By အေးဝိုင်အီး, Shweproperty.com
Updated at 14 December 2013
ရန်ကုန်မြို့တွင်းခြောက်မြို့နယ်ရှိ ရှေးဟောင်း အဆောက်အအုံကြီးများ တစ်ဝိုက်နှင့် မြို့ပြအမွေအနှစ်ဇုန်များ တစ်ဝိုက်တွင် ၁၂ထပ် ထက်မပိုသော အဆောက်အအုံများသာ ဆောက်လုပ်ခွင့် ပြုတော့မည်ဟု မြို့တော်စည်ပင်က ထုတ် ပြန်ကြေညာသွားဖွယ်ရှိနေကြောင်း သိရ ကာယင်းအခြေအနေကြောင့် မြို့တွင်း၌ မြေပိုင်ရှင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များတွင် နစ်နာ မှုများရှိလာနိုင် ကြောင်း ၇-၁၂-၂ဝ၁၃ ရက်က သတင်း ရရှိသည်။
တရားဝင်ထုတ်ပြန်ကြေညာခြင်းမ ရှိသေးသော်လည်း အထပ်မြင့် အဆောက် အအုံဆောက်လုပ်ခွင့် တင်ကြသူများထံမှ သတင်းများ အရယင်းကဲ့သို့ အခြေအနေ မျိုးကို ကြုံတွေ့ရတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လာခြင်းဖြစ်ကာ ဆောက်သင့်သလောက် ဆောက်ခွင့်မရပါက မြေပိုင်ရှင်များ နှင့် လုပ်ငန်းရှင်များ အတွက် အခက်တွေ့စေနိုင်သည် ဟုသိရသည်။
''အရင်ဝန်ကြီးများ ရုံးနဲ့မဝေးလှတဲ့ လမ်းမကြီးတစ်လမ်းပေါ်မှာ အထပ်မြင့် ဆောက်ခွင့်လျှောက်တာ ဝန်ကြီးများရုံးနဲ့ နီးတယ်ဆိုပြီး ရှစ်ထပ်လောက်ပဲ ရနိုင်တယ် လို့ မြို့တော်စည်ပင်က သိရတယ်။ ကျွန် တော်တို့က ၁၈ ထပ်လောက်အထိ နိုင်ငံ တကာအဆင့်မီဆောက်နိုင်လို့ ဆောက်ခွင့် ရချင်တာ ''ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
မြို့တွင်းခြောက်မြို့နယ်တွင် ကန့်သက်ချက်များ ပိုမိုများလာနေပြီး ယခင် ဆောက်လုပ်ခွင့် ရထာသူများက အထပ် ၃ဝ ခန့်ဆောက်လုပ်ခွင့် ရနေချိန်တွင် ယခုနောက်ပိုင်း တင်မည့်သူများ က ၁၀ထပ် အထက်ပင်မလွယ်ကူလှတော့သော အခြေအနေများဖြင့် ကြုံတွေ့ နေရသည် ဟု သိရသည်။
''ကျွန်တော်ထင်တယ် နောက်ဆိုရင် မြို့ထဲဧရိယာမှာ ၁၂ ထပ်အထက် အသစ် ဆောက်လုပ်မှာတွေ သိပ်မြင်ရမှာမဟုတ် တော့ဘူး''ဟု ၎င်းက ဆက်လက်ပြော ကြားသည်။ Yangon Heritage Trust မှ ဥက္ကဌ ဒေါက်တာ သန်းမြင့်ဦး၏ ပြည်မြန်မာနေ့စဉ် သတင်းစာနဲ့ တွေ့ဆုံမေးမြန်း တစ်ခုတွင် "အထပ်မြင့် နှင့် ရှေးဟောင်းယဉ်ကျေးမှုဇုန်ကို စနစ်တကျဖြင့် ယှဉ်တွဲ တည်ဆောက် ၍ ရနိုင်ကြောင်း ရှေးဟောင်းသို့မဟုတ် ယဉ်ကျေးမှုဇှုန် များကြောင့် အထပ်မြင့်ဆောက်လုပ်ခွင့်ကို တစ်စုံတရာ မထိခိုက်နိုင်ကြောင်း " ပြောကြားထားသည် ကို တွေ့ရကာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ နှင့် မြို့တွင်းမြေယာ ပိုင်ဆိုင်ထားသူများအတွက် လိုအပ်သလို ထည့်သွင်းစဉ်းစားပေးရန် လိုအပ်နေသည်ဟု မြို့တွင်းရှိ အထပ်မြင့်ဆောက်ရန်မြေပိုင်ဆိုင်ထားကြသူများက သုံးသပ်ပြောကြားသည်။
ရန်ကုန်မြို့တွင်း ၌ အထပ်မြင့်များကို ဆောက်လုပ်ခွင့်ရနိုင်သမျှ မြို့ပြအမွေ အနှစ်များကိုလည်း ထိခိုက်မှု မရှိဘဲ စနစ်တကျဖြင့် လွတ်လပ်စွာတည်ဆောက်ခွင့်ပေးပါက ယင်းအဆောက်အအုံသစ်များတွင် နေထိုင်မည့်သူများအနေဖြင့် မြို့ပြင် မှ မြို့တွင်းသို့ ကားဖြင့်လာရောက်မှု များသက်သာစေပြီး ယာဉ်ကြောပိတ် ဆို့မှုကိုလည်း လျှော့ချပေးရာရောက် ကြောင်းလည်း လုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။
Ref : ပြည်မြန်မာ
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ