By လဲ့မို့, Shweproperty.com
Updated at 4 June 2012
မြစ်ကူးတံတား ဆောက်လုပ်မယ့်သတင်း ထွက်ပေါ်လာပြီးနောက် ဒလမြို့နယ်က အိမ်ခြံမြေဈေးနှုန်းတွေ ၁၀ ဆခန့် မြင့်တက်သွားတယ်လို့ သိရပါတယ်။“ဒလမြို့နယ်ထဲမှာ အိမ်ခြံမြေဈေးတွေ တက်နေတော့ အဲ့ဒီမြို့နဲ့ဆက်စပ်နေတဲ့ နယ်ဘက်တွေမှာလည်း လိုက်ဝယ်ကြတယ်” လို့ ယူနီတီအိမ်ခြံမြေမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒလမြို့နယ် အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၁ ခုနှစ်ဇွန်လပိုင်းက စတင်ကာ အရောင်းအဝယ်ဖြစ်တာတွေ ရှိခဲ့ပေမယ့် မြစ်ကူးတံတားဆောက်မယ့် သတင်းတွေထွက်လာပြီးနောက်ပိုင်းဝယ်ရောင်းတွေ ဝင်ရောက်လာပြီး ဈေးနှုန်းတွေမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
ဒလမြို့တွင်း ရပ်ကွက်တွေမှာ အိမ်ခြံမြေဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာတာကြောင့် ဒလမြို့နယ်နဲ့ အနီးဝန်းကျင်ရှိ ပျော်ဘွယ်လေးကျေးရွာမှာလည်း မြေကွက်တွေ ဧကအလိုက် အရောင်းအဝယ်ဖြစ်နေပါတယ်။ အရင်က တစ်ဧကကို ကျပ် ၁၇ သိန်းဝန်းကျင်ကနေ အခုအခါကျပ်သိန်း ၄၀ ကနေ ၅၀ အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
“မြစ်ကူးတံတား ဆောက်မယ်ဆိုတဲ့ အသံတွေကြောင့် အဝယ်လိုက်လာပြီး ဈေးတွေလဲ တက်ကုန်တယ်၊ တစ်မြို့လုံးနီးပါးပဲ၊ လူမျိုးပေါင်းစုံလည်း အဝယ်ဆင်းတယ်” လို့ အာရှမြေယာအိမ်ခြံမြေမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြို့တွင်းကနေ လူနေတိုးချဲ့ရပ်ကွက်တွေဖြစ်တဲ့ ကျန်စစ်သားရပ်ကွက်၊ ရာဇသကင်္နြ်ရပ်ကွက်တွေမှာ အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်လာနေသလို ဆိပ်ကမ်းနဲ့ အနီးဆုံးနေရာတွေမှာလည်း အဝယ်လိုက်နေပါတယ်။ ပေ ၂၀ ပတ်လည် မြေကွက်တစ်ကွက်ကို ကျပ်သိန်း ၇၀ အထိ ပေါက်ဈေးဖြစ်ပေါနေတယ်လို့ သိရပါတယ်။Source : ကုမုဒြာ
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ