ်သားများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းရရှိ မည့် အခြေအနေတစ်ခု ဖြစ်သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ