By ဖိုးတုတ်(လှည်းတန်း), Shweproperty.com
Updated at 5 December 2012
ရန်ကုန်မြို့ လုံးချင်းတိုက်များမှာ အရောင်းအငှားဈေးကွက်မှာ ဈေးနှုန်းကောင်းမွန်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
'' အင်းယားမြိုင်လမ်းသွယ်မှာ ပေ ၆ဝ xပေ ၁ဝဝနှစ်ထပ်တိုက် တစ်လကိုသိန်း ၃ဝ ပြီးရင် ဘောက် ထော်မှာ ဝ.၅ ဧက အကျယ်နှစ်ထပ် တိုက် ဆိုရင် အမေရိကန်ဒေါ်လာ ၃ဝဝဝဝအထိဈေးရှိတယ်။ အားလုံး နှစ်ချုပ်ကြီးပဲ''ဟု မြဧကရီ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုအောင် ဇော်ထိုက်ကပြောသည်။
''မရမ်းကုန်းမှာ လုံးချင်းအိမ်က အနည်းဆုံး သိန်း ၁၂ဝဝ ကနေ အများဆုံး သိန်း ၂ဝဝဝဝ အထိ ဈေးပေါက်တယ်။ လမ်းအနေ အထား၊ ဘိုးဘွားပိုင်ဂရန်၊ အထူး ဂရန်ပေါ်မူတည်ပြီး ဝယ်သူ ကြိုက် ဈေးပေးဝယ်တယ်''ဟု မရမ်းကုန်း မြို့တွင်နေထိုင်သူ အိမ်ခြံမြေအကျိုး ဆောင် မသူသူက ဆိုသည်။
''ပါရမီလမ်းမမှာ ပေ ၂၅ ပေ ၅ဝ တယ်လီဖုန်းပါတယ်။ ၃ သိန်း ခွဲဈေးရှိတယ်။ ရွှေတောင်ကြားရိပ် သာထဲမှာ ပေ ၆ဝx ပေ ၁ဝဝ နှစ် ထပ်တိုက်ဆိုရင် အမေရိကန် ဒေါ်လာ ၆၅ဝ ဈေး၊ စမ်းချောင်း မြေနီကုန်းက ပေ ၃၃x ပေ ၆ဝ ခြောက်ထပ်တိုက် တစ်တိုက်လုံး ကို ၇၅ သိန်း၊ ကမ္ဘာအေးဘုရား လမ်းပေါ်ကတိုက်ဆိုရင်သိန်း ၁၅ဝ အထိဈေးရှိတယ်။ အားလုံး နှစ်ချုပ် ပါ''ဟု Perfect World မှ ကိုနိုင် ကပြောသည်။
အင်းစိန်မြို့နယ်တွင်းရှိ ဘိုးဘွားပိုင်မြေ ပေ ၁၃ဝ ပတ်လည် တစ်ထပ်တိုက် ကျပ်သိန်း ၄ဝဝဝ ကျော်ဈေးရှိပြီး ၁ဝ မိုင်ကုန်းတွင် လည်း ဂရန်ပေါင်း ပေ ၁၂ဝ ပတ်လည်တစ်ထပ်တိုက်ဈေးမှာ သိန်း ၁ဝဝဝဝ ဝန်းကျင် ဈေးရှိကြောင်း အင်းစိန်မြို့နေ အိမ်ခြံမြေ အကျိုး ဆောင် ကိုအောင်ကပြောသည်။
မကြာခင်ဖော်ဆောင်မည့် မြောက်ဒဂုံ၊ တောင်ဒဂုံမြို့နယ် ရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ကြောင့် အိမ်ခြံမြေ ဈေးကွက်များ အပြောင်းအလဲဖြစ်နိုင်ကြောင်း အကျိုးဆောင်များမှ သုံးသပ်ကြသည်။
Source : Venus News
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ